စိတ်သဘောထား ပြောင်းရင် ဘဝပါ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ချမ်းသာကြီးပွားဖို့ပဲ ဖြစ်ဖြစ် အောင်မြင် ကျော်ကြားဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့  Mindset ကို ပြင်ပြီး ဘဝပုံစံသစ်ကို လျှောက်လှမ်းမှ ဖြစ်တာပါ။ ဒါကြောင့်ပဲ အောင်မြင်ကြီးပွားချင်ရင် ထားသင့်တဲ့ စိတ် နေသဘောထားလေးတွေ အကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) အကောင်းဆုံးကို မျှော်လင့်ပါ

A in card

Photo: Pexels

အောင်မြင်ဖို့ ထားရှိသင့်တဲ့ အခြေခံ စိတ်နေသဘောထားတစ်ခုက အကောင်းဆုံးကိုပဲ မျှော်လင့်တောင့်တတဲ့စိတ်ပါ။ တော်ရိလျော်ရိ ဆန္ဒနဲ့ တော်ရုံလောက် အားထုတ်တာနဲ့တော့ ထိပ်တန်းရောက် အောင်မြင်ကြီးပွားဖို့ မလွယ်ပါဘူး။ အောင်မြင်ချင်ရင် အကောင်းဆုံး လုပ်မယ် ၊ အကောင်းဆုံးရလဒ်ကိုပဲ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်ကို မွေးဖို့လိုပါတယ်။

(၂) အားမာန်နဲ့ ထည့်လုပ်ပါ

Thumb

Photo: Pexels

နေ့ချင်းညချင်းအောင်မြင်ဖို့ဆိုတာကတော့ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စွဲစွဲမြဲမြဲ လုပ်မယ် ၊ ဇွဲနဲ့ မာန်နဲ့ ကြိုးစားမယ်ဆိုတဲ့ လူတွေပဲ အောင်မြင်ကြီးပွားသွားကြတာပါ။ ဘဝမှာ အကြီးကြီး ဖြစ်ချင်ရင် သေးသေးလေးကပဲ စရစရ အရှိန်အဟုန်နဲ့ အားမာန်ထည့်လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ့်စရိုက်နဲ့ ကိုက်မယ့်လမ်းကို အရင်ရွေးပြီး ကိုယ့်ရည်မှန်းချက်ကို ပြည့်မြောက်ဖို့ လက်မလျှော့ဘူးဆိုတဲ့ ကြံ့ခိုင်တဲ့ စိတ်မာန်နဲ့ အလုပ်လုပ်သွားဖို့ လိုပါတယ်။

(၃) ထိန်းချုပ်မှုရှိပါ

Business Man

Photo: Pexels

Sense of Control ဆိုတာ ဘယ်နေရာမှာမဆို သိပ်အရေးကြီးတဲ့ Attitude တစ်ခုပါ။ ဘာမှ မတတ်နိုင်လောက်အောင် ဖြစ်နေတဲ့အခါမှာ ဘယ်အပိုင်းကို ထိန်းချုပ်နိုင်မလဲဆိုပြိး Focus ထားတာ ၊ အရာရာ အဆင်ပြေနေတဲ့အချိန် အောက်ခြေမလွတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တာ ၊ စိတ်ခံစားချက်တွေ Balance ဖြစ်ပြီး တော်တည့်မှန်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းတာ အားလုံးက ထိန်းချုပ်နိုင်စွမ်းရှိမှုရဲ့ အကျိုးကျေးဇူးတွေပါပဲ။

(၄) အလိုက်သင့်ပြောင်းလဲမှု ရှိပါ

Slogan

Photo: Pexels

အပြောင်းအလဲတွေနဲ့ ကြုံလာတဲ့အခါ တရားသေစိတ်အခံနဲ့ မဖြတ်သန်းဘဲ အခြေအနေပေါ် လိုက်ပြီး အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်နိုင်အောင် အလိုက်သင့် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ မယုံနိုင်အောင် ပြောင်းလဲနေတဲ့ ဘဝရေစီးမှာ ကိုယ့်စိတ်ကို အခြေအနေနဲ့ အလိုက်အလျားသင့် ပြောင်းလဲနိုင်စွမ်းရှိအောင် လေ့ကျင့်ထားဖို့ လိုပါတယ်။ ဒါမှသာ ခေတ်ရဲ့ ရှုပ်ထွေးတဲ့ အလှည့်အပြောင်းတွေအကြားမှာ ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo: greator