စလော့ ဂိမ်း တွေ၊ ငါးပစ်ဂိမ်းတွေ ဆော့မှ ပိုက်ဆံ ဝင် တာ မဟုတ်ပါဘူး။ အခြားသော ဂိမ်းတွေကလည်း စလော့ဂိမ်းတွေထက် အများကြီး ပိုကောင်းပြီး အပျင်းလည်း ပြေစေပါတယ်။ ဆလော့ဂိမ်းကြောင့် မွဲပြာ မကျသွားစေချင်ဘူး ဆိုရင်တော့ အခုဂိမ်းများနဲ့ အစားထိုး ဆော့ကစားသင့်ပါတယ်။

Coin Master

Coin Master

Coin Master ဂိမ်းထဲမှာ ကွီးတို့ ကြိုက်တာ လုပ်လို့ရပါတယ်။ ကိုယ်ပိုင်ရွာ၊ ကိုယ်ပိုင် အင်ပါယာတစ်ခု ထူထောင်ပြီး ကိုယ့်ရွာသားများနဲ့အချင်းချင်း မိတ်ဖွဲ့နိုင်ပါတယ်။ ဂိမ်းထဲမှာလည်း စလော့ဂိမ်း ပုံစံမျိုးလေးတွေ ပါဝင်ပြီး ကွီးတို့ရဲ့ ပိုက်ဆံနဲ့ စွမ်းအင်ပမာဏတွေကိုလည်း လယ်ဗယ်ပိုမြှင့်လာအောင်၊ ပိုမို များပြားလာအောင် ဖန်တီးဆော့ကစား နိုင်ပါတယ်။

Dice Dreams

Dice Dreams

ဒီဂိမ်းကတော့ ကွီးတို့ အပေါင်းအသင်း ရောင်းရင်းတွေနဲ့ ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းမျိုးပဲ ဖြစ်ပါတယ်။ သူငယ်ချင်း အချင်းချင်း တွဲဖက် ဆော့ကစားလို့လည်း ရသလို၊ ယှဥ်ဆော့လို့လည်း ရပါသေးတယ်။ Android ဖုန်းမှာရော iOS ရောမှာပါ ဆော့ကစား နိုင်ပါတယ်။

Monopoly Go

ဂိမ်း ပိုက်ဆံ ဝင်

လူတိုင်းရဲ့ အသည်းကျော် ဘီလီယမ်နာကြီး မစ္စတာ မိုနိုပိုလီကတော့ ဒီဂိမ်းရဲ့ အသက်ပါပဲ။ ဂိမ်းဆော့ရင်း ကွီးတို့ရဲ့ စည်းစိမ်း ချမ်းသာတွေကို ပိုမိုကြွယ်ဝ များပြားလာအောင် ဖန်တီးယူနိုင်ပါတယ်။ အိမ်ပဲ ဆောက်မလား၊ ဟိုတယ်ပဲ ဆောက်မလား၊ ကတ် တစ်ကတ်လောက် ဆွဲလိုက်ရုံနဲ့ ကွီးတို့ ဖြစ်ချင်တာတွေ အားလုံး ဖြစ်လာမှာပါ။

Coin Tales

ဂိမ်း ပိုက်ဆံ ဝင်

ဒီဂိမ်းကလည်း ကွီးတို့ကို ပိုက်ဆံတွေ အများကြီး စုမိဆောင်းမိသွားအောင် ကူညီပေးမယ့် ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။​ ပိုက်ဆံ အစစ်တော့ မဟုတ်ပေမယ့် ပျော်ရွှင်မှု အစစ်အမှန်ကိုတော့ ဒီဂိမ်းလေး ဆော့နေရင်းနဲ့ ပိုင်ဆိုင်နိုင်ပါတယ်။

Crazy Fox

ဂိမ်း ပိုက်ဆံ ဝင်

Crazy Fox ကလည်း ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပါပဲ။ ဆလော့ဂိမ်းပုံစံ ဒီဇိုင်းလည်း ထည့်သွင်းပေးထားတာမို့လို့ ကွီးတို့ ဆော့ရတာလည်း အပျင်းပြေမှာပါ။ ကွီးတို့ ဖုန်းထဲမှာ Install လုပ်ထားလိုက်ရုံနဲ့ ငွေတွေ တဖွဲဖွဲ ဝင်လာမှာ အမှန်ပါပဲ။

အခုဖော်ပြသွားတဲ့ ဂိမ်းတွေကတော့ စလော့ ဂိမ်း ထက် ပိုကောင်းပြီး ပိုက်ဆံ လည်း ပို ဝင် စေတဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ပိုက်ဆံကို နှမြောတယ်ဆိုရင်တော့ စလော့ဂိမ်းတွေ၊ ငါးပစ်ဂိမ်းတွေအစား အခုဖော်ပြပေးမယ့် ဂိမ်းများကို ဆော့ကစားသင့်ပါတယ်။

ဘယ်လိုလဲ။ စလော့ဂိမ်းနဲ့ ငါးပစ်ဂိမ်းတွေကို စွန့်လွှတ်ဖို့ ယုံကြည်ချက် မရှိဘူးလား။

Source: Egamersworld.com

Featured Image: Pictogame