လူကြီးလူကောင်းဆန်တဲ့ ယောကျာ်းကောင်းတစ်ယောက်သည် သူ့ ချစ်သူ ကောင်မလေးအပေါ် ဘယ်လို ပြုမူ လေ့ရှိပါသလဲ။

သူတို့သည် ကိုယ့် ကောင်မလေးအပေါ် ကြင်ကြင်နာနာ ဆက်ဆံလေ့ရှိတတ်ပြီး ကိုယ့်ကောင်မလေးဘက်က အပြည့်အဝ ရပ်တည်ကြတဲ့သူတွေဖြစ်ပါတယ်။ သူ့ကောင်မလေးက “ငါ ချစ်သူရ ကံကောင်းလိုက်တာ” လို့ ခံစားရသွားစေတဲ့အထိ လူကြီးလူကောင်းဆန်ကြတာဖြစ်ပါတယ်။

ကွီးတို့လည်း ကိုယ့် ချစ်သူ ကောင်မလေးအပေါ် လူကြီးလူကောင်းဆန်စွာ ပြုမူ ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို သိထားသင့်ပါတယ်။

ကတိစကားတစ်ခွန်းကို အလွယ်တကူ မပေးလိုက်ပါနဲ့

couple gentleman

Photo: iStock

ယောကျာ်းကောင်းတစ်ယောက်သည် ကတိသစ္စာ တည်ကြည်အောင် ကြိုးစားကြပါတယ်။ ကွီးတို့အနေနဲ့ ကတိမတည်နိုင်တဲ့ ကိစ္စမျိုးကို ကတိမပေးတာအကောင်းဆုံးပါပဲ။ နို့မဟုတ်ရင် တစ်ဖက်လူက မျှော်လင့်တကြီး စောင့်စားပြီးမှ ကတိပျက်ရတာမျိုးဆိုရင် ယုံကြည်ချက်လည်း ပျက်သွားနိုင်လို့ပါပဲ။

သူ(မ)ကို စကားလုံးများနှင့် မထိုးနှက်လိုက်ပါနဲ့

couple gentleman

ရန်ဖြစ်ချိန်မှာ စကားလုံးများနှင့် ထိုးနှက်ခြင်းသည်လည်း ယောကျာ်းကောင်းတစ်ယောက်ရဲ့ အပြုအမူမဟုတ်တဲ့အတွက်ကြောင့် ရှောင်ကြဥ်ဖို့လိုအပ်ပါမယ်။ ရန်ဖြစ်နေရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် နာကျင်ထိခိုက်စေမယ့် စကားလုံးများကို မပြောတာ အကောင်းဆုံးပါပဲ။

သူ(မ)ရဲ့ မိသားစုနှင့် သူငယ်ချင်းများကိုလည်း လေးစားပါ

couple gentleman

သင်နဲ့ စမတွဲခင်ကတည်းက သူတို့မှာ သူတို့ကို ချစ်မြတ်နိုးတဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများရှိပါတယ်။ သူတို့ကိုလည်း လေးစားသမှုနဲ့ ဆက်ဆံဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဘက်က တစ်စုံတစ်ယောက်ကို သဘောမတွေ့ဘူးဆိုရင်တောင်မှ ကိုယ့်ရဲ့ စိတ်ရင်းကို ဖုံးကွယ်ထားဖို့လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုသူတို့သည် သင့်ကောင်မလေးအတွက် အရေးကြီးတဲ့သူတွေ ဖြစ်လို့ပါပဲ။

လူအများရှေ့မှာ သူ(မ)ကို ဦးစားပေးပါ

ချစ်သူ ပြုမူ

တံခါးလေး ဖွင့်ပေးတာမျိုး၊ သူ(မ) ထိုင်ဖို့အတွက် ခုံလေး ဆွဲထုတ်ပေးတာမျိုး စတဲ့ အပြုအမူများကို ပြုလုပ်ပေးခြင်းအားဖြင့် သင်သည် သူ(မ)ကို ဦးစားပေးကြောင်း ပြသဖို့လိုအပ်ပါလိမ့်မယ်။ လူကြီးလူကောင်းဆန်တဲ့ ကွီးတို့သည် သူတို့ရဲ့ ချစ်သူ ကောင်မလေးရဲ့ မျက်နှာ အညှိုးမခံဘဲ သူတို့ကောင်မလေး အမြဲတမ်း ပြုံးပျော်ရွှင်နေအာင် ပြုမူ ကြပါတယ်။

