ဒီလို အေးတဲ့ရာသီဥတုကြောင့် အသားအရေ ခြောက်သွေ့နေပါသလား။ အေးမြတဲ့ လေတိုက်ခြင်း ကြောင့်လည်းကောင်း၊ စိုထိုင်းဆနည်းသော ရာသီဥတု အခြေအနေတို့ကြောင့် လည်းကောင်း၊ ဒီလို ရာသီဥတုမှာ အသားအရေ ခြောက်သွေ့လာကာ အသားအရေ ပြဿနာလေးတွေ ပိုမို ဖြစ်လာနိုင်ပါတယ်။ နဂို ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေပိုင်ရှင် ဖြစ်စေ၊ ရာသီဥတုကြောင့် အသားအရေ ခြောက်သွေ့လာတဲ့ အမျိုးသားတို့အတွက် ဖြစ်စေ၊ ဒီဆောင်းပါးလေးမှာ အသားအရေ ထိန်းသိမ်းနည်းများ ကို ဝေမျှပေးချင်ပါတယ်။

နူးညံ့သော မျက်နှာသစ်ဆေးကို အသုံးပြုပါ

ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေ

Photo : Pond 5

ရာသီဥတုကြောင့် ဖြစ်စေ၊ နဂို ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေ ပိုင်ရှင် ဖြစ်စေ ၊ အသားအရေ ပြန်လည် စိုပြေဖို့အတွက် လိုအပ်တာကတော့ အစိုဓာတ်ထိန်းသိမ်းဖို့ပါပဲ။ အရင်ဆုံး တစ်နေ့လျှင် နှစ်ကြိမ်ခန့် မျက်နှာကို သေချာ ဆေးကြောသန့်စင်ပါ။ အကယ်၍ အရေပြားကို သေချာစွာ ဆေးကြောသန့်စင်ခြင်းမရှိပါက တစ်နေ့တာအတွင်း မျက်နှာကို ထိတွေ့လာတဲ့ အညစ်အကြေးတွေက ကွီးတို့ရဲ့ မျက်နှာ ချွေးပေါက်များကို ပိတ်ဆို့စေပြီး ဝက်ခြံပေါက်ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ခြောက်သွေ့သော အသားအရေကို လိုက်ပြီး အစိုဓာတ်ပါတဲ့ နူးညံ့သော မျက်နှာသစ်ဆေးကို အသုံးပြုပါ။

Exfoliate လုပ်ပါ

ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေ

Photo : Harley Clinic

ဆောင်းရာသီမှာ များသောအားဖြင့် အသားအရေဟာ ခြောက်သွေ့လာပြီး မွဲခြောက်ခြောက် ဖြစ်လာတတ်ပါတယ်။ ထို့နောက် အရေပြားဆဲလ်သေတွေစုပုံလာတာကြောင့် အရေပြားကို မညီမညာဖြစ်စေပြီး ကြမ်းတမ်းလာစေပါတယ်။ အသားအရေက မွဲခြောက်ပြီး ကြမ်းတမ်းလာတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်ကို အသုံးပြုတာက အထောက်အကူမဖြစ်ပါဘူး။ ဒါကြောင့် ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပုံမှန် Exfoliate လုပ်သင့်ပါတယ်။ Exfoliation လုပ်ခြင်းဖြင့် အရေပြားဆဲလ်သေများ၊ ချွေးပေါက်အတွင်းရှိ အညစ်အကြေးများနှင့် ဆီဘမ်များကို ဖယ်ရှား သန့်စင်ပေးပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အသားအရေကို နူးညံ့စေပြီး မွဲခြောက်တဲ့အသားအရေကို တောက်ပစေနိုင်ပါတယ်။

အစိုဓာတ်ထိန်း ခရင်မ် (Moisturizer) သုံးပါ

ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေ

Photo : Fashion Gone Rogue

ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေ ပိုင်ရှင် အမျိုးသားတို့အတွက် မဖြစ်မနေ အသုံးပြုပေးရမှာကတော့ အစိုဓာတ်ထိန်း ခရင်မ် (Moisturizer) ပဲ ဖြစ်ပါတယ်။ Moisturizer က အသားရေထိန်းသိမ်းမှုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Moisturizer ဟာ မျက်နှာ အသားအရေကို ရေဓာတ်ပြည့်ဝပြီး ခြောက်သွေ့မှုကင်းကာ စိုပြေစေပါတယ်။ ကွီးတို့အနေနဲ့ အခြားသော Skin Care များကို အဆင့်ဆင့် ဆက်လက်မလိမ်းချင်ဘူး ဆိုလျှင်တောင် Moisturizer ကိုတော့အမြဲလိမ်းပေးဖို့ လိုပါတယ်။

Shaving Cream ကိုအသုံးပြုပါ

shaving cream

Photo : Nivea

အမျိုးသားများအနေနဲ့ မုတ်ဆိတ်ရိတ်တဲ့ အခါ Shaving Cream ကိုအသုံးမပြုဘဲ ဓားနဲ့ ရိတ်ခြင်းက မတော်တဆ ဒဏ်ရာသေးသေးလေးတွေ ဖြစ်ပြီး အသားအရေကို ပိုမိုပျက်စီးစေပါတယ်။ ဒါ့ကြောင့် မုတ်ဆိတ်ရိတ်တဲ့အခါ Shaving Cream ကိုအသုံးပြုပေးပါ။ မုတ်ဆိတ်ရိတ်ခရင်မ် (သို့) မုတ်ဆိတ်ရိတ်ဆေးရည်က ကွီးတို့မျက်နှာရှိ မုတ်ဆိတ်မွှေးများရိတ်ရမှာ လွယ်ကူစေပြီး အောက်ခံအရေပြားကိုပါ ရေဓာတ်ထိန်းသိမ်းပေးတဲ့ အပြင် မျက်နှာအသားအရေ ပေါ်မှာ ထိခိုက်ဒဏ်ရာ ဖြစ်ခြင်းကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ကြက်သီးနွေးရေ ဖြင့် ရေချိုးပါ

skincare tips for dry skin

Photo : Vista Create

ကွီးတို့ရေ ဒီလိုအေးတဲ့ ရာသီဥတုမှာ အနည်းငယ်ပူသော ရေနွေးဖြင့် ရေချိုးတာကလည်း ကွီးတို့အသားအရေမှ သဘာဝ အဆီများကို ဖယ်ရှားပစ်ကာ မျက်နှာအသားအရေအပြင် ခန္ဓာကိုယ် အရေပြားကိုပါ ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ကြက်သီးနွေးရေကိုသာ အသုံးပြုပါ။

အခုဖော်ပြပေးလိုက်တဲ့ အသားအရေ ထိန်းသိမ်းနည်းလေးတွေက ခြောက်သွေ့ပြီး မွဲခြောက်သော အသားအရေပိုင်ရှင် အမျိုးသားတို့အတွက် အသားအရေပြန်လည် စိုပြေစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။

Source : Harley Clinic

Featured Photo : Moquer