အမျိုးသားတွေမှာ အများဆုံး ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုက ချွေးအလွန်အကျွံ ထွက်ခြင်းပါပဲ။ ချွေးထွက်လွန်ခြင်းကြောင့်ပဲ ခန္ဓာကိုယ်မှာ အစိုဓာတ်နည်းသွားပြီး အနံဆိုးကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ပါတယ်။ ကွီးတို့ရဲ့ အဝတ်အစားတွေလည်း ချွေးထွက်မှုကြောင့် စိုစွတ်ပြီး နေရခက်သလို ချွေးကြောင့်ပဲ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေမှာအဖြစ်များတဲ့ ချိုင်းချွေး ထွက်တဲ့ ပြဿနာ ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရေများများ သောက်ပါ


Photo : Unsplash

ခန္ဓာကိုယ် အပူချိန်မြင့်လွန်းရင် ချွေးဂလင်းတွေကနေ ခန္ဓာကိုယ် ပြန်အေးအောင် ချွေးထုတ်ပေးပါတယ်။ ဒီတော့ ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ စားတာ ၊ ရေများများသောက်တာနဲ့ ခန္ဓာကိုယ်ကနေ ချွေးထွက်လွန်ခြင်းကို ထိန်းပေးပါ။ တစ်ရက်ကိုအနည်းဆုံး ရေ ၇ ခွက်ခန့် သောက်ပေးတာက ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး ချွေးအလွန်အကျွံ မထွက်ဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) အလေ့အကျင့်တွေ ပြောင်းပါ


Photo : Verywell Fit

နေ့တိုင်း ရေချိုးပေးပါ။ ချွေးထွက်များသူတွေဟာ လက်ကိုင်ပုဝါနဲ့ တစ်သျှူးတွေ ဆောင်သင့်သလို တရားထိုင်ခြင်းလိုမျိုး စိတ်ဖိစီးမှုကို သက်သာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ချွေးထွက်များခြင်းဟာ ကြောက်စိတ် ၊ စိုးရိမ်ပူပန်စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ဆေးဝါးအကူအညီရယူသင့်ပါတယ်။

(၃) အရမ်းကြပ်တဲ့ အဝတ်တွေ ရှောင်ပါ


Photo : HuffPost

ကိုယ့်ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ကိုယ်နဲ့ အံဝင်ခွင်ကျတဲ့ ဖက်ရှင်ကိုပဲ ဝတ်ပါ။ အဝတ်အစားကိုလည်း ချွေးစုပ်နိုင်တဲ့ ၊ အရောင်ရင့်ရင့် ဝတ်စုံတွေ ဝတ်ဖို့ လိုပါတယ်။ လိုအပ်ရင် အဝတ်အစား အပိုဆောင်ထားသင့်ပါတယ်။

(၄) ချွေးနံ့ပျောက်ဆေး သုံးကြည့်ပါ


Photo : Pexels

ချိုင်းလိမ်းဆေး Deodorants တွေဟာ ချွေးနံ့သက်သာစေပေမယ့် ချွေးအထွက်လွန်ခြင်းကိုတော့ မတားဆီးပေးနိုင်ပါဘူး။ ဒီအစား ချွေးထွက်တာကို ကာကွယ်ပေးမယ့် Antiperspirant တစ်မျိုးမျိုး ပြောင်းသုံးပါ။ Antiperspirant တွေဟာ ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်ကို တားဆီးပေးနိုင်ပြီး ချွေးကြောင့် ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်အောင် တားဆီးပေးပါတယ်။

(၅) အစားအသောက်ပြောင်းပါ

Photo : The Guardian

Fast Food နဲ့ အပူအစပ်စာတွေ စားတာ ရပ်တန့်ပြီး ခရမ်းချဉ်သီး ၊ သခွား ၊ ဖရဲသီးနဲ့ ပဲတို့လို လတ်ဆတ်ပြီး ရေဓာတ်မြင့်တဲ့ Diet ကို ပြောင်းစားပေးပါ။

Featured Photo : SPY