ကိုဗစ်ကပ်ရောဂါဘေး အရှိန်လျော့ကျလာမှုဟာ ဒီနှစ် ဂီတချစ်သူတွေ မျှော်လင့်နေတဲ့ ဖျော်ဖြေရေးပွဲတော်ကြီးတွေ ကျင်းပဖြစ်ဖို့ အလားအလာ ပိုကောင်းလာစေပါတယ်။ အခုနှစ်အတွက် ဧပြီနွေဦးပေါက်ကနေ စက်တင်ဘာ ၊ အောက်တိုဘာအထိ အရေးပါတဲ့ Music Festivals ဂီတ ပွဲတော်ကြီး တွေ ကမ္ဘာတလွှား ကျင်းပသွားဖို့ မျှော်လင့်ရပါတယ်။

မကြာသေးခင်ကပဲ ကယ်လီဖိုးနီးယားက နာမည်ကြီး Music Festival တစ်ခု ဖြစ်တဲ့ Coachella ဂီတပွဲတော်ကို သောကြာနဲ့ တနင်္ဂနွေ နေ့တွေမှာ ၄ ရက်ကြာ ကျင်းပသွားခဲ့ပြီး နာမည်ကျော် အဆိုတော်တွေ ဖြစ်တဲ့ Billie Eilish ၊ Harry Styles ၊ Swedish House Mafia နဲ့ The Weekend တို့အပြင် Japanese Breakfast ၊ Mannequin Pussy ၊ Rina Sawayama နဲ့ Turnstile တို့လည်း သီဆိုဖျော်ဖြေသွားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ကျင်းပသွားတဲ့ Music Festivals ပွဲကြီးတချို့က 2022 Beale Street Music Festival နဲ့ Shaky Knees Music Festival တို့ဖြစ်ပြီး ၂၉ ရက် ဧပြီ သောကြာနေ့ကနေ မေလ ၁ ရက် တနင်္ဂနွေနေ့အထိ ၃ရက်ကြာ ကျင်းပသွားခဲ့တာပါ။ ဒီပွဲတွေအပြင် ဒီနှစ်ထဲမှာ ကျင်းပဖို့ မျှော်လင့်ထားတဲ့ Music Festivals တချို့အကြောင်းလည်း မျှဝေပေးချင်ပါတယ်။

(၁) Boston Calling

မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မှာ ကျင်းပမယ့် Music Festival ပွဲကြီးတစ်ခု ဖြစ်ပြီး မေလ ၂၇ ရက် သောကြာနေ့ကနေ မေလ ၂၉ ရက် တနင်္ဂနွေနေ့အထိ ၃ ရက်ကြာ ကျင်းပဖို့ ရှိပါတယ်။ Coachella လိုပဲ Boston Calling Music Festival ဟာ ပြီးခဲ့တဲ့နှစ်က မကျင်းပဖြစ်တဲ့ ဂီတပွဲတော်ကြီးတစ်ခုပါ။ ဂီတချစ်သူတွေ စောင့်မျှော်နေတဲ့ စိတ်လှုပ်ရှားဖွယ်ရာ Music Festival ပွဲ ဖြစ်ပြီး ဒီပွဲမှာ Metallica ၊ Nine Inch Nails ၊ The Strokes ၊ Avril Lavigne ၊ HAIM ၊ Orville Peck နဲ့ Pom Pom Squad စတဲ့ နာမည်ကြီး အနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိပါတယ်။

(၂) BottleRock

မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမယ့် ပွဲဖြစ်ပြီး နေရာကတော့ ကယ်လီဖိုးရီးယားပြည်နယ် Napa Valley မှာပါ။ Foodie နဲ့ Music Fan တွေအတွက် BottleRock က တကယ့် ထိပ်တန်း ဂီတ ပွဲတော်ကြီး တစ်ပွဲပါပဲ။ အစားအသောက် ဝိုင် ၊ Craft Beer နဲ့ ဟင်းလျာအစုံကို ဂီတနဲ့အတူ မြည်းစမ်းရမယ့် နေရာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ The Black Crowes ၊ Kygo ၊ Luke Combs ၊ Metallica ၊ P!nk ၊ Twenty One Pilots ၊ Aly & AJ ၊ SAINt JHN နဲ့ Yola တို့ အပါအဝင် အနုပညာရှင်ပေါင်းများစွာ တက်ရောက် ဖျော်ဖြေဖို့ ရှိပါတယ်။

