အားလပ်ရက်မှာ ကွီးတို့ရဲ့ ချစ်သူလေးနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးရင်း ကုန်ဆုံးချင်ပါသလား။ ဒါမှမဟုတ် အထိမ်းအမှတ်နေ့ မျိုးမှာ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖန်တီးပေးဖို့ စဉ်းစားနေပါသလား။ ဒါ့ကြောင့် အရမ်းချစ်တတ်တဲ့ ကွီးတို့အတွက် ချစ်သူလေးနဲ့ အတူ Romantic ဆန်ပြီး သာယာပျော်ရွှင်တဲ့ Nightlife လေးကို ဖန်တီးနိုင်မဲ့ နည်းလမ်းကောင်း‌တွေကို ဝေမျှပေးချင်ပါတယ်။

(၁) Romantic Dinner လေးစီစဉ်ပါ

ချစ်သူလေးနဲ့ Nightlife

Photo : SeanKristen Realty

ကွီးတို့ရေ ချစ်သူလေးနဲ့ သာယာပျော်ရွှင်ပြီးတဲ့ Nightlife လေး ဖန်းတီးဖို့ အရိုးရှင်းဆုံးနဲ့ Romantic အဖြစ်ဆုံးကတော့ ဒင်နာ လေးတစ်ခု စီစဉ်ပေးတာပါပဲ။ ပုံမှန် တွေ့ဆုံပြီး ညစာစားကြတာနဲ့ မတူဘဲ သူမအတွက် ထူးခြားအောင်ပြင်ဆင်ပေးပါ။ အေးချမ်းပြီး တိတ်ဆိတ်တဲ့ စားသောက်ဆိုင်ကောင်းလေး ရွေးချယ်ဖို့ကလည်း အရေးကြီးပါတယ်။ ထို့နောက် သူမ ကြိုက်တတ်တဲ့ ဝိုင် သို့မဟုတ် ရှန်ပိန်လေးတွေကို စီစဉ်ထားပေးခြင်းကလည်း ကွီးတို့ရဲ့ ကြည်နူးဖွယ် အခိုက်အတန့်လေးတွေကို ပိုမိုအသက်ဝင်စေမှာပါ။ စိတ်ကူးယဉ်ဆန်တဲ့ ကွီးတို့ရဲ့ အခိုက်အတန့်လေးတွေကို အားဖြည့်ပေးနိုင်ဖို့ ဖယောင်းတိုင်လေးတွေလည်း ပါပါစေ။ သူမအတွက် ပန်းစည်းလေး ပြင်ဆင်ထားပြီး လက်ဆောင်ပေးခြင်းကလည်း စိတ်ကူးကောင်းပါပဲ။ ဒီလို ပြင်ဆင်ပေးထားခြင်းဖြင့် သူမအတွက် စိတ်ချမ်းသာမှု အပြည့်အဝရရှိပြီး ကွီးတို့နှစ်ယောက်လုံးအတွက် သာယာပျော်ရွှင်တဲ့ အချိန်လေးဖြစ်စေမှာပါ။

(၂) Movie Night လေးတစ်ခုဖန်တီးပေးပါ

ချစ်သူလေးနဲ့ Nightlife

Photo : Tripalink

နောက်တစ်နည်းကတော့ Movie Night လေးဖန်တီးပေးခြင်းပဲ ဖြစ်ပါတယ်။ နှစ်ယောက်အတူတူ ရုပ်ရှင်ကြည့်တာဟာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ Romantic ဆန်အောင်ပြင်ဆင်လို့ရပါတယ်။ ပထမဦးစွာ ရုပ်ရှင်ကြည့်မဲ့နေရာနဲ့ ရုပ်ရှင်ဇာတ်ကားကို ကွီးတို့အနေနဲ့ သေချာရွေးချယ်ဖို့ လိုပါတယ်။ Romantic ဖြစ်ပြီး ကွီးတို့ချစ်သူလေး အကြိုက်တွေ့စေမဲ့ ဇာတ်လမ်း ၂ ကား လောက်ပြင်ဆင်ထားပါ။ ရုပ်ရှင်ကြည့်မဲ့ နေရာမှာ ဖယောင်းတိုင်လေးများ၊ မီးလုံးလေးများနဲ့ အလှဆင်ပြီး ချိုမြိန်သော ဝိုင်လေးများနဲ့ ချောကလက်များကိုပါ ပြင်ဆင်ထားပါ။ Movie Night လေးပြင်ဆင်ဖို့ဆိုရင် အိမ်ထဲမှာလည်း လုပ်လိုရသလို၊ ရာသီဥတု သာယာရင် အိမ်ခြံဝန်းထဲမှာလည်း စိတ်ကူးယဉ်ဆန်ဆန်လေး ပြင်ဆင်လို့ရပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ချစ်သူလေးနဲ့အတူ ပွေ့ဖတ်ပြီး ဖန်သားပြင်ပေါ်က အချစ်ဇာတ်လမ်းလေးနဲ့ ထပ်တူကျတဲ့ Romantic ဆန်တဲ့ညလေး ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

(၃) မီးပုံပွဲအသေးစားလေး လုပ်ပေးပါ

romantic Night

Photo : Ubuy India

ကွီးတို့ ချစ်သူလေးနဲ့ အတူ သာယာပျော်ရွှင်တဲ့ Nightlife လေးကို ဖန်တီးနိုင်မဲ့ နောက်ထပ် နည်းလမ်းကောင်းလေးတစ်ခုကတော့ မီးပုံပွဲ အသေးစားလေး ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။ မီးပုံပွဲလေးလုပ်ဖို့ အတွက် ကွီးတို့ ကမ်းခြေတွေ၊ စခန်းချတဲ့နေရာတွေ အထိသွားဖို့မလိုပါဘူး။ ကွီးတို့ရဲ့ အိမ်ခြံဝင်း တစ်နေရာမှာပဲ ပြင်ဆင်လို့ရပါတယ်။ မီးပုံပွဲလေးလုပ်ဖို့အတွက် နေရာ၊ ထိုင်ဖို့အခင်းအကျင်းတွေနဲ့ စားသောက်စရာလေးတွေပါ ပြင်ဆင်ပါ။ မီးပုံလေး အဆင်သင့်ရှိတဲ့ အတွက် ကွီးတို့ချစ်သူလေးနဲ့ BBQ ဒင်နာလေးပါ လုပ်လို့ရပါသေးတယ်။ မီးပုံပွဲကလာတဲ့ နွေးထွေးတဲ့ အလင်းရောင်နဲ့ ဝိုင်ချိုချို လေးသောက်ရင်း ကွီးတို့ချစ်သူ ၂ ဦး တစ်ညလုံး စကားတွေ ပြောပြီး သာယာတဲ့ ညလေးကို ဖြတ်သန်းလို့ရပါတယ်။

Featured Photo : Romantic Dinner