ချစ်သူ စုံတွဲအနေနဲ့ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ရှိတာဟာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရာမှာ များစွာအကျိုးဖြစ်စေသလို ချစ်ခြင်းတွေကိုလည်း ပိုမိုခိုင်မာစေပါတယ်။ ဒါဆို လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်လို Topics တွေ ပြောကြတာကောင်းမလဲ ၊ ဘယ်လိုအကြောင်းအရာတွေကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်လဲ ဆိုတာ ဒီဆောင်းပါးမှာ တစ်ခါတည်း ပြောပြပေးချင်ပါတယ်။
(၁) စိုးရိမ်မှုတွေအကြောင်း
Photo : Mensxp
ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် လိင်ကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်တာ ၊ ရှက်ရွံ့တာလေးတွေ ရှိတက်ကြပါတယ်။ ကိုယ့်ရဲ့စိတ်ထဲ / အတွေးတွေထဲက စိုးရိမ်ပူပန်မှုလေးတွေကို ကိုယ့်ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြတာဟာ စိတ်သက်သာရာ ရစေမယ့် အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
(၂) စိတ်ဝင်စားမှုလေးတွေအကြောင်း
Photo : Mensxp
လူတိုင်းမှာတော့ မတူညီတဲ့ Sexual Fantasies လေးတွေ ရှိကြတာပါပဲ။ လိင်မှုကိစ္စမှာ ကွီးတို့ ကိုယ်တိုင် လုပ်ဖူးကြည့်ချင်တဲ့အရာ ၊ စမ်းကြည့်ချင်တဲ့ အရာလေးတွေ သေချာပေါက် ရှိမှာပါ။ ကွီးတို့ ပါတနာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့အရာလေးတွေ ၊ ကိုယ်ပိုင်စိတ်ကူးထဲက Sexual Fantasies လေးတွေကို အပြန်အလှန် ဝေမျှပြောပြ သင့်ပါတယ်။
(၃) သိုင်းကွက်တွေအကြောင်း
Photo : Mensxp
လူတိုင်းမှာ သူတို့ကြိုက်နှစ်သက်တဲ့ လိင်ဆက်ဆံမှု Position ၊ သိုင်းကွက် အနေအထားတွေ ရှိကြပါတယ်။ ကိုယ့်အကြိုက် ၊ သူ့အကြိုက် သိုင်းကွက် အနေအထားလေးတွေကို သိထားမှလည်း အတူနေတဲ့အခါ စိတ်ကျေနပ် ၊ ပျော်ရွှင်ရတဲ့ ခံစားချက်ကို ကောင်းကောင်းကြီး ရရှိကြမှာ ဖြစ်ပါတယ်။
(၄) ချီးမွမ်းမှုလေးတွေအကြောင်း
Photo : Mensxp
ချစ်သူ စုံတွဲတိုင်း တစ်ယောက်နဲ့တစ်ယောက် Sexually Attracted ဖြစ်တယ်ဆိုတဲ့အရာကို ချီးမွမ်းစကားလေးတွေနဲ့ ပြောပြလို့ ရပါတယ်။ ဥပမာအားဖြင့် ကွီးတို့ ပါတနာရဲ့ ခန္ဓာကိုယ်ပေါ်က ဘယ်အစိတ်အပိုင်းလေးတွေဟာ ကွီးတို့အတွက် ဆွဲဆောင်မှု အဖြစ်စေဆုံးလဲ ဒါမှမဟုတ် ဘယ်လိုပြုစုမှုလေးတွေက ကွီးတို့ကို ခံစားမှုကောင်းစေလဲဆိုတဲ့ အကြောင်းအရာလေးတွေနဲ့ ပတ်သတ်ပြီး ချီးမွမ်းမှုလေးတွေ ၊ ချီးမွမ်းစကားလေးတွေကို အပြန်အလှန် ပြောသင့်ပါတယ်။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်ခြင်းတွေ ပိုတိုးစေမှာ ဖြစ်သလို လိင်မှုဆိုင်ရာ ဆွဲဆောင်နိုင်စွမ်းကိုလည်း မြင့်မားစေမှာ ဖြစ်ပါတယ်။
Source : Mensxp
Featured Photo : New York Post