ကိုယ် ချစ်ရတဲ့ ချစ်သူ ကောင်မလေးက ကိုယ့်အတွက် လက်တွဲဖော် ကောင်း တစ်ယောက်ဖြစ် မဖြစ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ အခုဖော်ပြမယ့် လက္ခဏာများကို ကွီးတို့ကောင်မလေးထံမှာ မြင်ရတယ်ဆိုရင်တော့ ကွီးတို့ကောင်မလေးသည် စစ်မှန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သေချာပါတယ်။

သင့်ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်လာတဲ့အခါမှာလည်း ဝင်ရောက်နှောင့်ယှက်တာမျိုး မရှိဘူး

ချစ်သူ လက်တွဲဖော်

သင့်ရဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်လာတဲ့အခါ သူ(မ)ဘက်က ဆရာကြီးလုပ်ကာ ဝင်ရောက်နှောင့်ယှက်တာမျိုးမရှိဘူး။ သင့်ကို သဝန်တိုလို့ဆိုပြီး အလုပ်နဲ့ ပတ်သက်တဲ့အရာများကို မလုပ်ခိုင်း၊ ဟိုနေရာ မသွားခိုင်း၊ ဒီနေရာ မသွားခိုင်းနဲ့ နှောင့်ယှက်ပိတ်ပင်နေတာမျိုးမဟုတ်ဘဲ သင့်အပေါ် ယုံကြည်မှုအပြည့် ထားပေးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင့်မှာ အကောင်းဆုံး လက်တွဲဖော်ကောင်းတစ်ယောက် ရှိနေပါပြီ။

သူ(မ)သည် သင့်ကို ဘာ့ကြောင့် စိတ်ဆိုးနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြတယ်

ချစ်သူ လက်တွဲဖော်

ဘယ်သူကမှ တချိန်လုံး ပျော်ရွှင်ကြည်နူးကာ စိတ်ကောင်းဝင်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်မကြည်လို့ဆိုပြီး ကိုယ့်ရဲ့ရည်းစားသည် စိတ်ညစ်စရာများကို ဖြေဖျောက်နိုင်တဲ့အရာမဟုတ်ပါဘူး။ ရုံးမှာ စိတ်ညစ်စရာတွေ ကြုံတွေ့လာရလို့ ကိုယ့်ရည်းစားအပေါ် ဒေါသူပုန်ထနေခြင်းသည်လည်း မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။

သင့်ကောင်မလေးသည် ဒေါသများကို သင့်အပေါ် ပုံချတာမျိုးမဟုတ်ဘဲ သူ(မ) စိတ်ဆိုး၊ စိတ်ညစ်နေရင်လည်း ဘာ့ကြောင့် စိတ်ညစ်နေရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြကာ တိုင်ပင်ဖော်ရတယ်။ ဒါဆိုရင်တော့ သင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သင့်ကို အရှိအတိုင်း ချစ်တယ်

ချစ်သူ လက်တွဲဖော်

သင့်ကို ငွေရှိန် ဂုဏ်ဝါများကြောင့် ချစ်တာမဟုတ်ဘဲ သင့်ရဲ့ ပင်ကိုစရိုက်ကို အမှန်တကယ် ချစ်မြတ်နိုးလို့ ချစ်တာဟုတ်ရဲ့လား။ နာမည် ဂုဏ် သတင်း ကြီးမားတဲ့သူတွေသည် သူတို့ရဲ့ ကျော်ကြားမှုကြောင့် လူတွေက သူ့အနား ကပ်လာတာများပါတယ်။ တကယ်လို့ သင့်အနေနဲ့ မိမိသည် နာမည်ကြီး ကျော်ကြားသူလား ဆိုတာ သေချာပြန်လည် သုံးသပ်ကြည့်ပါ။ သင့်ချစ်သူက သင့်ရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်များကို ကြိုက်နှစ်သက်တာလား (သို့) ပကာသနတွေကို တပ်မက်လို့ ချစ်တာလားဆိုတာ သင် အသိဆုံးပဲဖြစ်မှာပါ။

သင့်ကို ပြောင်းလဲဖို့ မကြိုးစားဘူး

ချစ်သူ လက်တွဲဖော်

သင့်ရဲ့ ဒီအချက်ကိုတော့ မကြိုက်ဘူး၊ သင် ဒီလိုပြုမူတာမျိုးက သူ(မ)ကို သိမ်ငယ်စေတယ်၊ အရှက်ခွဲသလို ဖြစ်စေတာကြောင့် ထိုအချက်ကို ပြောင်းလဲသင့်တယ်ဆိုပြီး သင့်ကို ပြုပြင်ပြောင်းလဲနေပါသလား။

လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိပါဘူး။ မပြည့်စုံတဲ့ အားနည်းချက်များကို ကိုယ့်ဘက်က ဖြည့်တွေးပေးပြီး သူ့အတွက် အထောက်အပံ့ကောင်းများ ဖြည့်ဆည်းပေးခြင်းသည် စစ်မှန်တဲ့ ချစ်ခြင်းတရားရဲ့ သင်္ကေတပဲဖြစ်ပါတယ်။ သင့်ချစ်သူကောင်မလေးသည် သင့်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမနေဘဲ သင့်ရဲ့ အားနည်းချက်များကိုလည်း ဖြည့်တွေးပေးကာ ချစ်ပေးတယ်ဆိုရင်တော့ စစ်မှန်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

သူ(မ)သည် သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်လည်း စိတ်အားငယ်ခြင်း အလျဥ်းမရှိဘူး

