တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အရွယ်ရောက်ပြီးသား လူတိုင်းနဲ့ မစိမ်းတဲ့ သဘာဝကိစ္စတစ်ခုပါပဲ။ အများစု ဝန်မခံကြပေမယ့် တစ်ကိုယ်ရည် အာသာဖြေခြင်းကို မနှစ်သက်တဲ့သူ ခပ်ရှားရှားရယ်ပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းက ကျွန်တော်တို့ရဲ့ လိင်မှုဆိုင်ရာ နှစ်သက်မှုတွေကို ရှာဖွေတွေ့ရှိဖို့နဲ့ မိမိခန္ဓာကိုယ်အကြောင်း ပိုမိုသိရှိနားလည်စေဖို့ ကူညီပေးပါတယ်။ စိတ်ခံစားမှုကောင်းမွန်စေတာ ၊ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးစိတ်မြင့်မားစေတာ ၊ ပျော်ရွှင်မှုဟော်မုန်းတိုးစေတာ ၊ ကောင်းမွန်စွာ အိပ်ပျော်စေတာ ၊ စိတ်ဖိစီးမှုလျော့စေကျတာတွေအပြင် တခြားသော အကျိုးကျေးဇူးများစွာလည်း ရရှိစေပါတယ်။ နောက်တစ်ချက်ကတော့ အတူမနေခင် တစ်ကိုယ်ရည် အားသာဖြေခြင်းက အချိန်ကြာကြာစွမ်းဆောင်နိုင်ဖို့ ကူညီပေးနိုင်တယ်လို့ တော်တော်များများ လက်ခံထားကြပါတယ်။ ဒါဟာတကယ်ပဲ အလုပ်ဖြစ်ရဲ့လား ? ချစ်ပွဲမဝင်ခင် ကြိုတင် တစ်ကိုယ်တော် သိုင်းကျင့်ထားခြင်းက ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးပေးချင်ပါတယ်။

(၁) ဖိအားတွေ သက်သာစေတယ်

Couple in Bed

Photo : Men’s Health

အမှန်တကယ် ချစ်ပွဲမဝင်ခင် ကြိုတင် တစ်ကိုယ်တော် သိုင်းကျင့်ထားမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ လိင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို သိသိသာသာ လျော့ကျသွားစေတာ တွေ့ရပါတယ်။ စိတ်ရဲ့ တင်းကြပ်မှုတွေ အားလုံးပြေလျော့သွားတဲ့အတွက် အတူနေတဲ့အခါမှာ စွမ်းဆောင်ရည်ကောင်း ကောင်း ပိုမိုပြသနိုင်မှာ ဖြစ်ပါတယ်။ လိင်မဆက်ဆံခင် တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေကို ပြေလျော့သွားစေပြီး သင်ရော သင့်ပါတနာ နှစ်ဦးလုံးအပေါ် သာယာပျော်ရွှင်မှု အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

(၂) အချိန်မတိုင်မီ သုတ်လွှတ်စောတဲ့ ပြဿနာကို ကာကွယ်ပေးတယ်

Couple in Bed

Photo : BabyCenter

လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ သို့သော်လည်း များသောအားဖြင့် အမျိုးသားတွေမှာ ပထမတစ်ကြိမ် သုတ်လွှတ်ပြီးတဲ့အခါ နောက်ထပ် ဒုတိယတစ်ကြိမ် အထွတ်အထိပ်ကို ရောက်ဖို့ကြားမှာ အချိန်အနည်းငယ် ကြာတက်ပါတယ်။ ဒါကြောင့်ပဲ အတူမနေခင် တစ်ကိုယ်တော် သိုင်းကျင့်ထားမယ်ဆိုရင် နောက်ထပ်တစ်ကြိမ် သုတ်လွှတ်ဖို့အချိန် ကြာမြင့်သွားစေပြီး အချိန်မတိုင်မီ သုတ်လွတ်စောတဲ့ ပြဿနာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အချိန်မတိုင်မီ သုက်လွှတ်စောတဲ့ ပြဿနာခံစားနေရတဲ့ အမျိုးသားတွေအနေနဲ့ ဒီနည်းလမ်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၃) အထွတ်အထိပ် ခံစားမှုရစေတယ်

Couple in Bed

Photo : Promescent

ပါတနာနဲ့အတူမနေမီ တစ်ကိုယ်တော် အာသာဖြေခြင်းဟာ စိတ်ခံစားမှုကို ပိုကောင်းစေပြီး အထွတ်အထိပ် ခံစားမှုရစေဖို့ ကူညီပေးပါတယ်။ လေ့လာမှုတွေအရ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကနေတဆင့် အထွတ်အထိပ်ရောက်ဖို့ ခက်ခဲသူတွေအနေနဲ့ အတူမနေခင်မှာ ကြိုတင် တစ်ကိုယ်ရည် အာသာဖြေထားခြင်းဟာ လိင်ဆက်ဆံချိန်မှာ ပိုမိုကောင်းမွန်တဲ့ ခံစားမှုနဲ့ အထွတ်အထိပ်ကို ရောက်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်းမှု တိုးစေတဲ့အတွက် အတူနေချိန်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ စိတ်လှုပ်ရှားဖွယ် ဖြစ်စေမှာပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ကိုယ့်ပါတနာနဲ့အတူတူ ပြုလုပ်နိုင်ပြီး ဒါဟာ နှစ်ဦးသားရဲ့ ရင်းနှီးမှုကို ပိုတိုးစေဖို့ ကူညီပေးကာ အတူနေချိန်မှာ ပျော်ရွှင်ကြည်နူးဖွယ် ခံစားချက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : The Sun