ချဲလ်ဆီးနောက်ခံလူဟာ ယူကေအစိုးရရဲ့ ချဲလ်ဆီးအသင်းအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပါတယ်။

Chelsea defender Antonio Rudiger frustrated after FA Cup Final Loss

Photo: The Sun

အသက် ၂၉ နှစ်အရွယ် ဂျာမန်နောက်ခံလူဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၁၅၀၀၀ နဲ့ ၄ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ သတင်းတွေက ရူဒီဂါအနေနဲ့ ၅ နှစ်ကြာနေထိုင်ခဲ့တဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာမှုဟာ ယူကေ အစိုးရရဲ့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးညှိနှိုင်းခွင့် ပိတ်ပင်ခဲ့မှုကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

Antonio Rudiger

Photo: Daily Mail

ဒါပေမယ့်လည်း ဂျာမနီလက်ရွေးစင် နောက်ခံကစားသမားက ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ခံရတာကြောင့် မဟုတ်ဘူးလို့ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ “အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော် ဒီကိစ္စတွေကို အတွင်းကျကျကြီး ပြောမပြချင်ပါဘူး။ အဆုံးမှာတော့ အဲဒါက တစ်ဖက်တည်းကြောင့် မဟုတ်ပါဘူး။ ၂ ဖက်စလုံးအတွက်ပါ။ ချဲလ်ဆီးက ကျွန်တော့်ကို အရမ်းကောင်းခဲ့တယ်။ ကျွန်တော်လည်း ချဲလ်ဆီးကို အရမ်းကောင်းခဲ့ပါတယ်”

Rudiger actions against Liverpool At Wembley

Photo: Independent

“အမြဲတမ်းပဲ ကျွန်တော် အရမ်း အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော် ဒီမှာ လူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။ ကျွန်တော့်ကလေးတွေလည်း ဒီမှာ မွေးဖွားခဲ့ပြီး အရာအားလုံးက ဒီမှာပဲရှိနေခဲ့တာပါ။ လန်ဒန်နဲ့ အထူးသဖြင့် ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ အမြဲတမ်း ထူးခြားနေမှာပါ။ နိမ့်လိုက်၊ မြင့်လိုက်နဲ့ ၅ နှစ်က သာမန်ပဲ ဖြစ်ခဲ့ပေမယ့် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီးနဲ့ပါ။ အဲဒါကြောင့်ပဲ ကျွန်တော် ပိုပြီးတောင် စိတ်ပျက်ခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မတူညီတဲ့ အဆုံးသတ်မျိုး ရှိချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro