Snake ၊ Doodle Jump ၊ Fruit Ninja နဲ့ Angry Birds တို့လို အရင်ခေတ် ဂိမ်းတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အစောပိုင်း ထွက်ရှိခဲ့တဲ့ မိုဘိုင်းလ်ဂိမ်း တော်တော်များများက ဂရပ်ဖစ်အားနည်းချက်ရှိတာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဒီဘက်ခေတ် ဂိမ်းတွေကတော့ မတူတော့ပါဘူး။ ဂရပ်ဖစ်ပိုင်းကို ပိုကြမ်းပိုမိုက်အောင် ဦးစားပေး လုပ်လာကြပြီး အမိုက်စား ဂိမ်းအတွေ့အကြုံတွေကို ဂိမ်းချစ်သူတွေထံ ပေးစွမ်းလာနေတာပါ။ ဒီတစ်ခေါက်တော့ မိုဘိုင်းလ်ဂိမ်း ဆိုရင် ဂရပ်ဖစ် အကြမ်းကြီးတွေမှ ကြိုက်တယ် ဂိမ်းဝါသနာရှင် ကွီးတို့အတွက် အမိုက်စား ဂိမ်း တချို့ကို ညွှန်းဆိုပေးသွား ချင်ပါတယ်။
(၁) FIFA Soccer
Source : EA SPORTS FC MOBILE
ဘောလုံးဂိမ်း ချစ်သူတွေအတွက် FIFA Soccer ကတော့ ရေပန်းအစားဆုံး မိုဘိုင်းလ်တွေထဲက တစ်ခုပါပဲ။ ဂရပ်ဖစ် ကြမ်းထော်နေတဲ့ ဘောလုံးဂိမ်းကိုမှ ကစားချင်ရင် သေချာပေါက် Try ကြည့်သင့်ပါတယ်။ Players တွေအနေနဲ့ အသင်းတည်ဆောက်ပြီး အခြား Players တွေနဲ့ အပြိုင်အဆိုင် ယှဉ်ပြိုင်ကာ ကိုယ့်အသင်းကို ပိုကောင်းအောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လိဂ်ပေါင်း ၃၀ ကျော်ပါဝင်ပြီး ကစားရတဲ့ ဖီလင်ကလည်း တကယ့်ကို ရှယ်ကြီးပါ။ ဒီဂိမ်းက Free To Play ဆော့ကစားလို့ ရမှာဖြစ်ပါတယ်။
(၂) Genshin Impact
Source : Genshin Impact
Genshin Impact က Gacha Elements တွေပါတဲ့ အက်ရှင် RPG ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းမှာ Players တွေ စူးစမ်းရှာဖွေနိုင်တဲ့ ကမ္ဘာသစ်ကြီးတစ်ခု ပါပါတယ်။ ခက်ခက်ခဲခဲ အဖြေထုတ်ရတာတွေ ၊ ပျော်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ အခြားလုပ်စရာ အများကြီး ပါဝင်ပါတယ်။ ဂရပ်ဖစ် ပိုင်းကတော့ တကယ့်ကိုပဲ ပြောစရာမလိုအောင် ကောင်းလွန်းပါတယ်။ Free To Play ဆော့ကစားလို့ ရတဲ့အတွက် Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။
(၃) Asphalt 9: Legends
Source : Asphalt
Racing ဂိမ်းတွေ ကြိုက်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက်ပါ။ Asphalt 9: Legends က တော်တော်ကြီးကို လန်းတဲ့ 3D ဂရပ်ဖစ် ပါတဲ့ အမိုက်ဆုံး မိုလ်ဘိုင်း ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကာလာအရောင်ထွက်တွေ အလန်းစားဖြစ်နေဖို့ HDR နည်းပညာအချို့ကို သုံးပြုပေးထားပါတယ်။ ကားအမျိုးအစား အစီးရေ ၆၀ ကျော် ၊ ပြိုင်ပွဲပေါင်းများစွာနဲ့ အွန်လိုင်း PvP ပြိုင်ပွဲတွေလည်း ပါဝင်ပြီး ရိုးရှင်းတဲ့ Controls တွေကို အသုံးပြု ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းကိုလည်း Free To Play ဆော့ကစားလို့ ရပါတယ်။
(၄) The Room: New Sins
Source : Vector Unit
The Room: New Sins ကတော့ The Room Franchise ရဲ့ ၄ ခု မြောက်ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းလေးကလည်း ပထမဆုံး ထွက်ရှိခဲ့တဲ့ The Room ဂိမ်း ၃ ခုလုံးနဲ့ ဆင်တူပါတယ်။ အနုစိတ်ဆန်လွန်းလှတဲ့ ပဟေဋ္ဌိများစွာကို အဖြေရှာရင်း စိတ်ဝင်စားဖွယ် ဆော့ကစားရမှာပါ။ ဇာတ်လမ်းသွားနဲ့ ကစားရမှာဖြစ်ပြီး ဂရပ်ဖစ် ပိုင်းမှာလည်း တော်တော်လေးကို ထူးခြားဆန်းသစ်တာ တွေ့ရပါတယ်။ Puzzle တွေ ဖြေရှင်းရင်း ခေါင်းစားရတာ ကြိုက်တယ်ဆိုရင်တော့ The Room: New Sins ဂိမ်းက ဆော့ကြည့်သင့်တဲ့ အထဲမှာ ပါပါတယ်။ ဒီဂိမ်းလေးက Free To Play တော့ ဆော့လို့ရမှာ မဟုတ်ပဲ ၄.၉၉ ဒေါ်လာခန့်နဲ့ ဝယ်ယူ ဆော့ကစားရမှာပါ။
(၅) Sky: Children of Light
Source : thatgamecompany
Sky: Children of Light ဂိမ်းလေးကတော့ အမိုက်စား ဂရပ်ဖစ် တွေပါတဲ့ ချစ်စရာ ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဂိမ်းကမ္ဘာထဲအနှံ့ လှည့်လည်သွားလာရင်း ပဟေဠိတွေကို အဖြေညှိကာ ဇာတ်လမ်းသွားလေးနဲ့ စိတ်ဝင်စားဖွယ် ဆော့ကစားသွား ရမှာပါ။ ဒီဂိမ်းလေးက အွန်လိုင်းရော Multiplayer အနေနဲ့ပါ ကစားနိုင်မှာ ဖြစ်တဲ့အတွက် ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားလို့ ရပါတယ်။ အမြင်အေးချမ်းပြီး သဘာဝဆန်တဲ့ ရှုခင်းလေးတွေ ၊ ငြိမ်ငြိမ်အေးအေး အမိုက်စား ဂရပ်ဖစ်တွေနဲ့ ကစားသူတွေကို စိတ်လက်ပေါ့ပါးမှု အပြည့်အဝပေးမယ့် ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းကိုလည်း Free To Play ဆော့ကစားလို့ ရပါတယ်။
Featured Photo : Reddit