(၃) Bonnaroo

တင်နက်ဆီပြည်နယ် မန်ချက်စတာမှာ လာမယ့် ဇွန်လ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပသွားမယ့် Music Festival ဖြစ်ပါတယ်။ ဇွန်လ နောက်ဆုံးပတ်တွေမှာ ပုံမှန် ကျင်းပနေကျ ဂီတ ဖျော်ဖြေပွဲတစ်ခု ဖြစ်ပြီး ဒီနှစ်မှာလည်း အနုပညာရှင်ပေါင်းများစွာနဲ့ တခဲနက် ဖျော်ဖြေသွားဖို့ ရှိပါတယ်။ ဒီနှစ်အတွက် Bonnaroo Music Festival ပွဲမှာ The Chicks ၊ Flume ၊ Gryffin ၊ Illenium ၊ J. Cole ၊ Machine Gun Kelly ၊ Roddy Ricch ၊ Stevie Nicks ၊ TOOL, နဲ့ 21 Savage တို့ ဦးဆောင် ဖျော်ဖြေသွားဖို့ ရှိပြီး Denzel Curry ၊ Indigo De Souza ၊ Slowthai ၊ Tierra Whack နဲ့ Tove Lo စတဲ့ အဆိုတော်တွေလည်း ဒီပွဲမှာ သီဆိုဖျော်ဖြေနိုင်ပါတယ်။

(၄) Summerfest

ဝစ္စကွန်ဆန် ပြည်နယ် မီဝေါကီမှာ ကျင်းပမယ့် Summerfest Music Festival ကို ဇွန် ၂၃ ရက် ကြာသာပတေး ၊ ဇွန် ၂၅ ရက် စနေနေ့ ၊ ဇွန် ၃၀ ရက်နေ့ ကြာသာပတေး ၊ ဇူလိုင် ၂ ရက် စနေနေ့ ၊ ဇူလိုင် ၇ ရက် ကြာသာပတေး နဲ့ ဇူလိုင် ၉ ရက် စနေဆိုပြီး ဇွန်လကုန် ဇူလိုင်လဆန်း ကြာသာပတေး ၊ စနေနေ့တွေ ၆ ရက်ကြာ ကျင်းပသွားဖို့ ရှိပါတယ်။

သီတင်းပတ် သုံးပတ်အတွင်း Weekends တွေမှာ ကျင်းပမယ့် ဧရာမ ဂီတ ပွဲတော်ကြီး ဖြစ်ပြီး အနုပညာရှင် ရာပေါင်းများစွာဟာ စင်ကြီး ၁၂ စင်နဲ့ အနောက်အလယ်ပိုင်း ဝစ္စကွန်ဆင်ပြည်နယ်မှာ အားရပါးရ ဖျော်ဖြေကြမှာပါ။ Summerfest ဟာ ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်ကြီးအဖြစ်လည်း သတ်မှတ်ခံထားရပြီး ဒီပွဲမှာ Country နဲ့ Rock ဂီတ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကနေ Pop နဲ့ Indie Rock ရဲ့ ကြယ်ပွင့်တွေပါ ဖျော်ဖြေသွားမှာပါ။

အနုပညာရှင်တွေအနေနဲ့ Abby Roberts ၊ Avril Lavigne ၊ Backstreet Boys ၊ Cheap Trick ၊ Gabby Barrett ၊ Halsey ၊ Harry Hudson ၊ Iaan Dior ၊ Jaden ၊ Jason Aldean ၊ John Morgan ၊ Justin Bieber ၊ Lil Wayne ၊ Machine Gun Kelly ၊ The Marías ၊ Rod Stewart ၊ ¿Téo? ၊ Thomas Rhett ၊ Wiz Khalifa ၊ Wu-Tang Clan ၊ The Breeders ၊ Charli XCX ၊ Death Cab For Cutie နဲ့ WILLOW တို့ကို ဒီပွဲမှာ မြင်ရဖို့ ရှိပါတယ်။

(၅) Pitchfork

ဇူလိုင် ၁၅ ရက် သောကြာနေ့ကနေ ဇူလိုင် ၁၇ ရက် တနင်္ဂနွေနေ့တို့မှာ ကျင်းပသွားမယ့် Music Festival ပွဲတစ်ခု ဖြစ်ပြီး အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမှာ ကျင်းပသွားမှာပါ။ Pitchfork အမေရိကန်အွန်လိုင်း ဂီတထုတ်လုပ်ရေးကုမ္ပဏီက စီစဉ်ကျင်းပတဲ့ ပွဲပါ။ ချီကာဂိုမြို့ရဲ့ COVID-19 စည်းကမ်းချက်တွေနဲ့ အညီ ကျင်းပသွားမှာ ဖြစ်ပြီး ဒီနှစ်မှာတော့ Mitski ၊ The National ၊ The Roots ၊ Camp Cope ၊ CupcakKe ၊ Ethel Cain ၊ Iceage နဲ့ SPIRIT OF THE BEHIVE တို့လည်း တက်ရောက် ဖျော်ဖြေဖို့ ရှိပါတယ်။

Featured Photo : themusicuniverse