ချောဆီ အကြောင်းကို သင်အမျိုးမျိုး ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ချောဆီဟာ လိင်မှုဆိုင်ရာသာယာမှုကို ပေးစွမ်းတဲ့အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်သလို လိင်မှုဘဝနဲ့ ကျန်းမာရေးအတွက်လည်း အပြုသဘောဆောင်တဲ့ ကောင်းကျိုးတွေ များစွာရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အိပ်ရာပေါ်မှာ သာယာပျော်ရွှင်ဖွယ် အခိုက်အတန့်တွေကို ဖန်တီးနိုင်ဖို့ ချောဆီ သုံးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိုစွတ်မှုကို မြှင့်တင်ပေးတယ်

Lube

Photo : Greatist

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ သဘာဝအတိုင်း ချောဆီကို ထုတ်လုပ်ပေးနိုင်ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ စိတ်ခံစားမှုအတက်အကျ ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် လိင်စိတ်တက်ကြွနေသည်တိုင်အောင် သဘာဝချောဆီမထုတ်လုပ်နိုင်ပဲ ခြောက်သွေ့နေတက်ပါတယ်။ ဒီလိုအခြေအနေမှာ စိုစွတ်မှုကို မြှင့်တင်ပေးဖို့အတွက် ချောဆီတွေက အကောင်းဆုံး အကူပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ချောဆီရဲ့အကူအညီကို ရယူပြီး သင့်ရဲ့ လိင်မှုဘဝ သာယာပျော်ရွှင်မှုကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

(၂) လုံခြုံပျော်ရွှင်မှုကို ပေးစွမ်းတယ်

Lube

Photo : www.self.com

ချောဆီ တွေဟာ လိင်ဆက်ဆံတဲ့အခါမှာ သာယာပျော်ရွှင်မှုကို တိုးမြင့်စေရုံသာမက လိင်မှတဆင့် ကူးစက်နိုင်တဲ့ ကူးစက်ရောဂါ ကူးစက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုရာမှာလည်း ပိုမို လွယ်ကူချောမွေ့စေတဲ့အပြင် စိုစွတ်မှုမြှင့်တင် ပေးနိုင်တဲ့အတွက် ပွတ်တိုက်မှုနည်းစေတာကြောင့် ဒဏ်ရာအနာတရ ဖြစ်နိုင်ခြေကိုလျှော့ကျစေပြီး ပိုမိုဘေးကင်းစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

(၃) အနောက်တံခါးကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်ကူစေတယ်

Lube

Photo : Poison Control

မိန်းမကိုယ်ကဲ့သို့ စအိုဟာ ကိုယ်ပိုင်ချောဆီ ထုတ်လုပ်မပေးနိုင်ပါဘူး။ ဒါကြောင့် စအိုနဲ့ဆက်ဆံတဲ့အခါမှာ ချောဆီ အသုံးမပြုဘူးဆိုရင် ခက်ခဲနိုင်ပြီး ပွန်းပဲ့ဒဏ်ရာအနာတရတွေ ရနိုင်ပါတယ်။ ချောဆီတွေက အနောက်တံခါးကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် ပိုမိုလွယ်ကူချောမွေ့စေပြီး သာယာမှုအထိအတွေ့နဲ့ လုံခြုံစိတ်ချမှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

(၄) မတူညီတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကို ဖန်တီးပေးနိုင်တယ်

Lube

Photo : Metro UK

အနံ့အရသာပါတဲ့ ချောဆီ အမျိုးအစားတွေကို မြင်ဖူးကြမှာပါ။ ဒါဟာ ပါးစပ်နဲ့ဆက်ဆံရာမှာ မတူညီတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ဖန်တီးနိုင်ဖို့အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ်။ ပါးစပ်နဲ့ ဆက်ဆံချိန်မှာ အနံ့အရသာပါတဲ့ ချောဆီတွေကို အသုံးပြုခြင်းဖြင့် ကွဲပြားတဲ့ အထိအတွေ့ ခံစားမှု ၊ ထူးခြားဆန်းသစ်တဲ့ ခံစားမှုရသတွေကို ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) ဘာလာလာ ဒေါင်းနိုင်တယ်

Lube

Photo : Astroglide

ချောဆီ တွေကို အသုံးပြုဖို့အတွက် ကန့်သတ်ချက် မရှိပါဘူး။ ချောဆီကို လိင်ဆက်ဆံရာမှာတင်မကပဲ တစ်ကိုယ်ရည် အာသာဖြေချိန်မှာဖြစ်ဖြစ် ၊ လူကြီးကစားစရာတွေနဲ့ ကစားရာမှာပဲ ဖြစ်ဖြစ် ပျော်ရွှင်စွာ အသုံးပြုနိုင်ပါတယ်။ ချောဆီကို ရေ အခြေခံ ၊ ဆီ အခြေခံနဲ့ ဆီလီကွန် အခြေခံ ဆိုပြီး ထုတ်လုပ်ထားပြီး သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။

Featured Photo : Health