ကမ္ဘာပေါ်မှာ ဂီတအလှည့်အပြောင်းတချို့ကို ယူဆောင်လာဖို့ ကြိုးစားခဲ့တဲ့ Indie Rock ဂီတအဖွဲ့တွေ အများကြီးရှိပါတယ်။ ၈၀ ခုနှစ်ကာလတွေမှာ စတင်ရေပန်းစားလာတဲ့ Indie Rock ဂီတဟာဆိုရင် လွတ်လပ်ခြင်းနဲ့ အမှီအခိုကင်းမဲ့ခြင်းကို ကိုယ်စားပြုတဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ပြီး လွတ်လပ်တဲ့ စိတ်ဝိဥာဉ်နဲ့ သမားရိုးကျမဟုတ်တဲ့ ဂီတအမျိုးအစားတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူတိုင်း အနည်းဆုံးတစ်ကြိမ်လောက် နားထောင်ကြည့်သင့်တဲ့ အကောင်းဆုံး Indie Rock Bands တွေကို ပြောပြပေးချင်ပါတယ်။

(၁) Nirvana

၈၀ ဝန်းကျင်က အောင်မြင်ကျော်ကြားဆုံး ဂီတအဖွဲ့ကိုပြောပါဆိုရင် Nirvana က ထိပ်ဆုံးက ပါပါတယ်။ Nirvana အဖွဲ့ကို ၁၉၈၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဂီတလောကအတွက် အပြောင်းအလဲတချို့နဲ့ ဆန်းသစ်တဲ့ သီချင်းတွေကို ယူဆောင်လာခဲ့တဲ့ အကျော်ကြားဆုံး တေးဂီတ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၂) Radiohead

နောက်ထပ် ကျော်ကြားတဲ့ ဂီတအဖွဲ့တစ်ခုကတော့ Radiohead ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အောင်မြင်ကျော်ကြားတဲ့ အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ တစ်ခု ဖြစ်ပါတယ်။ Radiohead ဟာ သူတို့ရဲ့ကောင်းမွန်ပြီး အပြောင်းအလဲမရှိတဲ့ ဂီတပုံစံကြောင့် အကောင်းဆုံး ဂီတအဖွဲ့တစ်ခုအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

(၃) Pearl Jam

၁၉၉၀ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ Pearl Jam ဂီတအဖွဲ့ကတော့ အကောင်းဆုံး Indie Rock ဂီတအဖွဲ့တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဆန်တဲ့သီချင်း စာသားတွေ ၊ အောင်မြင်ကျော်ကြားဆုံး သီချင်းများစွာနဲ့အတူ ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ တေးဂီတ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

(၄) The Clash

The Clash ကတော့ ၁၉၇၆ ခုနှစ်က လန်ဒန်မှာစတင်ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့ဖြစ်ပါတယ်။ The Clash ဟာ သူတို့ရဲ့ လူမှု-နိုင်ငံရေးဆန်တဲ့ သီချင်းစာသားတွေကြောင့် လူသိများပြီး ၈၀ ခုနှစ်တွေမှာ အောင်မြင်ကျော်ကြားတဲ့ ဂီတအဖွဲ့တစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။

Featured Photo : Ultimate Classic Rock