စိတ်လှုပ်ရှားစရာကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းတွေ၊ အက်ရှင် မိုဘိုင်းလ်ဂိမ်း တွေ ဆော့ရတာရိုးလာပြီလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် တစ်မူထူးခြားအောင် ထိတ်လန့် ခြောက်ခြားဖွယ် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း များကို ဖော်ပြပေးချင်ပါတယ်။

(၁) Horrorfield Multiplayer Horror

Source : Kumar Gameplay

ကွီးတို့ကို ပထမဆုံးဖော်ပြချင်တဲ့ ထိတ်လန့် ခြောက်ခြားဖွယ် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ Horrorfield Multiplayer Horror ပဲဖြစ်ပါတယ်။ ဒီ ဂိမ်းဟာ အသင်းအဖွဲ့နဲ့ကစားရတဲ့ ကြောက်စရာကောင်းတဲ့ အွန်လိုင်း အက်ရှင် မိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒီ ဂိမ်းမှာ ကစားသမားများ ကိုယ်တိုင် လူသတ်သမား လုပ်မလား သို့မဟုတ် လူသတ်သမားလက်မှ လွတ်မြောက်ရန် ကစားရတဲ့ ၇ ယောက်အုပ်စုမှာ ပါမလားဆိုတာတော့ ကွီးတို့ကိုယ်တိုင် ရွေးချယ်လို့ရပါတယ်။ Graphic အမိုက်စားတွေနဲ့ ဒီဂိမ်းကို iOS နဲ့ရော Android မှာပါ ကစားလို့ရပါတယ်။

(၂) Dead by Daylight

Source : IGN

ဒီဂိမ်းကလည်း ကြောက်မက်ဖွယ်ကောင်းပြီး ကစားသူအများအပြားနဲ့ ကစားလို့ရတဲ့ ထိတ်လန့်ဖွယ် မိုဘိုင်းလ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကစားသမားများက ဇာတ်ကောင်အမျိုးမျိုးကို ရွေးချယ်နိုင်ပြီး အသက်ရှင်ကျန်ရစ်သူများအဖြစ် ကစားမလား သို့မဟုတ် ကိုယ်တိုင် လူသတ်သမားအဖြစ် ကစားမလား စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ထို့အပြင် ကစားသမားများက Ghost Face၊ Michael Myers နှင့် Amanda Young တို့အပါအဝင် အထင်ရှားဆုံးရုပ်ရှင် လူသတ်သမားအချို့ကို ကစားမဲ့ဇာတ်ကောင် အဖြစ်ရွေးချယ်နိုင်ပါသေးတယ်။ ဒီဂိမ်းကို iOS နဲ့ရော Android မှာပါ ကစားလို့ရပါတယ်။

(၃) The Room: Old Sins

Source : Adventure’s Index

နောက်ထပ်ဖော်ပြချင်တဲ့ ခြောက်ခြားဖွယ် မိုဘိုင်းလ်ဂိမ်း တစ်ခုကတော့ The Room: Old Sins ပဲဖြစ်ပါတယ်။ ဒီဂိမ်းဟာ ပဟေဠိဂိမ်းများထဲမှ အကောင်းဆုံး တစ်ခုအဖြစ် ချီးကျူးခံရပြီး ဆုပေါင်းများစွာရထားတဲ့ ကြောက်မက်ဖွယ် လွတ်မြောက်ခန်းဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာ လူသတ်သမားများ၊ သွေးများ မပါရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့် ထူးခြားသောဇာတ်လမ်းတစ်ခုပါရှိပြီး ထိတ်လန့်ဖွယ်ရာဂိမ်းများကို နှစ်သက်တဲ့ ကွီးတို့အတွက်အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းကိုလည်း iOS ရော Android မှာပါ ကစားလို့ရပါတယ်။

(၄) Limbo

Source : Playdead

ဒီဂိမ်းကိုလည်း iOS ရော Android မှာပါ ကစားလို့ရပါတယ်။ ဒီဂိမ်းမှာ ကစားသူများက သူ့ရဲ့ညီမကို ရှာဖွေနေသော အမည်မဖော်လိုသူ‌ကောင်လေးကို ထိန်းချုပ်ပြီးကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းကစားသူများက ကြောက်မက်ဖွယ်ကောင်းသော နေရာများကို ဖြတ်သန်းပြီး ထောင်ချောက်မျိုးစုံကို ရှောင်ရှားရမှဖြစ်ပါတယ်။ Limbo က ၎င်းရဲ့ ထူးခြားသောပုံစံဖြင့် အလွန်ကြောက်စရာကောင်းတဲ့ ပဟေဠိ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ အမိုက်စား အပြင်အဆင်များဖြင့် ပုံမှန်မဟုတ်သော ဂိမ်းများကို ဆော့ကစားလိုတဲ့ ကွီးတို့အတွက် ပြီးပြည့်စုံသော ထိတ်လန့်ဖွယ်ရာ မိုဘိုင်းဂိမ်း ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ အားလပ်ရက်မှာ ဆော့ကစားနိုင်ဖို့ ထိတ်လန့် ခြောက်ခြားဖွယ် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း များပဲဖြစ်ပါတယ်။ ဒီဂိမ်းတွေကို ကွီးတစ်ယောက်တည်းပဲ ဖြစ်စေ၊ ဘော်ဒါတွေနဲ့ ဖြစ်စေ အတူကစားလို့ရတော့ တကယ်ကို အဆင်ပြေတာပေါ့။

Source : GAMERANT

Featured Photo : Bloody Disgusting