Valentine’s Day ဒါမှမဟုတ် ချစ်သူနှစ်ဦးရဲ့ နှစ်ပတ်လည်နေ့တွေနဲ့ တခြားရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်တွေအတွက် ပြီးပြည့်စုံတဲ့ Very Sexy Martini ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ နာမည်လေးအတိုင်း Sexy ကျကျ ဆွဲဆောင်မှုတဲ့ အရောင် ၊ အနံ့ ၊ အရသာနဲ့ ပြည့်စုံတဲ့ သောက်ချင်စဖွယ် ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။

Photo : Liquor.com

Very Sexy Martini ကော့လ်တေးကို ရက်စ်ဘယ်ရီသီး ၊ ပူစီနံ ၊ Citrus ဗော့ဒ်ကာ ၊ Lime Juice ၊ Rosé Champagne တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ ပြင်ဆင်ဖျော်စပ်နည်းက အရမ်းကို လွယ်ကူရိုးရှင်းပြီး ကိုယ်တိုင်ဖျော်စပ်ဖို့ သိပ်မခက်ပါဘူး။ နှစ်ပတ်လည်နေ့လေးတွေမှာ ချစ်သူလေးနဲ့ အတူတူ အိမ်မှာပဲ ချိုမြိန်ယစ်မူးတဲ့ စွဲမက်စရာ ကော့လ်တေးတစ်ခွက် ဖျော်စပ်သောက်ချင်သူတွေအတွက် ဖျော်စပ်နည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရက်စ်ဘယ်ရီသီး ၃ လုံး
  • ပူစီနံ ၅ ရွက်
  • Simple Syrup ၁ အောင်စ
  • Citrus ဗော့ဒ်ကာ ၂ အောင်စ
  • Lime Juice ၁ အောင်စ
  • Rosé Champagne ၂ အောင်စ

Photo : Liquor.com

ဖျော်စပ်နည်းကတော့ အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ ရက်စ်ဘယ်ရီသီး ၊ ပူစီနံရွက်နဲ့ Simple Syrup တို့ကိုရောထည့်ပြီး Muddler နဲ့ ချေပေးရပါတယ်။ ပြီးရင်တော့ ဗော့ဒ်ကာ ၊ Lime Juice နဲ့ ရေခဲအနည်းငယ် ပေါင်းထည့်ပြီး အေးခဲလာတဲ့အထိ ရှိတ်ပေးပါ။ ရှိတ်ထားတဲ့ ဖျော်ရည်ကို ကော့လ်တေးဖန်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်က Rosé Champagne ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ နောက်ဆုံးမှာတော့ ပူစီနံရွက်နဲ့ ရက်စ်ဘယ်ရီသီးလေးတွေ အလှဆင်ပြီး ချိုမြိန်ယစ်မူးတဲ့ Very Sexy Martini ကော့လ်တေးလေး အသင့်သောက်သုံးလို့ရပြီ ဖြစ်ပါတယ်။

Featured Photo : Liquor.com