ဖုန်းအသစ်တစ်လုံး ဝယ်တဲ့အခါ ကိုယ်သုံးမယ့်အနေအထားပေါ် မူတည်ပြီး ရွေးချယ်ရပါတယ်။ ဥပမာအားဖြင့် ကိုယ်က သာမန် ဖုန်းပြောတာ ၊ ဆိုရှယ်မီဒီယာသုံးတာလောက်ပဲလား ၊ ဒါမှမဟုတ် ဓာတ်ပုံရိုက်ရတာ ဝါသနာပါလို့ ကင်မရာပိုင်း အသားပေးရွေးမလား ၊ မဟုတ်လည်း ဂိမ်းကောင်းကောင်းဆော့ဖို့အတွက် Gaming ဖုန်းထဲကပဲ စဉ်းစားမလား စသည်ဖြင့်ပါ။ ဒီတစ်ခေါက်မှာတော့ ဂိမ်းတစ်လိုင်း ပဲ ရှယ်ဆွဲချင်တဲ့ ကွီးတို့အတွက် စဉ်းစားရမယ့် Gaming စမတ်ဖုန်း လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Asus ROG Phone 8 Pro

Asus ROG Phone 8 Pro
Photo : Dutchiee.TV

ဂိမ်းတစ်လိုင်း ပဲ ရှယ်ဆွဲ ချင်ပါတယ်ဆိုတဲ့ ကွီးတို့ အတွက်ကတော့ Asus ROG Phone 8 Pro က ထိပ်ဆုံးကနေ ရွေးချယ်ရမယ့် Gaming ဖုန်း တစ်လုံးပါပဲ။ ROG Phone တွေရဲ့ ထုံးစံအတိုင်း ထူးခြားပြီး လှပသေသပ်လွန်းတဲ့ ဒီဇိုင်း ၊ ကြီးမားကျယ်ပြန့်တဲ့ ၆.၇၈ လက်မ (2400×1080 Pixels) SAMSUNG Flexible AMOLED မျက်နှာပြင် ၊ Snapdragon 8 Gen3 SoC ၊ RAM 16GB / 24GB ၊ Storage 512GB / 1TB အတွဲအစပ် ၊ 5,500 mAh ဘက်ထရီနဲ့ အထူ ၈.၉ မီလီမီတာ ၊ အလေးချိန် ၂၂၅ ဂရမ်ရှိတဲ့ စွမ်းဆောင်ရည်မြင့် Asus ROG Phone 8 Pro ဖုန်းနဲ့ဆို ကွီးတို့ ဘယ်လိုဂိမ်းတွေပဲလာလာ အေးအေးဆေးဆေးနဲ့ မြန်ဆန်သွက်လက်မှုရှိရှိ စိတ်ချမ်းမြေ့စွာ ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) OnePlus 10T

OnePlus 10T
Source : SlashGear

ဂိမ်းတစ်လိုင်း ရှယ်ဆွဲချင်တဲ့ OnePlus ဖန်တွေအတွက်တော့ Snapdragon SM8475 8+ Gen 1 (4 nm) SoC မောင်းနှင်ထားတဲ့ စွမ်းဆောင်ရည်မြင့် ဈေးနှုန်းသင့် Gaming ဖုန်း OnePlus 10T ရှိပါတယ်။ OnePlus 10T ကတော့ ၆.၇ လက်မ 120Hz ၊ 394 PPI မျက်နှာပြင်နဲ့အတူ 8/12/16GB RAM ၊ 128G/256G Storage ၊ Li-Po 4800 mAh ဘက်ထရီ ပါတဲ့ အမိုက်စား ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Gaming သီးသန့်သာ မဟုတ်ပဲ ကင်မရာ ကောင်းကောင်းကြိုက်သူတွေအတွက်လည်း 50 MP ၊ 8MP နဲ့ 2MP ကင်မရာ ၃ လုံးကို ကျောဘက်မှာ တပ်ဆင်ပေးထားပြီး 16 MP ဆယ်လ်ဖီ ကင်မရာလည်း ပါဝင်ပါတယ်။ ၂၀၄ ဂရမ် အလေးချိန်ရှိပြီး ကျစ်ကျစ်လစ်လစ်နဲ့ ရိုးရှင်းလှပတဲ့ ဒီဇိုင်းကို အခြေခံထုတ်ထားတဲ့အတွက် ဂိမ်းကောင်းကောင်းလည်းဆော့ချင်တယ် အရမ်းကြီး Gaming ဆန်တာလည်း မကြိုက်ဘူးဆိုရင်တော့ OnePlus 10T က အသင့်တော်ဆုံးပါပဲ။