ကိုယ့်ရဲ့ လက်တွဲဖော်ကို သူ့ရဲ့ နဂိုပုံစံအတိုင်း နေခွင့်ပြုလိုက်ပါ

ချစ်သူ ပြုမူ

သူ(မ)ကို စိတ်သဘောမတွေ့လို့ ပြုပြင် ပြောင်းလဲပစ်မယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ သူ(မ)ရဲ့ ပင်ကိုယ်စရိုက်အတိုင်း ချစ်နိုင်မှ သူ(မ)ကို ချစ်သူ ရည်းစားတော်ပါ။ လူတစ်ယောက်ကို ပြောင်းလဲပြုပြင်လိုက်မယ်ဆိုတဲ့ စိတ်မျိုးရှိပါက သင်သည် ထိုသူကို အမှန်တကယ် မချစ်သေးပါဘူး။

နားထောင်ကောင်းတဲ့သူတစ်ယောက်ဖြစ်ပါစေ

ချစ်သူ ပြုမူ

သူ(မ) ရင်ဖွင့်ချင်တဲ့အခါမျိုး၊ သူ(မ)ရဲ့ တစ်နေ့တာ အကြောင်း သင့်ကို ဝေမျှပေးချင်တဲ့အချိန်မျိုးမှာ သူ(မ)ကို လျစ်လျူရှုမထားဘဲ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ သူ(မ)က အမြဲတမ်း ပွစိပွစိ ပြောနေတာပဲ၊ နားထောင်ရတာ စိတ်ကုန်ဖို့ကောင်းတယ်လို့ မတွေးလိုက်ပါနဲ့။ ချစ်သူရည်းစားတွေသည် တစ်ချိန်ချိန်မှာ အိမ်ထောင်ဖက်တွေ ဖြစ်သွားတဲ့အခါ ကောင်းတူဆိုးဖက် ဝေမျှရမှာဖြစ်ပါတယ်။ ချစ်သူဘဝမှာကတည်းက လျစ်လျူရှုထားမယ်ဆိုရင်တော့ ရေရှည်မှာ အဆင်ပြေမှာမဟုတ်ပါဘူး။

မိမိချစ်သူအား အားပေးပါ၊ ပံ့ပိုးကူညီပါ

ချစ်သူ ပြုမူ

ကိုယ်ချစ်တဲ့သူ အောင်မြင်နေတာ၊ ကောင်းစားနေတာကိုသာ မြင်တွေ့ချင်ကြတဲ့သူတွေချည်းပါပဲ။ ကိုယ်တိုင်က မည်သည့်ကြိုးစားအားထုတ်မှုမှ မရှိဘဲ သူတစ်ပါးရဲ့ အောင်မြင်မှု၊ ကောင်းစားနေမှုကို လိုက်လံကာ မနာလို ဝန်တိုနေခြင်းသည် ယုတ်ညံ့သောသူတစ်ယောက်ရဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ သင် ကိုယ်တိုင်ကလည်း တစ်ချိန်မှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ပီသအောင် ကြိုးစားရမှာဖြစ်ပြီး သင့်ရဲ့ ကောင်မလေးကိုလည်း သူ(မ) လိုအပ်တဲ့ အထောက်အပံ့ကောင်းများ ပေးရမှာပဲဖြစ်ပါတယ်။ နှစ်ယောက်စလုံးက တက်ညီလက်ညီနဲ့ ကြိုးစားမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမှာ ဧကန်မလွဲပါပဲ။

Source: Marriage

Featured Image: Careforthefamily