လက်ပ်တော့မော်ဒယ်များက တစ်နှစ်ပြီး တစ်နှစ် မတူညီတဲ့ မော်ဒယ်များကို ထုတ်လုပ်လျက်ရှိပြီး အသစ် အသစ်သော မော်ဒယ်များကလည်း မဝယ် ဝယ်ချင်အောင် ဆွဲဆောင်နေတာ အမှန်ပါပဲ။ ယခုနှစ်အတွင်းမှာလည်း ဂိမ်း လက်ပ်တော့များ အများအပြား ထွက်ရှိတဲ့အနက် ဂိမ်မာများ ဟတ် အထိဆုံး လက်ပ်တော့များကတော့ အခုဖော်ပြပေးမယ့် လက်ပ်တော့တွေပဲဖြစ်ပါတယ်။
ကွီးတို့လည်း ဖီလင်အပြည့်နဲ့ အားရပါးရ ဂိမ်းဆော့ချင်တယ်ဆိုရင်တော့ ဒီလက်ပ်တော့များကို အမြန်ဆုံး သွားဝယ်သင့်ပါတယ်။
Alienware m18
ဒီလက်ပ်တော့အမျိုးအစားကတော့ ၁၈ လက်မ Display ရှိပြီး စခရင်မ်ကလည်း အကြီးကြီးပဲဆိုတော့ အားရပါးရ ဂိမ်းဆော့ချင်သူတွေအတွက်တော့ အနှစ်ကြီးပါပဲ။ Resolution ကလည်း အမိုက်စားပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၀၀ နီးပါး ပေးဝယ်ရမှာဖြစ်ပါတယ်။
Razer Blade 14
နောက်ထပ် အမိုက်စားလေးကတော့ Razer Blade 14 မော်ဒယ် အမျိုးအစားပဲဖြစ်ပါတယ်။ အလူမီနီယံ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အမြင့်ဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ ပန်ကာကလည်း တိတ်တိတ်ဆိတ်ဆိတ်ပဲဆိုတော့ ဆော့ကစားနေရင်း အာရုံနောက်သွားမှာကို စိတ်ပူစရာမလိုပါဘူး။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၃၀၀ ကျော် ပေးချေရမှာဖြစ်ပါတယ်။
Asus ROG Strix Scar
နောက်ထပ် အမျိုးအစားတစ်ခုကတော့ Asus ရဲ့ ROG Strix Scar မော်ဒယ်အမျိုးအစားပဲဖြစ်ပါတယ်။ လူကြိုက်အများဆုံး ဂိမ်း လက်ပ်တော့တွေထဲက တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ဘက္ထရီကလည်း အကြာကြီး ခံတာဆိုတော့ တဝကြီး ဂိမ်းဆော့လို့ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀၀ ကျော် ပေးဝယ်ရမှာဖြစ်ပါတယ်။
Lenovo Legion Pro 7i Gen 8
အရောင်အသွေး စုံစုံလင်လင်နဲ့ ဂိမ်းဆော့ချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကို ဝယ်ယူသင့်ပါတယ်။ ကီးဘုတ် ခလုတ်တွေကလည်း နှိပ်ရတာ သက်သောင့်သက်သာရှိပါတယ်။ ဒီဇိုင်းကလည်း အမိုက်စားပဲဆိုတော့ ဂိမ်းဆော့ရတာလည်း ရှယ်မိုက်တဲ့ အတွေ့အကြုံကို ရရှိစေမှာပါ။ ဈေးနှုန်းကတော့ ၂၃၀၀ ဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ ပန်ကာသံ အနည်းငယ် ဆူညံခြင်းပဲဖြစ်ပါတယ်။
MSI Cyborg 15
နောက်ထပ် ရေပန်းစားပြီး ဂိမ်း ချစ်သူများ ဟတ် ထိတဲ့ လက်ပ်တော့ အမျိုးအစားလေးကတော့ MSI Cyborg 15 ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ နဲ့ ၁၁၅၀ ဝန်းကျင်မှာ ရှိပါတယ်။ ဘတ်ဂျက် အများကြီး မသုံးချင်တဲ့ ကွီးတို့အတွက် ဘတ်ဂျက် နည်းနည်းနဲ့ ကွာလတီကောင်းတဲ့ မော်ဒယ်လေးကို ရရှိချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
ဒီ ဂိမ်း လက်ပ်တော့တွေကတော့ ယခုနှစ်အတွင်း အရောင်းရဆုံး လက်ပ်တော့တွေဖြစ်ပြီး ဂိမ်းချစ်သူတိုင်း ဟတ် ထိကြတဲ့ လက်ပ်တော့တွေပဲဖြစ်ပါတယ်။
Source: Pcmag
Featured Image: Reviewed.usatoday