သက်ရှိရယ်လို့ ဖြစ်လာရင် ချစ်တင်းနှော ခြင်းဖြစ်စဥ်သည် ရှောင်လွှဲလို့မရတဲ့ ဓမ္မတာအရာတစ်ခု ဖြစ်ပါတယ်။ အသိဥာဏ် ကြွယ်ဝတဲ့ လူသားများအတွက် ချစ်တင်းနှော ခြင်းဖြစ်စဥ်သည် ချစ်စိတ်မွှန်နေတဲ့အချိန်မှာ ရှက်စရာလို့ မမြင်ပေမယ့် ပုံမှန် အသိစိတ်ကပ်တဲ့ အချိန်မှာတော့ ရှက်စရာတစ်ခုလို့ ပြောင်းလဲမြင်သွားတတ် ကြပါတယ်။ ချစ်တင်းနှော ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့ အယူ အဆ အလွဲများကလည်း ကွီးတို့ရဲ့ ကျန်းမာရေးကို အနှောင့်အယှက် ဖြစ်စေပါသေးတယ်။

ဘယ်လို အယူအဆအလွဲတွေလည်းဆိုတော့…

(၁) ဘေးအန္တရာယ် ကင်းကင်း ချစ်တင်းနှော မယ်ဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရတော့ဘူးဆိုတဲ့ အယူ အဆ

couple

ကွီးတို့က ကွန်ဒုံး အသုံးပြုပြီး ချစ်တင်းနှောလို့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရဘူးလို့ ထင်မှတ်နေရင် မှားသွားပါလိမ့်မယ်။ ကွန်ဒုံး အသုံးပြုသည့် တိုင်အောင် ရောဂါပိုးရှိသူရဲ့ သွေး၊ ချွေးကနေတဆင့်လည်း ကူးစက်နိုင်ခြေ ရှိနေပါသေးတယ်။ အဲ့ဒါကြောင့်မို့လို့ ကွီးတို့ရော၊ ကွီးတို့ ပါတနာရော ကျန်းမာရေး စစ်ဆေးမှုကို ပုံမှန် ခံယူထားဖို့ လိုအပ်ပါတယ်။​

(၂) တစ်ကိုယ်ရည် အာသာဖြေခြင်းက မကောင်းဘူးဆိုတဲ့ အယူအဆ အလွဲ

ချစ်တင်းနှော အယူ

ဘာသာရေးနှင့် ရိုးရာယဥ်ကျေးမှုရဲ့ ချုပ်နှောင်ထားမှုတွေကြောင့် တစ်ကိုယ်ရည် အာသာဖြေမိရင် အပြစ်ကြီးတစ်ခု ပြုလုပ်မိသယောင်ယောင် စိတ်ကြီး ဝင်သွားတတ်ပါတယ်။ တကယ်တော့ တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ပုရိသတို့ရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အခြားသူတစ်ဦးတစ်ယောက်ကို မထိခိုက်သရွေ့ တစ်ကိုယ်ရည် အာသာဖြေခြင်းသည် အပြစ်မရှိတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းအားဖြင့် ကွီးတို့သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ အများကြီး ရရှိပိုင်ဆိုင်နိုင်ပါတယ်။​

(၃) လိင်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ကူးစက်ခံရတဲ့အခါ ကိုယ့်ဘာသာ ဆေးမြီးတိုနဲ့လည်း ကုသလို့ ရနိုင်တယ်

ချစ်တင်းနှော အယူ

ဒီအချက်ကတော့ (လုံးဝ) ကို မှားယွင်းတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ဘာသာ ဆေးမြီးတိုတွေနဲ့ တစ်ယောက်တည်း ရမ်းသမ်းကုသနေလို့ကတော့ တစ်သက်လုံး ပျောက်လာနိုင်မှာ မဟုတ်ပါဘူး။ အခြေအနေက ပိုတောင် ဆိုးသွားပြီး ရောဂါက ပိုပြင်း သွားနိုင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ရောဂါ တစ်ခုခု ခံစားရပြီဆိုရင် ရှက်ကြောက်မနေဘဲ ဆရာဝန်ထံ အမြန်ဆုံး သွားပြကာ ကုသမှု ခံယူသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတာတွေကို လိုက်နာနိုင်သမျှ လိုက်နာပြီး မြန်မြန် ကုသမှု ခံယူသင့်ပါတယ်။

ကွီးတို့ သိထားတဲ့ အချက်အလက်တွေကရော မှန်ကန်နေတယ်လို့ ထင်ပါသလား။

Source: Onlymyhealth

Featured Image: Freepik