သင့်လက်တွဲဖော် ပါတနာနဲ့ ချစ်ကြည်နူး တစ်တီတူးကြချိန်တွေမှာ နှစ်ဦးသား စိတ်လက်ပေါ့ပါးမှု ရှိနေဖို့က နံပါတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ သူတို့ရဲ့ ပင်ကိုယ် စိတ်အနေအထားအရ ရှက်ရွံတာ ၊ စိတ်ဆန္ဒကို အပြည့်အဝဖော်ပြရမှာ ကြောက်တတ်ကြပါတယ်။ ဒီလို ရှက်စိတ်ကြောက်စိတ်တွေ လွှမ်းမိုးထားမယ်ဆိုရင် သာယာကြည်နူးစရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲသွားမှာပါ။ ကွီးတို့ ချစ်သူပါတနာရဲ့ ရှက်ရွံစိတ်တွေကို ပြေလျော့သွားအောင် အတက်နိုင်ဆုံး ပြုစုယုယပေးဖို့က ကွီးတို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေ သက်တောင့်သက်သာ အဖြစ်ဆုံးနဲ့ ပျော်ရွှင်ကြည်နူး သာယာဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို ပိုင်ဆိုင်နိုင်စေဖို့ ချစ်သူလေး ကို ပြုစုယုယတဲ့အခါ မေ့မထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အပေါ်ယံ ချို့ယွင်းချက်တွေကို မေ့ထားပါ

couple in bed

Photo : LeNouvelliste.ch

ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီချို့ယွင်းချက်‌တွေ ရှိကြပါတယ်။ ဘယ်သူမှ ပြီးပြည့်စုံတဲ့ သူဆိုတာ မရှိကြပါဘူး။ ဒီလိုအပေါ်ယံ ရုပ်ရည်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ၊ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို မေ့ထားပြီး ချစ်ပင်လယ်ထဲမှာ စီးမြောနိုင်ဖို့ အရေးကြီးပါတယ်။ အားလုံးမှာ ကိုယ်စီချို့ယွင်းချက်‌တွေ ရှိကြတယ်ဆိုတာ သင်ကိုယ်တိုင်လည်း လက်ခံသင့်သလို သင့်ချစ်သူပါတနာကိုလည်း ပြောပြပါ။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေ ၊ လိုအပ်ချက်တွေဟာ အပေါ်ယံသာဖြစ်ပြီး ဒါတွေကို စိတ်ရောက်နေရင် သာယာဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို အပြည့်အဝ ခံစားနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

(၂) မီးတွေ ပိတ်ထားပါ

couple in bed

Photo : Salon.com

နှစ်ဦးသား လွတ်လပ်တဲ့ ခံစားချက်နဲ့ လုံလောက်တဲ့ ရင်းနှီးမှုမရသေးဘူးဆိုရင် ရှက်စိတ်တွေက ရှိနေမှာပါပဲ။ ဒီအခြေအနေကို တက်နိုင်သမျှ ဖြေလျော့နိုင်ဖို့ အိပ်ခန်းမီးတွေကို ပိတ်ထားဖို့ အကြံပေးချင်ပါတယ်။ အိပ်ခန်းအလင်းရောင်ကို ခပ်မှိန်မှိန်အနေအထားမှာ ရှိနေစေခြင်းဟာ ကြောက်စိတ်ရှက်စိတ်တွေလျော့ကျသွားစေပြီး နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေကို သက်တောင့်သက်သာနဲ့ ယုံကြည်မှု ပိုရှိလာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ဖြည်းဖြည်းချင်းသွားပါ

Photo : Men’s Health

ချစ်မှုရေးရာ ကိစ္စတွေဟာ အလျင်စလိုနဲ့ အလောတကြီး လုပ်လို့မရပါဘူး။ သင့်ပါတနာနဲ့ စကားတွေ ပြောရင်းကနေတဆင့် ဖြည်းဖြည်းနဲ့နှေးနှေး အချိန်ယူပြီး တဆင့်ချင်း သွားသင့်တာပါ။ ဒါမှလည်း နှစ်ဦးသားရဲ့ စိတ်တွေသက်တောင့်သက်သာ ပိုရှိလာစေမှာဖြစ်ပြီး ဖိအားကင်းကင်းနဲ့ ချစ်ပင်လယ်ကြီးထဲ ပျော်ရွှင်စွာစီးဝင် လှော်ခတ်နိုင်မှာ ဖြစ်ပါတယ်။

(၄) ရင်းနှီးပွင့်လင်းစွာပြောဆိုပါ

couple in bed

Photo : Men’s Health

Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးပွင့်လင်းမှုရှိဖို့က အရေးကြီးဆုံးပါပဲ။ ဒါဟာ နှစ်ဦးသားရဲ့ ဆက်ဆံရေးကို အများကြီး အကျိုးရှိစေသလို အိပ်ရာပေါ်မှာလည်း အပေးအယူမျှမျှ နှစ်ပါးသွားကနိုင်ဖို့ ပိုပြီးအထောက်အပံ့ ဖြစ်စေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေ ၊ အကြိုက်နဲ့ မကြိုက်တဲ့အချက်တွေ အားလုံးကို ပွင့်လင်းစွာပြောပြ ဆွေးနွေးပါ။ နှစ်ဦးကြား ရင်းနှီးပွင့်လင်းမှုပိုတိုးလာလေ ပိုပြီး သာယာပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေကို ခံစားရလေ ဖြစ်ပါတယ်။

(၅) အကူကိရိယာတွေသုံးပါ

Photo : New Jersey 101.5

နှစ်ဦးသားရဲ့ ရင်ခုန်ခြင်းသံစဉ်တွေကို တိုးစေမယ့် အကူရိယာတွေကိုလည်း မေ့မထားပါနဲ့။ ဘာတွေလဲဆိုတော့ သာယာငြိမ့်ငြောင်းတဲ့ တေးသံစဉ်တွေ ၊ ပန်းလေးတွေနဲ့ ရနံ့ဖယောင်းတိုင်တို့လို အရာတွေပါ။ ဒါတွေက ချစ်တင်းနှောချိန်မှာ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေကို ပိုမိုလတ်ဆတ်စေပြီး ကြောက်ရွံ့စိတ်တွေ ပြေလျော့စေကာ ပျော်ရွှင်ကြည်နူးစွာ နှစ်ပါးသွားကနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Featured Photo : Undefined