(၃) Nubia RedMagic 9 Pro

Nubia RedMagic 9 Pro

Photo : HardwareZone

Gaming ဖုန်း နယ်ပယ်ထဲမှာ အခြား နာမည်ကြီး Brand တွေရဲ့ စမတ်ဖုန်းတွေနဲ့အပြိုင် ယှဉ်ဖိုက်လာတာကတော့ Nubia RedMagic 9 Pro ပါ။ လှပပြီး ထူးခြားလွန်းတဲ့ ကျောဘက်ဒီဇိုင်းက မြင်တာနဲ့ Gaming ဖုန်းတစ်လုံးရဲ့ အမိုက်စား အတွေ့အကြုံကို အပြည့်အဝ ခံစားမိစေမှာဖြစ်သလို ကြီးမားကျယ်ပြန့်တဲ့ ၆.၈ လက်မ AMOLED 400 PPI မျက်နှာပြင် ၊ Snapdragon 8 Gen 3 SoC ၊ 12GB/16GB RAM ၊ 256GB/512GB Storage နဲ့ 6500 mAh ဘက်ထရီတို့ ထည့်သွင်းပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု Redmagic OS 9 နဲ့ ကင်မရာတပ်ဆင်မှုပိုင်းမှာလည်း ကျောဘက်မှာ 50MP ကင်မရာ ၂ လုံး ၊ အရှေ့ဘက်မှာ 16MP ဆယ်လ်ဖီ ကင်မရာတို့ ပါပါတယ်။ ၂၂၉ ဂရမ် အလေးချိန်ရှိတဲ့ Nubia RedMagic 9 Pro ဟာ လက်ထဲမှာ ကိုင်ထားရတာ စီးစီးပိုင်ပိုင်နဲ့ ခမ်းနားလွန်းလှတဲ့ ကျောဘက်ဒီဇိုင်းက ကွီးတို့ အမိုက်စား Gaming ဖုန်းတစ်လုံးကို သုံးနေရတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

(၄) Samsung Galaxy S24 Ultra

Samsung Galaxy S24 Ultra

Photo : Gizmochina

Samsung Galaxy S24 Ultra ကတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်အောင် နာမည်ကြီးပြီးသား စမတ်ဖုန်း တစ်ခုပါ။ Gaming အတွက် သီသန့်ထားတဲ့ ဖုန်းတစ်လုံး မဟုတ်ပေမယ့်လည်း Snapdragon 8 Gen3 SoC ၊ ၆.၈ လက်မ AMOLED မျက်နှာပြင် ၊ 12 GB RAM နဲ့ 128 GB / 256 GB / 512 GB Storage ပါတဲ့ စွမ်းဆောင်ရည်မြင့် Samsung Galaxy S24 Ultra ဖုန်းက ဘယ်လိုဂိမ်းမျိုးကိုမဆို ချော့ချောမွေ့မွေ့ မြန်ဆန်သွက်လက်စွာ ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၂၃၂ ဂရမ် အလေးချိန်ရှိပြီး 5000 mAh ဘက်ထရီနဲ့ Android 14 အခြေပြု OneUI 6.1 ကို အသုံးပြုပေးထားပါတယ်။ ကင်မရာပိုင်း ကြမ်းလွန်းလို့ Vlog ဝါသနာပါသူတွေလည်း စိတ်ကြိုက် ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပြီး ကျောဘက်မှာ 200 MP Main ကင်မရာနဲ့အတူ 12 MP Wide-Angle ကင်မရာ ၊ 50 MP Telephoto ကင်မရာတို့ကို တွဲဖက်တပ်ဆင်ထားပါတယ်။ ဆယ်လ်ဖီရိုက်ကူးဖို့အတွက်တော့ 12 MP ကင်မရာတစ်လုံး အရှေ့ဘက်မှာ ထည့်သွင်းပေးထားပါတယ်။ Samsung Galaxy S24 Ultra ဂိမ်းတစ်လိုင်း ပဲ ရှယ်ဆွဲမလား ၊ အမိုက်စား Vlog ဗီဒီယိုတွေပဲ ရိုက်ကူးမလား ကွီးတို့စိတ်ကြိုက် ဘက်စုံအသုံးပြုနိုင်တဲ့ အထူးခြားဆုံး ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

Source : Game Rant

Featured Photo : Trusted Reviews