ဖွားဖက်တော် ကျန်းမာရေးအတွက် လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် လိင်မဆက်ဆံမီမှာ ဖွားဖက်တော်ကို လုံးဝမလုပ်သင့်တဲ့ အပြုအမူတွေကို ကွီးတို့ သိထားဖို့ လိုမှာပါ။ ဘယ်အချက်တွေ ဖြစ်မလဲဆိုတာ ကွီးတို့ လေ့လာကြည့်လိုက် ရအောင်ပါ။

(၁) ဖွားဖက်တော်ကို အတင်းအကျပ် ဆွဲဆန့် ၊ ကွေးညွှတ်တာမျိုး မလုပ်ပါနဲ့

Banana

Photo : Healthline

ကွီးတို့ရဲ့ လိင်တံကို ဖိအားပြင်းပြင်း သက်ရောက်စေမယ့် အပြုအမူတွေကို ရှောင်ရပါမယ်။ ဥပမာအားဖြင့် လိင်တံကို ဆွဲဆန့်တာ ၊ အတင်းအကျပ် ကွေးညွှတ်တာ ၊ လိမ်ခေါက်တာတွေပါ။ ဒီလိုအပြုအမူတွေဟာ ချစ်တင်းနှောတဲ့အခါ ထောင်မတ်မှုကို လျှော့ကျစေနိုင်သလို အခန့်မသင့်ပါက ပြင်းထန်တဲ့ ဒဏ်ရာအနာတရ ရသွားစေနိုင်ပါတယ်။

(၂) ချောဆီ တိုက်ရိုက် မလိမ်းပါနဲ့

Lube

Photo : The Butters Hygienics Co.

ကွန်ဒုံးနဲ့ တွဲဖက်အသုံးပြုမယ့် သူတွေကတော့ ပြဿနာ မရှိပါဘူး။ အကယ်၍ အတူနေချိန်မှာ ကွန်ဒုံးမသုံးဘူးဆိုရင် မဆက်ဆံမီ လိင်တံကို ချောဆီကြိုလိမ်းတာမျိုး မလုပ်သင့်ပါဘူး။ ချောဆီဟာ လိင်အင်္ဂါကို တိုက်ရိုက်လိမ်းတဲ့အခါ စေးကပ်မှုကို ဖြစ်စေတက်သလို ဓာတ်မတည့်တဲ့ ပြဿနာရှိသူတွေမှာဆိုရင်လည်း အဖုအပိန့်တွေထွက်တာ သို့မဟုတ် ပိုးဝင်တာတွေ ဖြစ်တက်ပါတယ်။

(၃) ပြင်းပြင်းထန်ထန် တစ်ကိုယ်ရည် အာသာမဖြေပါနဲ့

Photo : Yahoo

အတူမနေခင်မှာ ကိုယ်တိုင်ဖြစ်စေ ၊ ကွီးတို့ရဲ့ ပါတနာ အကူအညီနဲ့ဖြစ်စေ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ပြင်းပြင်းထန်ထန် ၊ ကြမ်းကြမ်းတမ်းတမ်း လုပ်စေတာမျိုး ရှောင်ကြဉ်ရပါမယ်။ ဖွားဖက်တော် ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာဟာ လိင်တံမှာရှိတဲ့ တစ်သျှူးတွေကို ပျက်စီးစေတက်သလို လိင်တံတဝိုက်က ခံစားမှု အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(၄) အပြင်းစား ဆပ်ပြာတွေနဲ့ မဆေးပါနဲ့

Banana

Photo : Elink.io

အတူမနေခင် တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် ဖွားဖက်တော် ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ရေနဲ့ အပျော့စား ဆပ်ပြာသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဓာတုပစ္စည်းပါတဲ့ ဆပ်ပြာတဲ့ ၊ မွှေးရနံ့ ထည့်ထားတဲ့ ဆပ်ပြာတွေနဲ့ ခေါင်းလျှော်ရည်တွေကို လုံးဝမသုံးသင့်ပါဘူး။ အပြင်းစား ဆပ်ပြာတွေနဲ့ ခေါင်းလျှော်ရည်လို ပစ္စည်းတွေဟာ လိင်တံအရေပြားကို ထိခိုက်စေတက်ပြီး နီမြန်းယောင်ရမ်းတာ ၊ အဖုအပိန့်တွေ ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။

Source : Thehealthsite

Featured Photo : Exposed Skin Care