အကြောင်းအမျိုးမျိုးကြောင့် ချစ်သူ စုံတွဲတွေ တစ်မြေစီ ခြားပြီး ဝေးကွာနေကြတဲ့အခါ ချစ်သူ တွေအကြား တွဲလက် ခိုင်ခိုင်မြဲအောင် ဘယ်လို လုပ်သင့်သလဲ။

ကွီးတို့ ချစ်သူ စုံတွဲကလည်း တစ်မြေ တစ်ရေစီ ဝေးကွာနေရတဲ့ LDRS မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အခုဖော်ပြထားမယ့် တွဲလက် မြဲမယ့် နည်းလမ်းကို သိထားသင့်ပါတယ်။​

(၁) မျှော်လင့်ချက်တွေ မထားပါနဲ့

couple

တစ်ယောက်အပေါ် တစ်ယောက် မျှော်လင့်ချက် မထားတာ အကောင်းဆုံးပါပဲ။ မျှော်လင့်ချက်တွေ ထားတဲ့အခါ မျှော်လင့်သလို မဖြစ်လာရင် ကွီးတို့ပဲ စိတ်ညစ်ရမှာပါ။ ဒါ့ကြောင့် ဘာကိုမှ မျှော်လင့်ချက် မထားဘဲ မျှော်လင့်ချက် ကင်းကင်းနဲ့ ချစ်ကြတာ အကောင်းဆုံးပါပဲ။

(၂) အဆက်အသွယ် မပြတ်ပါစေနဲ့

couple

ကမ္ဘာ တစ်ဖက်ခြမ်းစီ ဝေးနေတဲ့အခါ အချိန် ကွာဟမှုကလည်း စကား အများကြီးပြောပါတယ်။ ကိုယ် အိပ်ချိန်မှာ သူ အလုပ်လုပ်နေရ၊ သူ အလုပ်လုပ်ချိန်မှာ ကိုယ့်ဘက်မှာက မိုးမလင်းသေးနဲ့ ကြာလာလို့ရှိရင် အဆက်အသွယ်တွေ ပြတ်ပြီး လမ်းခွဲရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ အလုပ်များများ၊ ဘယ်လောက်ပဲ အချိန်တွေ ကွာခြားနေပါစေ၊ ကိုယ်က သူ့ကို တကယ် မြတ်နိုးတယ်၊ သူကလည်း ကိုယ့်ကို တကယ် ချစ်တယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် အချိန်ပေးဖို့ လိုအပ်ပါတယ်။ မရ ရတဲ့ကြားက အဆက်အသွယ် လုပ်ပါ။ အွန်လိုင်းကနေ ဖုန်းခေါ်ပြီး စကားပြောပါ။

(၃) စိတ်ချ လက်ချဖြစ်စေမယ့် စကားမျိုး ပြောပါ

ချစ်သူ တွဲလက်

ကိုယ် မင်းကို အရမ်းချစ်၊ မင်းကို တန်ဖိုးထားတယ် အစရှိတဲ့ သေချာစေမယ့် တစ်ဖက်လူကို စိတ်ချ လက်ချ ဖြစ်စေမယ့် စကားမျိုး ပြောကြားပေးရပါမယ်။ ဒါမှသာလျှင် ကွီးတို့ ရှော်တီလေးကလည်း အနေဝေးနေပေးမယ့် စိတ်အေးနေမှာပါ။ ဒါ့ကြောင့် ချစ်တယ် ဆိုတဲ့ စကားမျိုးလိုပဲ ဆင်တူတဲ့ အခြားစကားမျိုးကိုလည်း ပြောကြားပေးဖို့ လိုအပ်ပါလိမ့်မယ်။

(၄) တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားပါ

ချစ်သူ တွဲလက်

စုံတွဲတွေသည် တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ကောင်း ဆန်နေမယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်ပြေနိုင်စရာ အကြောင်းမရှိပါဘူး။ အထူးသဖြင့် အနေဝေးနေရတဲ့ LDRS မျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင် ပိုလို့တောင် တစ်ကိုယ်ကောင်း မဆန်သင့်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အလေးထားကာ တစ်ဖိုးထားပေးပါ။

(၅) တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်မှုရှိပါ

ချစ်သူ တွဲလက်

ရေမြေခြားနေတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်ခြင်းကလည်း အရမ်းကို အရေးကြီးပါတယ်။ ကွီးတို့ အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မျိုးတွေဆို ကွီးတို့ကောင်မလေးက ပြဿနာရှာတာမျိုး၊ ရစ်တာမျိုး မရှိအောင် ပြုလုပ်ထားသင့်ပါတယ်။ ကွီးတို့ ဘယ်လိုမျိုး ရုန်းကန်နေရတယ်၊ ပင်ပန်းနေရတယ်ဆိုတာမျိုးကို ပွင့်ပွင့်လင်းလင်း ပြောပြထားဖို့ လိုအပ်ပါတယ်။ ဖောက်ပြန်မယ့် လုပ်ရပ်မျိုးကိုလည်း ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာကိုလည်း ကွီးတို့ ရှော်တီလေး သိအောင် ပြောပြထားလိုက်ပါ။ ဒါမှသာလျှင် သံသယ ကင်းကင်းနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ယုံကြည်နိုင်မှာပဲ ဖြစ်ပါတယ်။​

ကွီးတို့ရော ကွီးတို့ရဲ့ ရေမြေခြားနေတဲ့ ဆက်ဆံရေး တစ်ခု ရေရှည် တည်မြဲအောင် ဘာတွေ လုပ်ဆောင်လေ့ရှိပါသလဲ။

Source: Extension.usu.edu

Featured Image: Friendlamps