ဂိမ်း ဆော့တဲ့အခါ အရည်အသွေးကောင်းတဲ့ Headset များနှင့် ဆော့ကစားခြင်းသည် ပိုမိုအသက်ဝင်ပြီး အနှောင့်အယှက်ကင်းကင်းနဲ့ ဆော့ကစားနိုင်ပါတယ်။ ပတ်ဝန်းကျင်မှ ဆူညံသံများကြောင့် စိတ်ညစ်စရာမလိုဘဲ ဂိမ်း ရဲ့အသံကို အကောင်းဆုံး ကြားကာ ဆော့ကစားနိုင်အောင် ကူညီပေးတာကတော့ အကောင်းစား Headset တွေပဲဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ဂိမ်း ဆော့တဲ့အခါ အကောင်းဆုံး Headset များနှင့် ဆော့ကစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကို ဝယ်ယူနိုင်ပါတယ်။
ဂိမ်း ဆော့ဖို့အတွက် အကောင်းစား Headset များကတော့
SteelSeries Arctis 7P/7X
ဒီပစ္စည်းလေးကတော့ ဒေါ်လာ ၁၄၉ ဒေါ်လာ ပေးချေရမှာဖြစ်ပြီး အသံစနစ်ကို နောက်ခံအသံများ နည်းနိုင်သမျှ နည်းအောင် လျော့ချပေးနိုင်ပါတယ်။ Wireless ဖြစ်တဲ့အတွက်ကြောင့် သက်သောင့်သက်သာဖြင့် ဂိမ်းဆော့နိုင်တာကတော့ အားသာချက်ပါပဲ။
Razer Blackshark V2
သူ့ရဲ့နားကြပ်အုပ်လေးကတော့ နားကြပ်ပေါ်မှာ အုပ်ထားတဲ့အခါ နားနာတာမျိုးမရှိစေဘဲ သက်သောင့်သက်သာရှိပါတယ်။ ဒါ့အပြင် သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ ထက် မပိုပါဘူး။
Logitech G Prox X
ဒီ ဂိမ်း Headset လေးကတော့ Tournament ပွဲတွေ ဆော့ကစားလေ့ရှိတဲ့ Gamer တွေအတွက် ထုတ်လုပ်ထားပေးတဲ့ နားကြပ်တစ်ခုပဲဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၁၃၀ ဝန်းကျင်ပဲရှိတာဖြစ်ပါတယ်။
SteelSeries Arctis Pro + GameDAC
ဒီနားကြပ်ကတော့ Rating ၅ မှာ ၄ ရထားတဲ့ နားကြပ်လေးပဲဖြစ်ပါတယ်။ Wireless မဟုတ်တဲ့အတွက်ကြောင့် ဂိမ်းဆော့ရတာ အနည်းငယ် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဈေးလည်း အနည်းငယ်မြင့်တဲ့အတွက်ကြောင့် ပိုက်ဆံ သိပ်မသုံးချင်သူများအတွက်တော့ မဝယ်သင့်ပါဘူး။
HyperX Cloud Stinger
ဒီဇိုင်းအမိုက်စားလေးကိုမှ ရွေးဝယ်ချင်သူများအတွက်တော့ HyperX Cloud Stinger လေးကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၅၀ ကျပ်သာကုန်ကျမှာဖြစ်ပါတယ်။
Corsair Virtuoso RGB Wirless XT
Wireless နားကြပ်လေးဖြစ်ပြီး သက်သောင့်သက်သာလည်းရှိတဲ့အပြင် သူ့ရဲ့ အသံကွာလတီကလည်း အမိုက်စားပဲဖြစ်ပါတယ်။
Razer Kaira Pro
နောက်ထပ်ရွေးချယ်စရာတစ်မျိုးကတော့ Razer Kaira Pro ပဲဖြစ်ပါတယ်။ သူ့ရဲ့ဒီဇိုင်းကိုလည်း အမိုက်စားဖန်တီးထားပြီး အရောင်ကလည်း အနက်ရောင်နဲ့ အစိမ်းရောင်ကို ရောစပ်ကာ ဖန်တီးထားတာဖြစ်ပါတယ်။
SteelSeries ARctis 1 Wireless
ဒီနားကြပ်လေးကတော့ ဒေါ်လာ ၁၀၀ အောက်မှာပဲရှိတာဖြစ်ပါတယ်။ Wirless ချိတ်ဆက်မှုအားသည်လည်း အမိုက်စားပဲဖြစ်ပါတယ်။
Turtle Beach Elite Atlas Aero
ကွီးတို့အနေနဲ့ အရည်အသွေးအမိုက်စားနဲ့ High-End နားကြပ်မျိုးကို လိုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ Wirelss ဖြစ်ပြီး သူ့ရဲ့ ဘက္ထရီကလည်း နာရီ ၃၀ လောက် အသုံးခံပါတယ်။
HyperX Cloud Alpha
ဒီနားကြပ်ကတော့ Rating ၅ မှာ ၄ ရထားတဲ့ နားကြပ်တစ်ခုပါ။ Wirless မဟုတ်တဲ့အပြင် တခါတရံမှာလည်း နောက်ခံအသံများကို လုံအောင်မလုပ်ပေးနိုင်ပါဘူး။ နားကြပ်ကတော့ တပ်ထားတဲ့အခါ သက်သောင့်သက်သာတော့ရှိပါလိမ့်မယ်။
Source: Tomsguide
Featured Image: Dot Esports