ချစ်သူ လက်တွဲဖော်

သူ(မ)သည် ဝိတ်ချရမယ်ဆိုတဲ့ အရာတစ်ခုတည်းကိုပဲ စွဲလမ်းနေတာမျိုးမဟုတ်ဘဲ သူ(မ)ရဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှုကိုလည်း မြတ်နိုးတတ်သူတစ်ယောက်လား။

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မထီမဲ့မြင်ပြုတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်အောင်တော့ နေထိုင်စားသုံးတတ်သူ တစ်ယောက်ဖြစ်ပြီး မော်ဒယ်တွေလိုမျိုး လှပတဲ့ ခန္ဓာကိုယ်ရရှိအောင် စွဲလမ်းနေတာမျိုးမဟုတ်တာကို ဆိုလိုတာပါ။

သူ(မ)သည် သင့်အားလပ်ချိန်တွေရဲ့ ပိုင်ရှင်မဟုတ်ဘူး

couple

သင့်အားလပ်ချိန်တွေကို သူ(မ) တစ်ယောက်တည်းကိုသာ အချိန်ပေးရမယ်ဆိုပြီး သင့်အပေါ်မှာ တစ်ချိန်လုံး တွယ်ကပ်နေတာမျိုးမဟုတ်ဘဲ သူတစ်ပါးရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားသူတစ်ယောက်ဖြစ်ပါသလား။ သူ(မ)ကိုကျ အချိန်မပေးဘူး၊ သူ(မ)ကို မချစ်တာလား စသည်ဖြင့် ကွန်ပလိန်းတက်နေတာမျိုးမဟုတ်ဘဲ သင့်ကို နားလည်ပေးတဲ့သူတစ်ယောက်ဆိုရင်တော့ ထိုကောင်မလေးကို အမိအရ ဖမ်းဆွဲထားဖို့တော့ လိုပါလိမ့်မယ်။

သင့်ရဲ့တန်ဖိုးကို နားလည်တယ်

couple

သင့်အပေါ် ငြူစူစောင်းမြောင်းနေတာမျိုးမဟုတ်ဘဲ၊ သင် လုပ်ပေးတဲ့ အသေးအဖွဲလေးသော အရာတွေအတွက်ကိုတောင် ကျေးဇူးတင်တတ်ပြီး သူ(မ)ဘက်က သင့်ရဲ့ တန်ဖိုးကို နားလည်ပေးနေပါသလား။ ဒါ့အပြင် နှစ်ယောက်သားရဲ့ အမြင်ရှူထောင့်တွေသည် တစ်ထပ်တည်းမကျရင်တောင်မှ ဆင်တူသယောင် ရှိနေတယ်ဆိုရင်တော့ သင်တို့နှစ်ယောက်သည် နတ်ဖက်တဲ့ဖူးစာတွေပဲ ဖြစ်ပါတယ်။

သင့်အပေါ်မှာ ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားမှုရှိတယ်

couple

သင်သည် သူ(မ)ရဲ့ ငယ်ဘဝများအကြောင်း၊ သူ(မ)ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာများကို သိရှိနေပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်၊ သူ(မ)သည် သင့်အပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောပြထားလို့ပဲဖြစ်ပါတယ်။ သူ(မ)ရဲ့ အားသာချက်တွေကိုပဲ သိထားတာမျိုးမဟုတ်ဘဲ သူ(မ)ရဲ့ အားနည်းချက်တွေကိုလည်း သင် သိထားတယ်ဆိုရင်တော့ သင်တို့သည် ရှေ့ဆက်အတူတူ လျှောက်လှမ်းတဲ့နေရာမှာ အခက်အခဲမရှိ လျှောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

သင့်ကို ဘယ်လိုစပရိုက်တိုက်ရမလဲဆိုတာ သိတယ်

couple

Photo: Forgettingfairytales

လောကမှာ အပေးနဲ့အယူသည် မျှတနေဖို့လိုအပ်ပါတယ်။ လူတစ်ယောက်သည် တစ်ဖက်သတ်ကြီးပဲ ပေးဆပ်နေရတာ ကြာလာရင်လည်း ငြီးငွေ့လာတတ်ပါတယ်။ သင့်ဘက်က ချစ်မြတ်နိုးစိတ်နဲ့ လက်ဆောင်များ၊ စပရိုက်များ တိုက်တတ်ပေမယ့် သူ(မ)ဘက်က သင့်မွေးနေ့ ရောက်တဲ့အခါ ဘာလက်ဆောင်မှ မပေးဘဲ ဘာသိဘာသာနေတတ်ပါသလား။ ဒါဆိုရင်တော့ ထိုဆက်ဆံရေးသည် ကိုယ့်ဘက်ကချည်းပဲ ပေးနေရပြီး တစ်ဖက်ကလည်း သူကချည်းပဲ ယူနေတာဖြစ်ပါတယ်။

သင့်ကောင်မလေးက ထိုကဲ့သို့ မဟုတ်ဘဲ သူ(မ)အတွက် သင်က အကောင်းဆုံးအရာတွေကို ဖြည့်ဆည်းပေးသလို သင့်အတွက်လည်း သူ(မ)က ပြန်လည်ကာ အကောင်းဆုံးအရာတွေ ဖြည့်ဆည်းပေးတယ်ဆိုရင်တော့ သင့် ချစ်သူ ကောင်မလေးသည် သင့်အတွက် လက်တွဲဖော် ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

Source: Lifehack

Featured Image: Vecteezy