ကွီးတို့ရဲ့ အိမ်ကို လှလှပပ အလှဆင်ချင်ပေမယ့် ငွေကုန်ကြေးကျ အများကြီး အကုန်မခံချင်လို့ စိတ်ညစ်နေပါသလား။ ဒီလိုမျိုး ခြိုးခြံ ချွေတာ ချင်တဲ့ ကွီးတို့အတွက် DIY နည်းလမ်းနဲ့ အလှဆင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ကွီးတို့ ဧည့်ခန်းကို ကိုယ့် စိတ်ကြိုက်လည်း အလှဆင်နိုင်မှာ ဖြစ်သလို ငွေကုန် ကြေးကျလည်း အများကြီး ကုန်မှာ မဟုတ်ပါဘူး။

(၁) နံရံပေါ်မှာ ဓာတ်ပုံများကို တွဲချထားကာ အလှဆင်ပါ

နံရံပေါ်မှာ ဓာတ်ပုံများကို တွဲချထားကာ အလှဆင်ပါ

ကွီးတို့ရဲ့ လှတပတ ဓာတ်ပုံလေးတွေကို ကြွားလုံးလည်း ထုတ်လို့ရ၊ ကိုယ့်ရဲ့ ဧည့်ခန်းကိုလည်း အလှဆင်၊ တစ်ချက်ခုတ် နှစ်ချက်ဖြတ် နည်းလမ်းလေးဖြစ်သွားချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။ သစ်သားပြားလေးတစ်ပြားကို အရင်ဦးဆုံး ဆေးသုတ်ထားကာ အခြောက်ခံပါ။ သစ်သားက ခြောက်သွားပြီဆိုရင်တော့ ဓာတ်ပုံလေးတွေ တွဲလောင်းချိတ်ထားလို့ရအောင် နံရံပေါ်မှာ ရိုက်ထားလိုက်ပါ။ ထို့နောက် သံချောင်းများကို အကွာအဝေးညီညီ ရိုက်ထားလိုက်ပါ။ ပြီးရင်တော့ ဓာတ်ပုံများကို ပုံပါအတိုင်း ချိတ်ဆွဲထားလို့ရနိုင်ပါပြီ။

(၂) ပြတင်းပေါက်နားမှာ ထိုင်ရင်း အေးအေးလူလူ အချိန်ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက်

ခြိုးခြံ DIY

ပြတင်းပေါက်နားမှာ လူတစ်ယောက်စာ ထိုင်လို့ရမယ့် နေရာလေးကို အခုလိုမျိုးပဲ ပြင်ဆင်ထားနိုင်ပါတယ်။ အိမ်ဆောက်ကတည်းက ဒီလိုလေး မပါလည်း ရပါတယ်။ ကွီးတို့ဘာသာ သစ်သားခုံတစ်ခု အသေ ထပ်ရိုက်ကာ ကွီးတို့ စိတ်ကြိုက် အားရပါးရ အလှဆင်နိုင်ပါတယ်။ ကူရှင်လေးတွေ တစ်ခုနဲ့ တစ်ခု ဆင့်ပြီးလည်း အခုလိုမျိုး အလှဆင်နိုင်ပါတယ်။ ထပ်ပြီး ပြီးပြည့်စုံစေချင်တယ်ဆိုရင်တော့ အပင်ငယ်များ ထပ်ထည့်ကာ အခုလိုပဲ အလှဆင်နိုင်ပါတယ်။

(၃) အပင်ငယ်များနဲ့ အခုလို အလှဆင်ပါ

ခြိုးခြံ DIY

ကွီးတို့ရဲ့ ဧည့်ခန်းကို အပင်ငယ်များနဲ့ အလှဆင်ထားမယ်ဆိုရင် ကြည့်ရတာ မျက်စိ ပသာဒဖြစ်စေပြီး စိတ်အပန်းလည်း ပြေစေပါတယ်။ ဧည့်ခန်းရဲ့ ထောင့်တစ်နေရာမှာ အပင်ငယ်များ တင်ထားမယ့် စင်နှစ်ခုကို နံရံပေါမှာ ရိုက်ထားလိုက်ပါ။ ထို့နောက် နံရံပေါ်မှာ တံခါးပေါက်ပုံသဏ္ဍာန် ဘောင်လေးလုပ်ထားပြီး အစိမ်းနုရောင်လေး သုတ်ထားလိုက်ပါ။ ထို့နောက် ကွီးတို့ ကြိုက်နှစ်သက်ရာ အပင်ငယ်များ တင်ထားကာ အလှဆင်နိုင်ပါတယ်။ ထိုနားလေးမှာ ထိုင်ခုံလေးတစ်လုံးထားပြီး ထိုင်မယ်ဆိုရင်လည်း စိတ်လက် အပန်းပြေမှာ အမှန်ပါပဲ။

(၄) ပန်းချီကားများနဲ့ အလှဆင်ပါ

ခြိုးခြံ DIY

ပန်းချီကားတွေဆိုတာသည် အဓိပ္ပါယ်အများကြီး ပြည့်နှက်နေပြီး ကြည့်ရှုသူက မိမိစိတ်တိုင်းကျ စိတ်လွတ် လက်လွတ် အဓိပ္ပါယ် ဖွင့်ဆိုနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ဧည့်ခန်းကို ပန်းချီကားများနဲ့ အလှဆင်ချင်တယ်ဆိုရင်တော့ အခုလိုမျိုး တစ်ဝက် ပန်းချီကားလေးနဲ့ အလှဆင်နိုင်ပါတယ်။ ထိုင်ခုံကိုလည်း ပန်းချီကားများနဲ့ လိုက်ဖက်အောင် တစ်ဝက် ဆေးသုတ်ထားကာ ဧည့်ခန်းကို မော်ဒန် အနုပညာဆန်ဆန် အလှဆင်နိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဧည့်ခန်းကို ခြိုးခြံ ချွေတာလို့ရတဲ့ DIY နည်းနဲ့ အလှမဆင်ချင်ဘူးလား။

Source: Goodhousekeeping

Featured Image: Designcafe