သဲကြီး မဲကြီး ဂိမ်းဆော့ ဖို့အတွက် ဘယ်လို ဖုန်း အမျိုးအစားကို ရွေးချယ် ဝယ်ယူရမှန်း မသိလို့ ညစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ကွီးတို့ ဝယ်ချင်တဲ့ အမျိုးအစားကို ရွေးချယ်ကြည့်လိုက်ပါ။
အရင်ဦးဆုံး ဝယ်မယ်ဆိုရင် ကွီးတို့က ဂိမ်းဆော့ ဖို့အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ ဖုန်း မျိုးကို ရွေးချယ်မှာလား။ ဒါမှမဟုတ် ဘက်စုံသုံးလို့ရတဲ့ ဖုန်းမျိုးကို ဝယ်မှာလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။
ကွီးတို့ရဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး ဝယ်ရမယ့် မော်ဒယ် အမျိုးအစားကလည်း ကွာခြားသွားပါလိမ့်မယ်။
(၁) Asus ROG Phone 6D
Asus ROG Phone 6D ကတော့ ဂိမ်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Gaming Phone တစ်မျိုးပါ။ သူက အကောင်းဆုံး Gaming Phone ဆိုလည်း မမှားပါဘူး။ RAM က 16GB တောင် ပါတာဆိုတော့ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။ စပီကာကလည်း ကျယ်သလား မမေးပါနဲ့။ ဘက္ထရီပိုင်းကလည်း Gaming Phone ဆိုတော့ ပူစရာမလိုပါဘူး။ ကွီးတို့ စိတ်ကြိုက် ဆော့ပေတော့။
(၂) Black Shark 5 Pro
နောက်ထပ် ရွေးချယ်သင့်တဲ့ အမျိုးအစားကတော့ Black Shark 5 Pro ပဲဖြစ်ပါတယ်။ သူ့မှာကတော့ RAM ကို 8GB (သို့) 12GB (သို့) 16GB ဆိုပြီး ကွီးတို့ ရွေးချယ် နိုင်ပါတယ်။ Storage ပိုင်းကလည်း 256GB (သို့) 512GB နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ စွမ်းဆောင်ရည်လည်း မြင့်ပြီး ဂိမ်းဆော့ရတာလည်း အမိုက်စား ဖီလင်မျိုးကို ပေးစွမ်းမှာပါ။
(၃) Samsung Galaxy S23 Ultra
ဂိမ်းဆော့ဖို့အတွက်လည်း သုံးချင်တယ်။ ကင်မရာ ကောင်းတာမျိုးလည်း သုံးချင်တယ်ဆိုရင်တော့ Samsung Galaxy S23 Ultra ကို ရွေးခယ်သင့်ပါတယ်။ ဘက္ထရီပိုင်းကလည်း အကောင်းစားကို အသုံးပြုပေးထားပြီး Processor အတွက်ကတော့ ပါဝါမြင့်တဲ့ Qualcomm Snapdragon 8 Gen 2 ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ ဂိမ်းလည်း ဆော့၊ ကင်မရာ လည်း သုံး ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၉၇ ဒေါ်လာ ပေးချေရမှာပဲဖြစ်ပါတယ်။
(၄) OnePlus 11
ဒီအမျိုးအစားကတော့ မနှစ်က ထွက်ရှိထားတဲ့ မော်ဒယ် အမျိုးအစားပဲဖြစ်ပါတယ်။ 128GB ရွေးချယ်လို့လည်း ရသလို 256GB ရွေးဝယ်ချင်လည်း ရပါတယ်။ ဂိမ်းဆော့ ချင်တဲ့ ကွီးတို့ ဒီ ဖုန်း ကို ဝယ်သင့်တဲ့ အားသွင်းမြန်လို့ပဲဖြစ်ပါတယ်။ ပြီးတော့ ဂိမ်းဆော့ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ မြန်ဆန်နေရောပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၉၅ နဲ့ ၇၉၉ ဒေါ်လာ ကြားမှာ တည်ရှိပါတယ်။ ကွီးတို့ ရွေးချယ်မယ့် GB အမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားသွားပါလိမ့်မယ်။
ကွီးတို့ရော သဲကြီးမဲကြီး ဂိမ်းဆော့ ဖို့အတွက် ဘယ်လို ဖုန်း မျိုးကို ရွေးချယ် ဝယ်ယူထားပါသလဲ။
Source: Techradar
Featured Image: Digitaltrends