ကော့လ်တေး အမိုက်စားလေးတွေမှ သောက်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အပေါ်ယံမှာ လှပတဲ့ အမြှုပ်လေးတွေနဲ့ ချောမွေ့ပြေပျစ်တဲ့ အရသာ Boston Sour ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ကွီးတို့က ဂန္ထဝင်ကော့လ်တေး တစ်ခွက်ဖြစ်တဲ့ ဝီစကီ Sour ရဲ့အရသာကို ကြိုက်တဲ့သူတစ်ယောက်ဆိုရင် Boston Sour ကိုလည်း သေချာပေါက် ကြိုက်နှစ်သက်ကြပါလိမ့်မယ်။

Photo : A Couple Cooks

Boston Sour ကို ဘော်ဘွန်း ဝီစကီ ၊ သံပုရည် ၊ Simple Syrup သို့မဟုတ် Maple Syrup ၊ ကြက်ဥအကာတို့နဲ့ ဖျော်စပ်ပါတယ်။ အရသာကတော့ တကယ်ကို ချောမွေ့ပြေပြစ်ပြီး လန်းဆန်းစေတဲ့ ကော့လ်တေးတစ်ခွက်ပဲ ဖြစ်ပါတယ်။ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေပြီး Dinner ပါတီ ၊ ညပါတီနဲ့ Happy Hour Drink ၊တွေအနေနဲ့ သောက်လို့ အဆင်ပြေပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲကို ဘော်ဘွန်း ဝီစကီ ၂ အောင်စ ၊ သံပုရည် ၁ အောင်စ ၊ Simple Syrup သို့မဟုတ် Maple Syrup အောင်စဝက် ၊ ကြက်ဥအကာ ၁ လုံးတို့ကို ရေခဲမပါပဲ ရောထည့်ပြီး သမအောင် ရှိတ်ပေးရပါမယ်။ ပြီးရင်တော့ ရေခဲအနည်းငယ် ထပ်ထည့်ပြီး နောက်ထပ် စက္ကန့် ၃၀ လောက် ထပ်ရှိတ်ပေးပါ။ အသင့်ပြင်ဆင်ထားတဲ့ ကော့လ်တေး ဖန်ခွက်ထဲကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး ဖျော်ရည်ရဲ့ အပေါ်ယံလွှာကို အမြုပ်လေးတွေနဲ့ အလှဆင်ပါ။ နောက်ဆုံးအနေနဲ့ လိမ္မော်ခွံ ၊ ကော့လ်တေးချယ်ရီသီးလေးတွေ ဖန်ခွက်နှုတ်ခမ်းဝမှာတင်ပြီး ချောမွေ့ပြေပျစ်တဲ့ အရသာ Boston Sourတစ်ခွက်ကို အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Difford’s Guide