ရော့ခ်ဂီတ သမိုင်းမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဂန္တဝင် ရော့ခ်တေးဂီတ အဖွဲ့တွေ များစွာရှိပါတယ်။ အကောင်းဆုံး Classic Rock Bands တွေဟာ ခေတ်အဆက်ဆက် လူကြိုက်များခဲ့သလို ဒီနေ့ခေတ်အထိ အောင်မြင်ကျော်ကြားမှု ရရှိနေကြဆဲ ဖြစ်ပါတယ်။ ဒီထဲကမှ ရော့ခ်ဂီတ သမိုင်းတစ်လျောက်မှာ သြဇာအကြီးမားဆုံး ဂန္တဝင် ရော့ခ်တေးဂီတ အဖွဲ့အချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) The Beatles

Source : The Beatles

John Lennon ၊ Paul McCartney ၊ George Harrison နဲ့ Ringo Starr တို့ ပါဝင်တဲ့ The Beatles အဖွဲ့ကတော့ ရောခ့်သမိုင်းတစ်လျောက်မှာ သြဇာအကြီးမားဆုံး ဂန္တဝင် ရော့ခ်တေးဂီတ အဖွဲ့တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း အယ်လ်ဘမ်ပေါင်း သန်း ၆၀၀ ကျော်ရောင်းချနိုင်ခဲ့တဲ့ ထာဝရ ရောင်းအားအကောင်းဆုံး တေးဂီတအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ The Beatles အဖွဲ့ဟာ ဒီနေ့ခေတ်အထိ လူကြီးလူငယ် အသက် အရွယ်မရွေး ကြိုက်နှစ်သက်တဲ့ Classic Rock Band တွေထဲက တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။

(၂) The Rolling Stones

Source : ABKCOVEVO

Rolling Stones ကတော့ ၁၉၆၂ ခုနှစ်က လန်ဒန်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အကျော်ကြားဆုံး ရော့ခ်ဂီတအဖွဲ့  ဖြစ်ပါတယ်။ Rolling Stones ရော့ခ်ဂီတအဖွဲ့မှာ အဆိုသမား Mick Jagger ၊ တူရိယာပညာရှင် Brian Jones ၊ ဂစ်တာသမား Keith Richards ၊ ဘေ့စ်သမား Bill Wyman နဲ့ ဒရမ်သမား Charlie Watts တို့ ပါဝင် ဖွဲ့စည်းထားပါတယ်။ The Rolling Stones အဖွဲ့ဟာ ရော့ခ်သမိုင်းတစ်လျောက် ခေတ်အဆက်ဆက် အကောင်းဆုံး ဂန္တဝင် ရော့ခ်ဂီတအဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။

(၃) Led Zeppelin

Source : Led Zeppelin

အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ Led Zeppelin ကို ၁၉၆၈ ခုနှစ်က လန်ဒန်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ Led Zeppelin ရော့ခ်ဂီတအဖွဲ့မှာ အဆိုသမား Robert Plant ၊ ဂစ်တာသမား Jimmy Page ၊ ဘေ့စ်သမား John Paul Jones နဲ့ ဒရမ်သမား John Bonham တို့ ပါဝင်ပါတယ်။ Led Zeppelin ရော့ခ်ဂီတအဖွဲ့ဟာ ကမ္ဘာတစ်ဝှမ်း ရောင်းအားအကောင်းဆုံး အဖွဲ့တစ်ခုဖြစ်ပြီး အယ်လ်ဘမ် စုစုပေါင်း စံချိန်တင် ရောင်းချမှု သန်း ၂၀၀ ကနေ ၃၀၀ ကြားရှိတဲ့ အအောင်မြင်ဆုံး ဂန္တဝင် ရော့ခ်တေးဂီတ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

(၄) The Who

Source : zumie94

The Who ကတော့ ၁၉၆၄ ခုနှစ်က လန်ဒန်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ် ဂန္တဝင်ရော့ခ်ဂီတအဖွဲ့  ဖြစ်ပါတယ်။ The Who ရော့ခ်ဂီတအဖွဲ့မှာ အဆိုတော် Roger Daltrey ၊ Pete Townshend ၊ John Entwistle နဲ့ ဒရမ်သမား Keith Moon တို့ ပါဝင်ဖွဲ့စည်းထားပြီး ခေတ်အဆက်ဆက် အကောင်းဆုံး ဂန္တဝင် ရော့ခ်ဂီတအဖွဲ့တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

(၅) Pink Floyd

Source : mongchilde

Pink Floyd ရော့ခ်ဂီတအဖွဲ့ကို ၁၉၆၄ ခုနှစ်က လန်ဒန်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ Pink Floyd ဟာ ထာဝရအကောင်းဆုံး Progressive Rock ရော့ခ်ဂီတအဖွဲ့အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အမိုက်စား သီချင်းတွေ ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ ပရိသတ်တွေကို လွမ်းမိုးအထားနိုင်ဆုံး ဂန္ထဝင်ရော့ခ်ဂီတအဖွဲ့တစ်ခု ဖြစ်ပါတယ်။

Featured Photo : Siachen Studios