ဂိမ်း ဆော့ရင်း Stream လုပ်ခြင်းသည် ယနေ့ခေတ်မှာ ဂိမ်းဝါသနာအိုးများအကြား ရေပန်းစားလာခဲ့ပါပြီ။ မိမိရဲ့ မိုဘိုင်းလ်ဖုန်းကနေ ဂိမ်း ဆော့ရင်း Stream လုပ်လို့ရတဲ့ အလန်းစား အက်ပလီကေးရှင်းများကြောင့်လည်း Stream လုပ်ရတာ ပိုမိုလွယ်ကူခဲ့ပါတယ်။
ကွီးတို့အနေနဲ့လည်း ဂိမ်း ဆော့ရင်း တစ်ပြိုင်နက်တည်းမှာပဲ Stream လုပ်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အက်ပလီကေးရှင်းများကို အသုံးပြုနိုင်ပါတယ်။
Streamlabs

Streamlabs ကတော့ နာမည်ကြီးတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ YouTube ၊ Facebook တို့လိုမျိုး ဆိုရှယ်မီဒီယာများမှတဆင့် Streaming လုပ်ရင်း ဂိမ်းဆော့နိုင်ပါတယ်။ သင့်ရဲ့ Viewers များနှင့်လည်း စကားပြောလို့ရအောင် Audio Response Option လေးတွေ ထားရှိပေးတာကြောင့် အပြန်အလှန် အဆက်အသွယ်လုပ်လို့ ရပါသေးတယ်။
Omlet Arcade

Omlet Arcade ကတော့ သူ့ရဲ့ များပြာစုံလင်လှတဲ့ Features များကြောင့် လူကြိုက်များပါတယ်။ ဒါ့အပြင် ဂိမ်းများကို Stream လုပ်တဲ့အခါမှာလည်း တစ်ဖက်ကြည့်ရှုသူများရဲ့အမြင်မှာ Resolution မြင့်မြင့်နှင့် ကြည့်ရှုနိုင်အောင် ကူညီပေးပါသေးတယ်။
NexPlay

ဒီအက်ပလီကေးရှင်းကတော့ ဂိမ်းဆော့ကစားသူများရော ကြည့်ရှုသူများအကြားမှာပါ ရေပန်းစားတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်တစ်ခုကတော့ Tournaments တွေကို Live ကြည့်ရှုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အခြားသော ပရို Gamer များရဲ့ Live Streaming ကိုလည်း သင့်ရဲ့မိုဘိုင်းလ်ဖုန်းကနေတဆင့် အားပါးတရ ကြည့်ရှုနိုင်ပါသေးတယ်။
Mobizen

Mobizen ကတော့ သုံးစွဲရလွယ်ကူရိုးရှင်းပြီး Features အမျိုးအစားလည်း စုံလင်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် သူသည် Face Cam လည်း ပါဝင်တဲ့အတွက်ကြောင့် သင် ဂိမ်းဆော့နေတဲ့ပုံကိုလည်း သင့်ရဲ့ Viewers များက မြင်တွေ့နိုင်မှာဖြစ်ပါတယ်။
Nimo TV for Streamer

Nimo TV သည်လည်း စောစောကဖော်ပြခဲ့တဲ့ Streaming Apps တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ခြားနားချက်တစ်ခုကတော့ အခြားသော Apps တွေလိုမျိုး ကြော်ငြာတွေ မပါတဲ့အတွက်ကြောင့် အမိုက်စား ခံစားချက်ကို ခံစားရစေမယ့် အလန်းစား အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။
ဂိမ်းဆော့ရင်း Live Streaming လုပ်ချင်တဲ့ ဂိမ်းဝါသနာအိုးများအတွက် အခုဖော်ပြသွားတဲ့ အက်ပလီကေးရှင်းများက အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Naijaknowhow
Featured Image: Cellularnews
