ကွီးတို့ လိင်ကိစ္စအတွက် သုံးတဲ့ ချောဆီတွေမှာ ရိုးရိုးနဲ့ အရသာထည့်သွင်းထားတဲ့ ချောဆီတွေဆိုပြီး တွေ့ဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ဒီ ၂ မျိုးပဲ ရှိတာ မဟုတ်ပါဘူး။ Water-Based  ၊ Silicone-Based  ၊ Hybrid‌  နဲ့ Flavored ချောဆီဆိုပြီး အမျိုးအစား အမျိုးမျိုးရှိတာ ဖြစ်ပါတယ်။ ချောဆီ တစ်ခုချင်းစီမှာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပြီး အသုံးပြုပုံတွေဟာလည်း ကွဲပြားပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီချောဆီတွေအကြောင်း အကျယ်တဝင့် ပြောလိုက်ရအောင်ပါ။

(၁) Water-Based ချောဆီ

Lube

Photo : Business Insider

ရေအခြေခံ ချောဆီတွေကတော့ လူအများစု အသုံးများကြတဲ့ ချောဆီအမျိုးအစား တစ်ခုပါပဲ။ တစ်ကိုယ်ရည် အာသာခြေချိန်မှာပဲ ဖြစ်ဖြစ် ၊ လိင်ဆက်ဆံရာမှာပဲ ဖြစ်ဖြစ် ရေအခြေခံ ချောဆီတွေကို အသုံးပြုလို့ ရပါတယ်။ ရေအခြေခံ ချောဆီတွေရဲ့ အားသာချက်က လိင်ကိစ္စလုပ်ဆောင်ရာမှာ ချောမွေ့မှုကို တိုးစေပြီး ကွန်ဒုံးပေါက်ပြဲနိုင်ခြေကိုလည်း နည်းစေပါတယ်။ အားနည်းချက်ကတော့ လျင်မြန်စွာ ခြောက်သွေ့တတ်တာကြောင့် လိင်ကိစ္စလုပ်ဆောင်နေစဉ် တစ်လျှောက်လုံးမှာ ထပ်ခါထပ်ခါ ထည့်သုံးပေးဖို့ လိုပါတယ်။

(၂) Silicone-Based ချောဆီ

Lube

Photo : Women’s Health Week

ဆီလီကွန်အခြေခံ ချောဆီတွေဟာ လိင်ဆက်ဆံရာမှာ ချောမွေ့မှုပိုရှိစေဖို့ သေချာဒီဇိုင်းထုတ်ထားတဲ့အတွက် အဓိကအားဖြင့် စအိုနဲ့ လိင်ဆက်ဆံရာမှာ အသုံးပြုဖို့ အထူးသင့်လျော်ပါတယ်။ သို့သော်လည်း အားနည်းချက်ကတော့ ကွန်ဒုံးတွေကို အလွယ်တကူ ပေါက်ပြဲစေတက်သလို ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ လူကြီးကစားစရာ အရုပ်တွေနဲ့ တွဲသုံးမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။

(၃) Hybrid ချောဆီ

Lubex

Photo : Amazon.in

Hybrid ချောဆီဆိုတာကတော့ ဆီလီကွန်နဲ့ ရေအခြေခံ ချောဆီတို့ကို ရောစပ်ထုတ်ထားတဲ့ ချောဆီအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ရေအခြေခံ ချောဆီတွေရဲ့ အားသာချက်လည်း ရနိုင်သလို ဆီလီကွန်အခြေခံ ချောဆီတွေရဲ့ အားသာချက်ကိုလည်း Hybrid ချောဆီတွေကနေ ရနိုင်ပါတယ်။ သို့သော်လည်း Hybrid ချောဆီတွေက ဆီလီကွန်နဲ့ လုပ်ထားတဲ့ လူကြီးကစားစရာ အရုပ်တွေကိုတော့ ပျက်စီးစေတက်တာကြောင့် Silicone Toys တွေနဲ့ တွဲသုံးဖို့တော့ အဆင်မပြေနိုင်ပါဘူး။

(၄) Flavored ချောဆီ

Lube
Photo : The Butters Hygienics Co.

စတော်ဘယ်ရီအရသာ ၊ ချောကလက်အရသာ Flavored ချောဆီတွေကို ကွီးတို့ တွေ့ဖူးကြမယ်ထင်ပါတယ်။ အရသာထည့်သွင်းထားတဲ့ ချောဆီတွေ ဖြစ်တာနဲ့အညီ Flavored ချောဆီတွေဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှာ အသုံးပြုဖို့အတွက်သာ အနံ့အရသာတွေကို ထည့်သွင်းထုတ်လုပ်ထားတာပါ။ အနံ့အရသာ ပါဝင်တဲ့အတွက် ထိုးသွင်းဆက်ဆံမှုမှာ အသုံးပြုမယ်ဆိုရင် လိင်တံနဲ့ မိန်းမကိုယ်တို့ကို ယားယံစေတာ ၊ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။

Source : Lifehacker 

Featured Photo : Durex India