ဂိမ်းကစားခြင်းသည် ယနေ့ခေတ်မှာ လူငယ်တော်တော်များများရဲ့ စိတ်အပန်းဖြေတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အချို့ကလည်း ဂိမ်းကို ပျော်ပျော်ပါးပါးသာ ဝါသနာအဖြစ် ဆော့ကစားကြပြီး အချို့ကတော့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်လမ်းကြောင်းအဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။ ဂိမ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဒါမှမဟုတ် ဂိမ်း အင်ဖလူရန်ဇာ အဖြစ် YouTube များ ပေါ်တွင် ကိုယ်ပိုင်ချန်နယ်တစ်ခုထောင်ကာ ဆော့ကစားလေ့ ရှိပါတယ်။

နာမည်ကြီး ဂိမ်း အင်ဖလူရန်ဇာ များသည်လည်း ဂိမ်းချစ်သူများရဲ့ အားပေးမှုပေါ် မူတည်ပြီး နာမည်ကြီးသထက် ကြီးလာကြပါတယ်။

ထိုနာမည်ကြီး ဂိမ်း အင်ဖလူရန်ဇာ များထဲမှ လူကြိုက်အများဆုံး အင်ဖလူရန်ဇာများကို ဖော်ပြပေးလိုက်ရပါတယ်။

VanossGaming

ဂိမ်း အင်ဖလူရန်ဇာ

ဒီချန်နယ်ပိုင်ရှင်ကတော့ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါလူမျိုးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Evan Fong ဖြစ်ပြီး လူကြိုက်အများဆုံး အယောက် ၂၀ ထဲတွင် နံပါတ် (၁) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Markiplier

ဂိမ်း အင်ဖလူရန်ဇာ

Markiplier ကတော့ ဟာဝိုင်အီမှာ မွေးဖွားတဲ့ ကနေဒါလူမျိုး တစ်ယောက်ဖြစ်သူ Mark Fischbach ရဲ့ ချန်တယ်တစ်ခုဖြစ်ပါတယ်။ သူသည် သည်းထိတ်ရင်ဖို ဂိမ်းများကို ဆော့ရတာ နှစ်သက်ပြီး ဂိမ်းများစွာကိုလည်း Reaction ဗီဒီယိုများ၊ ကွန်မန့်များ ပြန်လည်ပြုလုပ်လေ့ရှိပါတယ်။

Jacksepticeye

ဂိမ်း အင်ဖလူရန်ဇာ

သူ့ရဲ့နာမည်အရင်းကတော့ Sean William McLoughlin ဖြစ်ပြီး Jackseptic Eye လို့လည်း လူသိများပါတယ်။ သူသည် သူ့ရဲ့ဂိမ်းဗွီဒီယိုများကို ၂၀၁၂ ခုနှစ်က စတင် Upload ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ၂၀၁၃ မှာ PewDiePie ဆိုတဲ့ နာမည်ကြီး ဂိမ်း အင်ဖလူရန်ဇာက သတိထားမိပြီး လက်တွဲခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

DanTDM

DanTDM

DanTDM ဆိုတဲ့ ချိန်နယ်ပိုင်ရှင်ကတော့ Daniel Middleton ဖြစ်ပြီး အင်္ဂလိပ်လူမျိုး YouTuber တစ်ယောက်ဖြစ်ပါတယ်။ သူသည် ၂၀၁၂ ခုနှစ်ကတည်းက ကိုယ်ပိုင်ချန်နယ် ထောင်ခဲ့တာဖြစ်ပြီး ယခုဆိုလျှင် ဖော်လိုဝါ အမြောက်အမြား ရရှိနေပြီပဲဖြစ်ပါတယ်။

PopularMMOs

PopularMMOs

နောက်ထပ် လူကြိုက်များတဲ့ နာမည်ကြီးတစ်ယောက်ကတော့ Patrick Brown လို့ အမည်ရပြီး သူ့ရဲ့ချန်နယ်ကတော့ PopularMMOs ပဲဖြစ်ပါတယ်။ သူကတော့ Minecraft ဂိမ်းများကို ဦးစားပေးကာ ဆော့ကစားလေ့ရှိပါတယ်။

ကွီးတို့ရော Game Influencer တွေထဲမှာ ကိုယ် သဘောအကျဆုံး Influencer တွေက ဘယ်သူတွေဖြစ်မလဲ။

Source: Influencermarketinghub

Featured Image: Inca-global