ကွီးတို့နဲ့ ကွီးတို့ရဲ့ ရှော်တီလေးကြားမှာ ချစ်တင်းနှော ခြင်း ကိစ္စနဲ့ ပတ်သက်လာရင် ရှက်ကြောက်နေလို့ မရပါဘူး။ နှစ်ဦးသား ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့အတွက် ချစ်ကြည်နူးဖို့ကောင်းတဲ့ ချစ်တင်းနှော ခြင်း ခံစားချက်ကို ခံစားရရှိမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ တစ်ခါ တစ်ခါ ချစ်တင်းနှော ဖို့အရေး ကွီးတို့ကပဲ ဦးဆောင် နေရတယ်ဆိုရင်တော့ အခြေအနေ မကောင်းပါဘူး။

ချစ်တင်းနှော ဖို့ရန်အတွက် ကွီးကချည်းပဲ ဦးဆောင် နေရတာ မဟုတ်ဘဲ တစ်ယောက် တစ်လှည့် ဦးဆောင်မယ်ဆိုရင်တော့ ပျော်ရွှင်စရာ အတိပြီးတဲ့ ချစ်တင်းနှော ခြင်း အတွေ့အကြုံကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ကွီးတို့ ရှော်တီလေးကို စိတ်ပါလာအောင်၊ သူ့ဘက်က အရင်ဦးဆုံး စတင် ဦးဆောင်အောင် ဘယ်လို ကြိုးစားရမလဲ။​

နှိုးဆွပေးဖို့ လိုအပ်ပါတယ်

couple on bed

သူ(မ) ဦးဆောင်ဖို့ဆိုရင် အရင်ဦးဆုံး သူ(မ)ဘက်က စိတ်ပါ လက်ပါ ရှိဖို့ လိုအပ်ပါတယ်။ သူ(မ) ဘက်က ချစ်တင်းနှော ချင်စိတ် မရှိသေးရင် ကွီးတို့ဘက်က အရင်ဦးဆုံး စတင်နိုင်ပါတယ်။ သူ(မ) နားသယ်နားကို တီးတိုး စကားပြောတာမျိုး၊ Dirty Talk လို့ ခေါ်တဲ့ 18+ ဆန်ဆန် စကားလုံးတွေနဲ့ သူ(မ) စိတ်ကြွလာအောင် ဖန်တီးပေးတာမျိုး (သို့) သူ(မ)နဲ့ အသားချင်း ထိကပ်ပြီး Skin Ship ပြုလုပ်တာမျိုးကို လုပ်ဆောင်နိုင်ပါတယ်။ ကွီးတို့ ကောင်မလေးက ဘယ်လို နည်းလမ်းမျိုးနဲ့ဆို စိတ်ပါလာတတ်သလဲဆိုတာကိုတော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

သူ(မ)က ဘာကို ကြိုက်တတ်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်

ချစ်တင်းနှော ဦးဆောင်

ကွီးတို့ ရှော်တီလေးက ဘာကြိုက် တတ်သလဲဆိုတာကို သိထားဖို့ လိုအပ် ပါတယ်။​ ဆိုလိုတာကတော့ ကွီးတို့ ကောင်မလေးက C Type လို့ခေါ်တဲ့ Clitoris နဲ့ ပြီးမြောက်သွားသူလား (သို့) V Type လို့ ခေါ်တဲ့ Vaginal နဲ့ ပြီးမြောက်သွားသူလား ဆိုတာကို သိထားရပါမယ်။ ကွီးတို့ ရှော်တီလေးရဲ့ အကြိုက်အပေါ် လိုက်ပြီး လုပ်ဆောင်တတ်ဖို့ လိုအပ် ပါတယ်။

သူ(မ)ကို ကွီးတို့ ပေါင်ပေါ်မှာ ထိုင်ခိုင်းစေပြီး ဦးဆောင်စေပါ

ချစ်တင်းနှော ဦးဆောင်

သူ(မ) မ ဦးဆောင်ရတဲ့ အကြောင်းအရင်က (၂) မျိုး ဖြစ်နိုင်ပါတယ်။ ကွီးတို့ ဦးဆောင်တာကိုပဲ နှစ်သက်တာလား (သို့) သူ(မ) က မဦးဆောင်တတ်တာလား။ ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်နေပါစေ၊ ကွီးတို့က မသိမသာလေး ဦးဆောင်ခိုင်းလို့ရပါတယ်။ ဥပမာ ပြောရရင် ကွီးတို့ ပေါင်ပေါ် သူ(မ)ကို ထိုင်ခိုင်းစေပြီး ဦးဆောင်ခိုင်းတာမျိုး ပြုလုပ်နိုင်ပါတယ်။ အဓိကက ကွီးတို့က သူ(မ)ကို အတင်းကြီး ဖိအားပေးတာမျိုး မဟုတ်ဘဲ သူ့ အလိုလို သဘာဝအတိုင်း စိတ်ပါလာအောင် ဖန်တီးပေးဖို့ပါပဲ။ သူ(မ) စိတ်ပါလာပြီဆိုရင်တော့ သူချည်းပဲ ဦးဆောင် သွားပါလိမ့်မယ်။

ကွီးတို့ဆီမှာရော ဘယ်လို အကြံဥာဏ် ကောင်းတွေ ရှိပါသလဲ။

Source: Everydayhealth.com

Featured Image: Shopgiejo