ဂိမ်း ပေါင်း များစွာ အမြောက်အမြား ရှိပေမယ့် ဆော့လို့ကောင်းတဲ့ ဂိမ်း အရေအတွက်ကတော့ လက်ချိုး ရေတွက်လို့တောင် ရပါတယ်။ အဲ့ဒီလို လက်ချိုး ရေတွက်လို့ရတဲ့ အမိုက်စား ဂိမ်း တွေကို ကွီးတို့က မဆော့ဖူးသေးဘူးဆိုရင်တော့ ကွီးတို့က တော်တော့ကို ခေတ် နောက်ကျသွားပါပြီ။
(၁) Krispee Street
ဒီဂိမ်းလေးကတော့ ကွယ်ဝှက်ထားတဲ့ အရာဝတ္ထုတွေကို ရှာဖွေရင်း ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာ ကာရိုက်တာတွေကလည်း အများကြီး ရှိတဲ့အပြင် ဒီဇိုင်းကလည်း အရောင်အသွေး စုံစုံနဲ့ ဆော့ရတာ ပျော်ဖို့ ကောင်းပါတယ်။ iOS တွေမှာလည်း ဆော့ကစားနိုင်သလို Apple Arcade ၊ ဒါမှမဟုတ် Netflix တွေမှာလည်း ဆော့ကစားနိုင်ပါတယ်။
(၂) Gubbins
ကွီးတို့က စာလုံးတွေ ဆက်ရတာမျိုး ဝါသနာပါပါသလား။ ဒါဆိုရင်တော့ Gubbins ဂိမ်းကို မြည်းစမ်း ဆော့ကစား သင့်ပါတယ်။ လွယ်မယောင်ယောင်နဲ့ ဦးနှောက်စားရတဲ့ ဂိမ်းဖြစ်တဲ့အတွက်ကြောင့် ကွီးတို့လည်း အကြိုက်တွေ့ကြမှာပါ။ iOS ဖုန်းတွေမှာသာမက Android ဖုန်းတွေမှာလည်းပဲ ဆော့ကစားနိုင်ပါတယ်။
(၃) Honkai: Star Rail
Genshin Impact ဂိမ်းကို တီထွင်ခဲ့တဲ့ တီထွင်သူ Hoyoverse က ဒီဂိမ်းကို မနှစ်က နွေဦးရာသီတုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဂိမ်းထဲမှာလည်း ရွေးချယ်စရာ ကာရိုက်တာများ အများအပြား ပါဝင်တဲ့အပြင် ကွီးတို့ မပျင်းမရိရလေအောင် မစ်ရှင် အမျိုးမျိုးကိုလည်း ပေးထားမှာဖြစ်ပါတယ်။ iOS ဖုန်းတွေမှာသာမက Android ဖုန်းတွေမှာလည်းပဲ ဆော့ကစားနိုင်ပါတယ်။
(၄) Pocket Card Jockey: Ride On!
ဒီဂိမ်းလေးကတော့ ပိုကီမွန် ဂိမ်းနဲ့ ရင်းနှီးတဲ့ ကွီးတို့အတွက်တော့ နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ ဆော့ကစားနိုင်အောင် တီထွင်ထားတာပဲဖြစ်ပါတယ်။ ဒီဂိမ်းကို ၂၀၁၃ ခုနှစ်တုန်းက ဂျပန်မှာ Nintendo နဲ့ပဲ ဆော့ကစားနိုင်သေးတာပါ။ ၂၀၁၆ မှသာ အင်္ဂလိပ် အသံ ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ iOS ဖုန်းတွေမှာ ဆော့ကစားနိုင်ပြီး Apple Arcade ဖြင့်လည်း ဆော့ကစားနိုင်နေပါပြီ။
(၅) Laya’s Horizon
Laya’s Horizon ကိုတော့ iOS ဂိမ်းတွေမှာသာမက Android ဂိမ်းတွေမှာလည်း ဆော့ကစားနိုင်ပါတယ်။ ဒါ့အပြင် Netflix ဂိမ်းမှာလည်း ဆော့ကစားနိုင်ပါတယ်။
ကောင်းကင် တစ်ခွင်မှာ လေဟုန်စီးပြီး စွန့်စွန့်စားစား ဂိမ်းမျိုးကို ဆော့ကစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်သင့်ပါတယ်။ ဒီလို ဂိမ်း မျိုးကို တစ်ခါမှ မဆော့ဖူးရင်တော့ ကွီးတို့က ခေတ် နောက်ကျနေတာ အသေအချာပါပဲ။
(၆) Bad North: Jotunn Edition
ရန်သူတွေက ကျွန်းပတ်ပတ်လည်မှာ ဝိုင်းပြီး ကွီးတို့ရဲ့ မြို့ရိုးကို လာရောက်ဖျက်ဆီးနေတဲ့အချိန်မှာ ကွီးတို့က ကိုယ့်မြို့ရိုးကို ကျမသွားအောင် အသေအလဲ ခုခံ ကာကွယ်ရမှာပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေမှာရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းအမျိုးအစားတွေကို ဆော့ကစားဖူးပါသလဲ။
Source : Polygon
Featured Photo : Sensortower