ချစ်တင်းနှောတဲ့အခါ တမူထူးခြားတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံကို ခံစားချင်တယ်ဆိုရင် ချောဆီ လေး သုံးပေးဖို့ အကြံပြုချင်ပါတယ်။ ချောဆီဟာ အတူနေချိန်မှာ ညင်သာနူးညံ့တဲ့ အထိအတွေ့ ခံစားမှုနဲ့ ကွီးတို့ရဲ့ အချစ်တွေကို ပိုမိုချောမွေ့မှု ရှိစေဖို့ များစွာ အကူအညီ ဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာတော့ ချောဆီကို လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ဘယ်လိုဘယ်ပုံ သုံးလို့ရတယ်ဆိုတာ ပြောပြပေးပါမယ်။

(၁) နှိပ်နယ်မှုအတွက် သုံးနိုင်တယ်

Lubricant
Photo : Momotaro Apotheca

လိင်ဆက်ဆံမှ မဟုတ်ပါဘူး။ စိတ်ရောကိုယ်ပါ တင်းမာမှုတွေကို ပြေလျော့စေပြီး သက်တောင့်သက်သာဖြစ်စေဖို့အတွက် နှိပ်နယ်ချိန်မှာ ချောဆီကို အသုံးပြုလို့ ရပါတယ်။ ချောဆီကို သံလွင်ဆီ ၊ မုန့်ညှင်းဆီတို့လိုပဲ နှိပ်နယ်ရာမှာ အသုံးပြုတဲ့ Massage Oil တစ်ခုအနေနဲ့ ကွီးတို့ သုံးနိုင်ပါတယ်။

(၂) ပါးစပ်နဲ့ နှစ်ပါးသွားတဲ့အချိန် သုံးနိုင်တယ်

Lubricant
Photo : Men’s Total Lifestyle Fitness

ပါးစပ်နဲ့ ချစ်တင်းနှောချိန်မှာ သုံးဖို့အတွက် အနံ့အရသာ ထည့်သွင်းထားတဲ့ ချောဆီတွေ သီးသန့်ထုတ်ထားပါတယ်။ အနံ့အရသာ ပါတဲ့ ချောဆီတွေဟာ ပါးစပ်တဲ့ ဆက်ဆံချိန်မှာ ချောမွေ့မှု ပိုရှိစေပြီး ခံစားမှုပိုမို ကောင်းစေဖို့အတွက်လည်း ကူညီပေးပါတယ်။ သတိထားရမှာတစ်ခုကတော့ အနံ့အရသာပါတဲ့ ချောဆီ တွေဟာ ထိုးသွင်းဆက်ဆံချိန်မှာ သုံးမယ်ဆိုရင် ဓာတ်မတည့်မှု ဖြစ်တက်ပါတယ်။

(၃) လက်နဲ့ နှိုးဆွတဲ့အခါ သုံးနိုင်တယ်

Lubricant
Photo : Verywell Health

လိင်တံ ၊ မိန်းမကိုယ်နဲ့ ရင်သားအပါအဝင် ခန္ဓာကိုယ်က အာရုံခံစားနိုင်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လက်နဲ့ ပွတ်သပ်နှိုးဆွချိန်မှာလည်း ချောဆီတွေကို အသုံးပြုလို့ ရပါတယ်။ ချောဆီ အနည်းငယ်ကို လက်ထဲမှာထည့်ပြီး လက်ချောင်းထိပ်လေးတွေနဲ့ စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်သပ်နှိုးဆွပေးမယ်ဆိုရင် လိင်စိတ်ခံစားမှု အမြင့်ဆုံးထိ ရောက်ရှိနိုင်ပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ ခံစားမှုကို ပြည့်ပြည့်ဝဝ ခံစားရရှိနိုင်မှာပါ။

(၄) စအိုနဲ့ ဆက်ဆံချိန်မှာ သုံးနိုင်တယ်

Lubricant
Photo : Indiana Steel Fabricating

စအိုဟာ မိန်းမကိုယ်လို သဘာဝချောဆီ မထုတ်ပေး နိုင်ပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံတဲ့အခါ ပွန်းပဲ့တာ ၊ နာကျင်မှု ခံစားရတာတွေ ကြုံရနိုင်ပါတယ်။ ဆိုတော့ စအိုနဲ့ ဆက်ဆံချိန်မှာ ချောချောမွေ့မွေ့ ရှိစေဖို့နဲ့ နာကျင်မှု နည်းစေဖို့  ချောဆီကိုတော့ ကွီးတို့ မဖြစ်မနေ သုံးပေးရမှာ ဖြစ်ပါတယ်။

Source : Durex India

Featured Photo : OncoPelvic PT