တော်ရုံတန်ရုံ ပါချီပါချပ် ဂိမ်း ဆိုရင် စာရင်း သွင်းပြီး အရေးတယူလုပ်ကာ ဂိမ်းမဆော့ချင်တဲ့ ကွီးတို့အတွက်တော့ ရီဗျူးကောင်းတဲ့ အမိုက်စား ဂိမ်းတွေကသာ အကောင်းဆုံး ဖြစ်မှာပါ။ လူကြိုက်များပြီး ဆော့လို့လည်း ကောင်းတဲ့ အမိုက်စား ဂိမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်း များကို စာရင်း ထဲ ထည့်မှတ်ထားးသင့်ပါတယ်။
ကွီးတို့ ဖုန်းထဲမှာလည်း Install လုပ်ရကျိုး နပ်စေမယ့် အလန်းစား ဂိမ်းတွေကတော့…
Honkai: Star Rail

ဒီဂိမ်းကဆိုရင် The Game Award for Best Mobile Game ဆုကိုတောင် ရရှိထားတဲ့အတွက်ကြောင့် ဘယ်လောက်ထိ ကောင်းသလဲဆိုတာကိုတော့ အထူးတလည် ညွှန်းနေစရာတော့ လိုမယ် မထင်ပါဘူး။ miHoYo ဆိုတဲ့ Developer နဲ့ Cognosphere. Ltd တို့ ပူးပေါင်းကာ ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းတွေအပြင် iOS နှင့် PlayStation 5 ၊ Microsoft Windows တို့မှာပါ ဆော့ကစားနိုင်ပါတယ်။
Age of Frostfall

ကွီးတို့ရဲ့ ကိုယ်ပိုင် နဂါးတစ်ကောင်လောက် ကိုယ်တိုင် ကိုယ်ကျ မမွေးချင်ဘူးလား။ ဒါဆိုရင်တော့ Age of Frostfall ဆိုတဲ့ ဂိမ်းလေးကို ဆော့ကစားသင့်ပါတယ်။ ဒီဂိမ်းထဲမှာဆိုရင် ကွီးတို့က ကာရိုက်တာတစ်ခု ရွေးချယ်ကာ နဂါးတစ်ကောင်ကို မွေးမြူပြီး ကိုယ်ပိုင် အင်ပါယာတစ်ခု တည်ထောင်နိုင်ပါတယ်။ ပြီးတော့ ရန်သူတော်တွေကို နဂါးနဲ့ တိုက်ထုတ်နိုင်ပါတယ်။
Marvel Snap

Marvel Snap ဆိုတဲ့ ဂိမ်းလေးကိုတော့ Second Dinner က ဒီဇိုင်း ရေးဆွဲကာ ထုတ်လုပ်ထားတာဖြစ်ပြီး Nuverse ကနေပြီးတော့ ဖြန့်ချီပေးထားတာဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ကတ်ဂိမ်းတစ်ခုဖြစ်ပြီး Android ၊ iOS ၊ macOS နဲ့ Windows အစရှိတဲ့ ပလက်ဖောင်းများနဲ့ ဆော့ကစားနိုင်ပါတယ်။
Hero Wars

အတိုက်အခိုက် အက်ရှင် ဂိမ်း ကောင်းကောင်းမျိုး ဆော့ကစားချင်တယ်ဆိုရင်တော့ ဒီဂိမ်းလေးကို ရွေးချယ်သင့်ပါတယ်။ ဒီဂိမ်းက Android ၊ iOS အစရှိတဲ့ ဖုန်းများနဲ့ ဆော့ကစားနိုင်ပြီး ကွီးတို့ ဘော်ဒါတွေနဲ့လည်း အတူတူ ဆော့ကစားနိုင်တာဆိုတော့ ရှယ်ပါပဲ။
Dice Dreams

ရိုးရိုး အန်စာတုံး ဂိမ်းကြီးတွေ ဆော့ကစားရတာ ပျင်းနေလောက်ရောပေါ့။ ဒါဆိုရင်တော့ ဒီအန်စာတုံး ဂိမ်းကို ရွေးချယ်ကြည့်လိုက်ပါ။ ကိုယ်ပိုင် အင်ပါယာတစ်ခု တည်ထောင်ကာ စွန့်စားခန်း ဖွင့်ရမယ့် ဂိမ်း အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့ ဘော်ဒါရဲ့ အန်စာတုံးတွေကိုလည်း လိုက်လံ တိုက်ခိုက်နိုင်ပြီး ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ပါတယ်။
Rise of Cultures: Kingdom Game

ဒီဂိမ်းကတော့ အင်ပါယာ အများကြီးနဲ့ ဖွဲ့စည်းထားပြီး ထိုအင်ပါယာများကို မတူညီတဲ့ ဘုရင်များ၊ ဘုရင်မများက အုပ်စိုးနေကြတာပဲဖြစ်ပါတယ်။ ကွီးတို့က ကိုယ့်အင်ပါယာရဲ့ ယဥ်ကျေးမှု၊ လူနေမှု အဆင့်အတန်းကို မြင့်မားလာအောင် ဖန်တီးကာ ဆော့ကစားနိုင်ပြီး အနိုင်ပွဲတွေ ဆက်တိုက် ဆွတ်ခူးရရှိအောင် ကြိုးပမ်းနိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ အမိုက်စား ဂိမ်း တွေထဲက ဘယ်ဂိမ်းတွေသည် ကွီးတို့ရဲ့ စာရင်း ထဲမှာ ထည့်မှတ်ထားခြင်း ခံရပါသလဲ။
Source: Radiotimes
Featured Image: Polygon
