ဂိမ်းဝါသနာရှင် ကွီးတို့ကတော့ ဂိမ်းဆော့တဲ့နေရာမှာ အသုံးပြုတဲ့ PC တွေ၊ ကီးဘုတ်တွေ၊ မောက်စ် စတဲ့ ဂိမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို အမြဲတမ်း အမိုက်စားလေးတွေ ရွေးချယ်တပ်ဆင်တတ်ကြတယ် မဟုတ်ပါလား။ Gaming အတွက် ကီးဘုတ်တွေ ကလည်း အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည် မြင့်လာပြီး ဈေးကွက်ထဲမှာလည်း ရွေးချယ်စရာတွေ စုံလင်လာပါတယ်။ ဒီနေ့မှာတော့ စာရေးသူက ဂိမ်းဂျိုး ကိုယ့်လူတို့ အတွက် ရွေးချယ်ချင်စရာ ဒေါ်လာ ၅၀ အောက် အကောင်းဆုံး အလန်းစား Gaming ကီးဘုတ်တွေ ကို ဝေမျှပေးသွားချင်ပါတယ်။
Tecware Phantom

Photo : Amazon
ဂိမ်းဂျိုး ကွီးတို့အတွက် ဒေါ်လာ ၅၀ အောက် အကောင်းဆုံး ကီးဘုတ်တွေ ထဲက တစ်ခုကတော့ Tecware Phantom ပဲ ဖြစ်ပါတယ်။ ဒီကီးဘုတ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ထွက်ရှိထားတာ ဖြစ်ပြီး နောက်ဆုံးပေါ် ကီးဘုတ်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် သူ့ရဲ့ ကီးဘုတ်မှာပါတဲ့ ခလုတ်များကို လွယ်လွယ်ကူကူ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ သူ့ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ စုံလင်တဲ့ Features တွေက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ၄၅ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။
Corsair K55 RGB

Photo : Amazon
ဒီကီးဘုတ်ကတော့ RGB နောက်ခံအလင်းအပြည့်ပါတဲ့ ဂိမ်း ကီးဘုတ်တစ်ခုဖြစ်ပါတယ်။ ဒီကီးဘုတ်ဟာ သီးခြား Programmable Macro Keys ပါရှိသော တစ်ခုတည်းသော ကီးဘုတ်ဖြစ်ပါတယ်။ သူ့မှာပါတဲ့ နောက်ခံ RGB မီးအလင်းရောင်များက စိတ်ကြိုက် ပြင်ဆင်နိုင်တာကြောင့် ကွီးတို့ ဂိမ်းဆော့တဲ့ နေရာမှာ အမိုက်စားခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၄၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
Eagletec KG010

Photo : Don’t Waste
နောက်ထပ် ဒေါ်လာ ၅၀ အောက်ထဲက ရွေးချယ်စရာ အမိုက်စား ကီးဘုတ်တစ်ခုကတော့ Eagletec KG010 ပဲဖြစ်ပါတယ်။ ဒီကီးဘုတ်က ခလုတ်တစ်ချက်နှိပ်တိုင်း အသံကြားရပြီး ပြတ်သား၊ တိကျမှုနဲ့ ထိထိမိမိ တုံ့ပြန်ချက်များကို ပေးပါတယ်။ သူ့ရဲ့ နောက်ခံမီးအလင်းရောင်ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး မတူညီသော Lighting Moods ၅ ခု ပါဝင်ပါတယ်။ သူ့ရဲ့ Non-Slip ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ကလည်း ရွေးချယ်ဖို့ အကြောင်းများထဲက တစ်ခုပါ။
Redragon K552

Photo : Redragonshop
ဒီကီးဘုတ်ကတော့ ရိုးရှင်းပြီး ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မှု အရည်အသွေး ကောင်းမွန်မှုကြောင့် ရွေးချယ်စရာများထဲက တစ်ခုပါပဲ။ ၎င်းမှာပါဝင်တဲ့ အနီရောင် ခလုတ်များက ဂိမ်းဆော့ဖို့အတွက် တကယ်ကို ပြီးပြည့်စုံတဲ့ ယန္တရားတစ်ခုလို့ ပြောလို့ရပါတယ်။ ထူးခြားသော စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ နောက်ခံအလင်းရောင်တို့လည်း ပါဝင်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ၃၆ ဒေါ်လာဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
ဂိမ်းဂျိုး ကွီးတို့ရေ အခု ဖော်ပြလိုက်တာကတော့ ဒေါ်လာ ၅၀ အောက် စွမ်းဆောင်ရည်မြင့် Gaming ကီးဘုတ်တွေ ပဲ ဖြစ်ပါတယ်။ ကွီးတို့ဆိုရင်ရော ဘယ်ကီးဘုတ်ကို ရွေးချယ်ချင်ပါသလဲ။
Source : Gaming Gorilla
Featured Photo : Flaress Shop
