အခုနောက်ပိုင်း ဂိမ်းနယ်ပယ်ထဲမှာတော့ Anime ဂိမ်းတွေက တော်တော်လေး ရေပန်းစား လူကြိုက်များလာတယ်လို့ ပြောရမှာပါ။ အချို့ဂိမ်းတွေက Anime ရုပ်ရှင်တွေကို အခြေခံပြီး ဂိမ်းအဖြစ် ပြန်လည်အသက်သွင်းထားသလို အချို့ဂိမ်းတွေကလည်း ဇာတ်လမ်းဇာတ်သွား ကောင်းကောင်းနဲ့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရွေးချယ်ဆော့ကစားစရာ ဂိမ်းပုံစံတွေလည်း အမျိုးမျိုးရှိတာကြောင့် ဒီတစ်ခေါက်မှာတော့ Anime ဖန် တွေ လုံးဝအကြိုက်တွေ့စေမယ့် အမိုက်စား Anime ဂိမ်း လေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Azur Lane

Source : Azur Lane Official – Yostar

Azur Lane ဂိမ်းလေးကတော့ ၂၀၁၈ ခုနှစ်လောက်က စတင်ကြေညာခဲ့တာပါ။ Shooting ၊Simulation နဲ့ Side-Scrolling Elements တွေပါတဲ့ Mobile Gacha RPG (Role-Playing Game) ဂိမ်း အမျိုးအစား ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးက ရိုးရိုးရှင်းရှင်းနဲ့ ဆော့ရတာ အတော်လေး ပျော်စရာပါ။ Hyperdimension Neptunia နဲ့ Armored Trooper VOTOMS ထဲက ဇာတ်ကောင်တွေ ပါတဲ့အတွက် Anime ဖန် တွေ သေချာပေါက် အကြိုက်တွေ့မှာပါ။

(၂) Bleach Brave Souls

Source : Bleach: Brave Souls

Bleach Brave Souls ကတော့ Anime ဂိမ်း ဟောင်းတွေထဲက တစ်ခုဖြစ်ပေမယ့် ဒီနေ့ထိလူကြိုက်များနေဆဲမို့ ပြန်ညွှန်းပေးလိုက်ပါတယ်။ ဒီဂိမ်းလေးက Bleach Universe ထဲက ဇာတ်ကောင်အမျိုးမျိုးကို ဆင့်ခေါ်ပြီး ကစားရမယ့် RPG Gacha စတိုင်ဂိမ်းပုံစံ ဖြစ်ပါတယ်။
Level Up လာဖို့နဲ့ ဇာတ်လမ်းပြီးဆုံးအောင် ဆော့ကစားဖို့ အခြား Players တွေနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဂိမ်းက တော်တော်လေးရှည်ပြီး တော်တော်မိုက်တယ်လို့ ပြောရမှာပါပဲ။

(၃) DanMachi – Memoria Freese

Source : DanMachi – MEMORIA FREESE

DanMachi – Memoria Freese ကတော့ Classic Japanese Gacha အတွေ့အကြုံကို ခံစားရစေမယ့် ဂိမ်း အမိုက်စားလေး တစ်ခုပါ။ ဇာတ်ကောင်တွေကို တဆင့်ချင်း Level Up သွားပြီး လူဆိုးတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးမှာ ထူးခြားတာက Anime ထဲက အော်ရီဂျင်နယ် Voice Actors တွေကို သုံးထားတာဖြစ်ပြီး Customization Elements တွေနဲ့ Online PvP ပြိုင်ပွဲတွေ ပါပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းအမိုက်စားလေး ဖြစ်တာကြောင့် ကွီးတို့ စမ်းသပ်ဆော့ကစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၄) Dragon Ball Legends

Source : Bandai Namco Entertainment

Dragon Ball Legends ဂိမ်းလေးကတော့ RPG (Role-Playing Game) ၊ Gacha နဲ့ Adventure Elements တွေတဲ့ တိုက်ခိုက်ရေး ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ Story Mode အပြင် Online PvP တိုက်ပွဲတွေလည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးမှာက Dragon Ball Characters တွေ အများကြီး ပါဝင်ပြီး ကစားရတဲ့ ဂိမ်းပုံစံကလည်း တော်တော်လေး ရိုးရှင်းပါတယ်။ Dragon Ball စီရီး ဖန်တွေကတော့ ဒီဂိမ်းလေးကို သေချာပေါက် အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Dble.Bn-Ent.Net