ချောဆီ တွေဟာ ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဘဝအတွက် အရေးပါတဲ့ အကူပစ္စည်း တစ်ခုပါပဲ။ ချောဆီကို လိင်ဆက်ဆံ နေစဉ်အတွင်းမှာ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို သက်သာစေနဲ့ ခံစားမှုပိုကောင်းစေဖို့အတွက် သုံးကြပါတယ်။ ချောဆီတွေဟာ အထိအတွေ့ ခံစားမှုအာရုံကို ပိုမိုကောင်းမွန်စေပြီး အထွတ်အထိပ် အော်ဂဇင် ခံစားမှုကို ပြည့်ပြည့်ဝဝ ခံစားနိုင်စေဖို့ ကူညီပေးပါတယ်။ ဒါပေမယ့်လည်း ချောဆီနဲ့ ပတ်သတ်ပြီး အချို့သောသူတွေမှာ လွဲမှားတဲ့ အမြင်နဲ့အထင်တွေ ရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ ချောဆီနဲ့ ပတ်သတ်ပြီး လွဲမှားနေတဲ့ အယူအဆ အမြင်တွေအကြောင်း ဆွေးနွေးရအောင်ပါ။
(၁) ချောဆီဟာ အသက်ကြီးတဲ့သူတွေနဲ့ အတွေ့အကြုံမရှိသူတွေ အတွက်ပဲ သုံးသင့်တယ်
Photo : Business Insider
ဒါဟာ အမှားကြီးပါ။ ချောဆီဟာ လူတိုင်းအတွက် အသက်အရွယ်မရွေး အတွေ့အကြုံ ရှိသူမရှိသူ မရွေး အသုံးပြုလို့ ရပါတယ်။ အသက်ကြီးကြီးငယ်ငယ် တစ်ခါတစ်လေမှာ လိင်အင်္ဂါတွေ ကနေ သဘာဝချောဆီ လုံလုံလောက်လောက် မထုတ်နိုင်တဲ့ အချိန်တွေမှာ ချောဆီကို ထပ်ပေါင်းအသုံးပြုတာက ချောမွေ့မှု ပိုရှိစေမှာဖြစ်သလို ခံစားမှုကိုလည်း ပိုကောင်းစေနိုင်ပါတယ်။
(၂) ချောဆီဟာ လိင်အင်္ဂါအတွင်း ထိုးသွင်းဆက်ဆံမှုအတွက်ပဲ သုံးရတယ်
Photo : Zoey SG
ချောဆီကို လိင်တံ ၊ မိန်းမကိုယ်နဲ့ စအိုတို့လို လိင်အင်္ဂါတွေမှာ သုတ်လိမ်းပြီး ထိုးသွင်းဆက်ဆံမှုအတွက် သုံးရတာ မှန်ပါတယ်။ သို့သော်လည်း ထိုးသွင်းဆက်ဆံမှု သီးသန့်ပဲ အသုံးပြုလို့ ရတာ မဟုတ်ပါဘူး။ တကယ်တော့ ချောဆီ တွေဟာ Foreplay အဆင့် ပွတ်သပ်နှိုးဆွမှု လုပ်ဆောင်ချိန်မှာလည်း အသုံးပြုလို့ရသလို လူကြီးကစားစရာ အရုပ်တွေနဲ့လည်း တွဲဖက်အသုံးပြုလို့ ရပါတယ်။
(၃) ချောဆီပါ ကွန်ဒုံးတွေသုံးရင် ချောဆီအပို ထပ်သုံးစရာမလိုဘူး
Photo : Verywell Health
Lubricated Condom မှာ ချောဆီ ပါဝင်ပြီးသား ဖြစ်ပေမယ့် ချောဆီအပို ထပ်သုံးစရာမလိုဘူးဆိုတာကတော့ မှားပါတယ်။ ကွန်ဒုံးမှာပါတဲ့ ချောဆီတွေက ခပ်ပါးပါးပဲ ပါလေ့ရှိတာပါ။ ထိုးသွင်းဆက်ဆံရာမှာ သက်တောင့်သက်သာနဲ့ ချောမွေ့မှုရှိစေဖို့အတွက် လုံလောက်တဲ့ ချောဆီ ပမာဏ မပါပါဘူး။ ဒါကြောင့် Lubricated Condom တွေ သုံးမယ်ဆိုရင်တောင် လိင်တံပေါ် ကွန်ဒုံး ဝတ်ဆင်ပြီးချိန်မှာ ချောဆီအပို ထပ်လိမ်းပေးသင့်ပါတယ်။
Source : Lifehacker
Featured Photo : Bed Intentions