မိုလ်ဘိုင်းဂိမ်းဆိုရင် စာရေးသူတို့ ယောကျာ်းလေးတိုင်းနီးပါး ကြိုက်နှစ်သက်ဆော့ကြတာ ဘောလုံးဂိမ်းတွေပါပဲ။ ပုံမှန်ဘောလုံးဂိမ်းတွေကတော့ ခြေထောက်နဲ့ကန်ရတဲ့ ဘောလုံးဂိမ်းတွေပါ။ ဒါပေမယ့် ကွီးတို့က ခြေထောက်နဲ့ကန်တဲ့ ဘောလုံးဂိမ်း တွေကိုပဲ ဆော့ကစားရတာ ငြီးငွေ့လာပြီဆိုရင်တော့ အမေရိကန်ဘောလုံး (NFL) လို့ခေါ်တဲ့ လက်နဲ့ပစ်ရတဲ့ ဘောလုံးဂိမ်းတွေကို ပြောင်းဆော့ကြည့်ဖို့ ညွှန်းချင်ပါတယ်။

(၁) CBS Franchise Football

Source : Daniel Watkins

CBS Franchise Football ဘောလုံးဂိမ်း လေးကတော့ Free To Play ဆော့ကစားလို့ရပြီး ဂရပ်ဖစ်ရော ၊ Game Play ပုံစံပါ မိုက်တဲ့ NFL Simulator ဂိမ်းတစ်ခု ဖြစ်ပါတယ်။ NFL နာမည်ကြီး Players တွေ ၊ Teams တွေ ၊ ပြင်ပပြိုင်ပွဲတွေအတွင်းက လှုပ်ရှားမှုပုံစံတွေ အားလုံးကို မှီငြမ်းထည့်သွင်းပေးထားပြီး ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်ဖြစ် ကစားနိုင်မယ့် ဂိမ်းအမိုက်စားတစ်ခု ဖြစ်ပါတယ်။

(၂) Fanatical Football

 

Source : Mouse Games

Fanatical Football ကတော့ Unofficial ဘောလုံးဂိမ်း တစ်ခုဖြစ်ပါတယ်။ စိတ်ကူးယဉ်ဖန်တီးထားတဲ့ အသင်းတွေ ၊ ကစားသမားတွေနဲ့ Run Plays ပုံစံတွေ Score Touchdowns တွေ ပါပါတယ်။ ဂရပ်ဖစ်ကတော့ Second-Rate မှာသာရှိပြီး Two Play Modes ၊ Player Upgrades နဲ့ Power-ups တို့လို Features တွေ အများကြီး ပါဝင်ပါတယ်။ ဒီဂိမ်းမှာ Bug တွေလည်း ရှိတက်ပြီး အခုလက်ရှိအထိတော့ Free To Play ဆော့ကစားလို့ ရနေသေးတဲ့ NFL ဘောလုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၃) Ted Ginn: Kick Return Football

 

 

Source : Joe Hopkins

Ted Ginn- Kick Return Football ကတော့ တော်တော်လေး ဂျွတ်တဲ့ ဘောလုံးဂိမ်း တစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဂိမ်း Play ပုံစံက တော်တော်လေး ရိုးရှင်းလွယ်ကူပြီး အထာကျတဲ့ One-Handed Controls တွေနဲ့ Player Upgrades / Tournaments Upgrades Features တွေလည်း ပါဝင်ပါတယ်။ ဒီဂိမ်းက NFL ဘောလုံးဂိမ်းတွေထဲမှာ တော်တော်လေး စွဲမက်စရာကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီးတော့ Free To Play ဆော့ကစားလို့ ရပါတယ်။

Source : Android Authority

Featured Photo : TouchGameplay