လူနှစ်ယောက် ဆက်ဆံရေးတစ်ခုကို အကောင်းဆုံး တည်ဆောက်ဖို့က ခက်ခဲနိုင်ပေမယ့် အဆုံးသတ်လိုက်ဖို့ ကတော့ သိပ်လွယ်ပါတယ်။ လမ်းခွဲ တယ်ဆိုတာ ဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်ရုံ တစ်ခုတည်းသာ မဟုတ်ပါဘူး။ လမ်းခွဲပြတ်ဆဲမှုနောက်မှာ သင့်ကိုယ်သင်တန်ဖိုးထားမှုတွေ ၊ ချစ်ခင်ကြင်နာမှုတွေပါ အားလုံး ပျက်စီးသွားနိုင်ပြီး အကယ်၍ ကွီးတို့က ရည်းစားဟောင်းအပေါ်မှာ ချစ်နေသေးတယ်ဆိုရင် ဒါဟာ ကွီးတို့ရဲ့စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ လမ်းခွဲခြင်းကြောင့် နာကျင်ခံစားနေရတာတွေ အတက်နိုင်ဆုံး သက်သာပြီး ကွီးတို့ကို ပိုသန်မာလာအောင် ဆက်လုပ်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) ဆက်သွယ်မှုတွေ အားလုံးဖြတ်လိုက်ပါ

Photo : Living Color Healing

လမ်းခွဲပြီးနောက်မှာ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပထမဆုံးလုပ်ရမယ့် အရာပါ။ အဆက်အသွယ် အားလုံးကို ဖြတ်တောက်လိုက်တာက Move On လုပ်နိုင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်ပါတယ်။ ဖုန်းခေါ်နေတာတွေ ၊ စာပို့နေတာတွေ ၊ ရည်းစားဟောင်းရဲ့ ဆိုရှယ်မီဒီယာပေါ်က လှုပ်ရှားမှုတွေကို လိုက်ကြည့်နေတာတွေ အားလုံးရပ်တန့်ပြီး သင့်ကိုယ်သင်ပဲ အာရုံစိုက်ရမယ့်အချိန် ဖြစ်ပါတယ်။

(၂) အတိတ်ကို မေ့ထားလိုက်ပါ

Stressed Man

Photo : Psychology Today

လမ်းခွဲ ပြတ်ဆဲမှုတစ်ခုမှာ လူတော်တော်များများကို ပူလောင်နေစေတဲ့ အချက်က အတိတ်နဲ့ ပတ်သတ်တဲ့ နောင်တတွေ ၊ ဒေါသတွေ ကြောင့်ပါပဲ။ အတိတ်က ဖြစ်ရပ်တွေကို ပြန်တွေးပြီး ကွီးတို့ မှားခဲ့တဲ့ အမှားအတွက် ဘာတွေလုပ်နိုင်သေးလဲ ဆိုတာကို အမြဲတွေးနေမိတာမျိုး ဒါမှမဟုတ် ကွီးတို့ ရည်းစားဟောင်းရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ဒေါသထွက်နေတာမျိုး ဖြစ်နေမယ်ဆိုရင် ရုန်းထွက်ဖို့ ပိုခက်သွားပါလိမ့်မယ်။ မလွယ်ကူတာ မှန်ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အရာတိုင်းကို မေ့ထားလိုက်ပြီး လက်ရှိကိုပဲ အကောင်းဆုံး အာရုံစိုက်ထားတာက ကွီးတို့ကို သက်သာစေမယ့် မှန်ကန်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

(၃) လက်တွေ့ဆန်လိုက်ပါ

Stressed Man x

Photo : Bryan Stoudt

သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ လက်တွေ့ဆန်မှုနဲ့ စိတ်ကူးယဉ်ဆန်တဲ့ မျှော်လင့်ချက်တွေဟာ အမြဲတမ်းအတူ ယှဉ်တွဲပြီး ဖြစ်တည်နေတာပါ။ လမ်းခွဲပြီးတဲ့ နောက်မှာတော့ လူတွေဟာ လက်တွေ့ထက် စိတ်ကူးယဉ်မှုကို ပိုစွဲကိုင်ထားတက် ကြပါတယ်။ မျှော်လင့်ချက် ကြီးကြီးထားတဲ့သူဟာ ပိုပြီး ခံစားရစမြဲပါ။ ဒါကြောင့် မဖြစ်နိုင်တော့တဲ့ စိတ်ကူးယဉ်ဆန်မှုတွေ ၊ မျှော်လင့်ချက်တွေကို လျှော့ချပြီး လက်ရှိမှာ ကွီးတို့ ဘာကြောင့် အဆုံးသတ် လိုက်ရတယ် ၊ လမ်းခွဲ ပြတ်ဆဲသွားကြတယ်ဆိုတဲ့ လက်တွေ့ဆန်မှုကို ဦးစားပေး တွေးတောဆင်ခြင် သင့်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ပိုချစ်လိုက်ပါ

man in bathtub

Photo : General and Medical Healthcare

စာရေးသူတို့ တော်တော်များများက တခြားသူတွေကို ချစ်သလောက် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့တော့ မေ့နေတက်ပါတယ်။ လမ်းခွဲ ပြတ်ဆဲမှုတစ်ခုရဲ့ နောက်ကွယ်မှာ စိတ်ရောလူပါ နထန်ပြန်ထူနိုင်ဖို့ဆိုရင် သင့်ကိုယ်သင် အရှိအတိုင်း လက်ခံနိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက် ၊ ပိုချစ်ရမှာပါ။ ကွီးတို့ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တယ်ဆိုတာကို ကိုယ်တိုင်သိရှိနားလည်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပေးနိုင်လေလေ နာကျင်ဝမ်းနည်းနေရတဲ့ ခံစားချက်တွေ လျော့ပါးသက်သာပြီး ပျော်ရွှင်မှုကို ရရှိခံစား ရပါလိမ့်မယ်။

Source : Tikvah Lake Recovery

Featured Photo : Tikvah Lake Recovery