ရှင်သန်နေထိုင်ရတဲ့ လောကကြီးမှာ ဘယ်အရာက အရေးကြီးဆုံးလို့ ထင်ပါသလဲ။ သူတစ်ပါး အလိုကျ လိုက်နေထိုင်ပေးဖို့လည်း မဟုတ်သလို သူတစ်ပါးရဲ့ ရုပ်သေးရုပ် ဖြစ်စရာလည်း မလိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ် တဲ့အခါမှာလည်း ချစ်နည်းမမှန်ရင် ကိုယ့်ကိုယ်ကို နှစ် လိုက်တာနဲ့ အတူတူပါပဲ။ ချစ်နည်းမှန်မှသာလျှင် ကွီးတို့ လိုချင်တဲ့ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း အစရှိတဲ့အချက်တွေ အကုန်လုံးကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိပါ

successful man

အောင်မြင်ဖို့အတွက် ဘယ်သူ့ကိုမှလည်း လိုက်တုပနေစရာမလိုသလို ဘယ်သူ့ ဘယ်သူကိုမှလည်း လိုက်ယှဥ်ပြိုင်နေစရာ မလိုပါဘူး။ လူတိုင်းက သူ့အရည်အချင်းနဲ့သူ လာတာပါ။ သူ့အတွက် အောင်မြင်မယ့် အချိန်ဆိုတာကလည်း သီးသန့်ပါပဲ။ ဘယ်သူတွေက ဘယ်လောက်ပဲ ထင်နေပါစေ၊ ဘယ်သူ့ကိုမှ လိုက်ပြီး တုပနေစရာမလိုပါဘူး။ ကိုယ့်ကိုယ်ကို သိရင်ပဲ လုံလောက်ပါပြီ။ ကမ္ဘာပေါ်မှာ ကွီးတို့လို လူမျိုး နောက်တစ်ယောက် မရှိနိုင်တဲ့အတွက်ကြောင့် ကိုယ့်စတယ်နဲ့သာ ကိုယ်နေပါ။

ကိုယ့်ကိုယ်ကိုယ် အလိုမလိုက်ပါနဲ့

lazy man on counch

ကိုယ့်ကိုယ်ကိုယ် ချစ် လွန်းအားကြီးပြီး စိတ်အလိုလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှစ် လိုက်တာနဲ့ အတူတူပါပဲ။ လူသားတိုင်းကတော့ အနည်းနဲ့ အများတော့ ပျင်းရိတတ်ကြပါတယ်။ လုပ်ရမယ့် အလုပ်တွေက များလွန်းလို့ ငြီးငွေ့ပြီး ပျင်းသွားတဲ့အခါ ခဏတဖြုတ် အနားယူလို့ ရပါတယ်။ အနားယူလို့ ဝသွားရင် တစ်ခါပြန်ပြီး သေသေချာချာ ပြန်လုပ်လိုက်ပါ။ ပျင်းရင်းကနေ ဖျင်းသွားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကွီးတို့ရဲ့ အရည်အချင်းတွေက မှေးမှိန်ပျောက်ကွယ်သွားပြီး ကိုယ့်ကိုယ်ကို စိတ်ကုန်သွားနိုင်ပါတယ်။

Comfort Zone ထဲကနေ ရုန်းထွက်ပါ

ချစ် နှစ်

Comfort Zone ထဲမှာပဲ နေတာ ကြာလာတဲ့အခါ ဘဝကြီးက ဘာမှ တိုးတက်မှု ရှိမှာ မဟုတ်ပါဘူး။ အရဲစွန့်ပြီး Comfort Zone ထဲကနေ ထွက်မှသာလျှင် လေ့လာသင်ယူစရာ အသစ် အသစ်များကို လေ့လာသင်ယူပြီး ပိုမို တိုးတက်ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဘယ်သူ ဘာပြောပြော ခံနိုင်ရည် ရှိရပါမယ်

ချစ် နှစ်

ကွီးတို့ ဘာလုပ်လုပ် မကောင်းမြင်တဲ့သူတွေကတော့ ကွီးတို့ကို ဘေးထိုင် ဘုပြောပြီး ကွီးတို့ကို စိတ်ဒုက္ခ အမျိုးမျိုး ပေးနေမှာပဲ ဖြစ်ပါတယ်။ သူတို့ ပြောတာတွေကို ခံနိုင်ရည်ရှိဖို့ ကွီးတို့သည် အရေထူရပါမယ်။ စိတ်သဘောထား နူးညံ့နေလို့ကတော့ အဆင်မပြေနိုင်ပါဘူး။

ကောင်းတဲ့ အလေ့အကျင့်ကောင်းများကို မွေးမြူပါ

ချစ် နှစ်

အလေ့အကျင့်ကောင်းများသည် မွေးမြူရတာ ခက်ခဲသလောက် မကောင်းတဲ့ အကျင့်တွေကျတော့ ခဏလေးနဲ့ ကွီးတို့ဆီ ဝင်လာတတ်ပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့ အကျင့်ဆိုးများကို တတ်နိုင်သလောက် ရှောင်ကြဥ်ပါ။ ကောင်းတဲ့ အလေ့အကျင့်များကို စိတ်ရှည်ရှည်ထားပြီး မွေးမြူရပါမယ်။

ဘဝကို ပျော်ပျော်ကြီးသာ ဖြတ်သန်းပါ

ချစ် နှစ်

ဒီအချက်ကတော့ အရေးအကြီးဆုံး အချက်ပါပဲ။ အရေးကြီးဆုံးအချက်နဲ့ အဆုံးသတ်ရမယ်ဆိုရင်တော့ ဘဝကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေပြီး ပျော်ပျော်ကြီးသာ ဖြတ်သန်းဖို့ပါပဲ။ ဒါမှသာ ရှင်သန်ရတဲ့ အဓိပ္ပါယ်က ပြီးပြည့်စုံနေမှာပါ။

ကွီးတို့ရော နည်းမှန် လမ်းမှန်နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်နေရဲ့လား။

Source: Liveformore.club

Featured Image: Freepik