ဝီစကီချည်းသက်သက် ၊ ဗော့ဒ်ကာချည်းသက်သက် မသောက်ချင်သူတွေကြောင့် ပေါ့ပေါးပါးပါး Summer Drinks တွေ ပေါ်ပေါက်လာခဲ့တာပါ။ ကော့တ်တေး တွေရဲ့ အရသာဟာ အပြင်းမကြိုက်သူတွေအတွက် မလေးမပင်နဲ့ ယစ်မူးချင်စရာ အရသာပေးနိုင်ပါတယ်။ ချိုမွှေးရှိန်းအေးတဲ့ ကော့တ်တေး အရသာချစ်သူတွေအတွက် အခုပြောမယ့် အမျိုးအစားလေးတွေ ရွေးချယ်နိုင်ပါတယ်။

(၁) Hot Toddy

Hot Toddy

Photo : BBC

လည်ချောင်းနာနေသူတွေနဲ့ အိပ်ပျော်ဖို့ ခက်နေသူတွေအတွက် Hot Toddy ကော့တ်တေး လေးက ဆေးတစ်လက်လည်း ဖြစ်နိုင်ပါတယ်။ Hot Toddy မှာ ရေတစ်ခွက် ၊ Black Tea ၁ အိတ် ၊ ပျားရည် ၁ ဇွန်း ၊ သံပရာရည် ၁ ဇွန်းခွဲ ၊ ဘော်ဘွန်းဝီစကီ ၁ အောင်စခွဲ ၊ သစ်ကြံ့ပိုးခေါက် ၁ ခု ၊ သံပရာသီးစိတ်တစ်ခြမ်းတို့ လိုပါတယ်။ အဆင့် ၁ အနေနဲ့ ရေနွေးဆူဆူတစ်ခွက်ထဲ Tea Bag လေး ၅ မိနစ်ကြာထည့်ပါ။

ပြီးရင် လက်ဖက်အိတ်ကို ဖယ်လို့ ရပါပြီ။ ခွက်ထဲက လက်ဖက်ရည်ကို မတ်ခွက်ထဲ ပြောင်းထည့်ပြီး မိုက်ခရိုဝေ့ဖ်နဲ့ စက္ကန့် ၂၀ ကြာ အပူပြန်ပေးပါ။ ပြီးရင် ပျားရည်ထည့်ပြီး ပျော်အောင် မွှေပါ။ သံပရာရည် ၊ ဘော်ဘွန်းနဲ့ သစ်ကြံ့ပိုးခေါက်လေး ထည့် ၊ ၁ မိနစ်ကြာ ထားပြီး အပေါ်က သံပရာခြမ်းလေးတပ် သုံးဆောင်ရုံပါပဲ။

(၂) Red Sangria

best-traditional-red-sangria-recipe-1024x576

Photo : recipes

Sangria ဟာ ဥရောပမှာ ခေတ်စားတဲ့ ကော့တ်တေး ထဲမှာ ပါပါတယ်။ ဆန်ဂရီယာအတွက် ဖန်အိုးကြီးတစ်ခုမှာ Merlot ဝိုင် ၁လုံး ၊ သကြား ၁ ခွက် ၊ Orange Liqueur ၁ ခွက် နဲ့ Brandy ၁ ခွက်တို့ကို သကြားပျော်တဲ့အထိ မွှေနေရမှာပါ။ ပြီးရင် Sparkling Water ဒါမှမဟုတ် Cold Lemon-Lime Soda ၃ ခွက် နဲ့ ကိုယ့်အကြိုက် သစ်သီးစိတ်လေးတွေ ထည့်ပြီး ရေခဲလေးတွေနဲ့ သုံးဆောင်ရုံပါပဲ။

(၃) French 75

French 75

Photo : tasteofhome

ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရှိတဲ့ Harry’s New York Bar မှာ ဖန်တီးခဲ့တဲ့ လက်ရာ ဖြစ်ပါတယ်။ French 75 အတွက် ကော့တ်တေးရှိတ်ခ်တဲ့ Shaker တစ်ခွက်ထဲ ရေခဲ လေးပုံ ၃ ပုံ ဖြည့်ပြီး Gin ၃/၄ အောင်စ ၊ သကြား ဒါမှမဟုတ် Simple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း ၊ နဲ့ သံပရာရည် ၂ ဇွန်း ထည့်ပြီး Shaker အပြင်ဘက် အမြှပ်တွေ ထွက်လာအောင် ၁၀-၁၅ စက္ကန့် Shake ပေးရမှာပါ။ ပြီးရင် Flute Glass ခွက်ရှည်ထဲ လောင်းထည့်ပြီး အပေါ်က ရှန်ပိန်လေးနည်းနည်း စွက်လိုက်ရင် သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : BBC