ဘယ်နေရာ ရောက်ရောက် ဂေါ် နေတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်ချင်တဲ့ ကွီးတို့အတွက် သိထားသင့်တဲ့ ဖက်ရှင် Tips အချို့ရှိပါတယ်။ ထိုဖက်ရှင် Tips များကို သေချာ လိုက်လုပ်မယ်ဆိုရင်တော့ ကွီးတို့က စတိုင်လ် ကျပြီး ဂေါ် တဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်သွားပါပြီ။

(၁) ကွာလတီကောင်းတဲ့ လက်ပတ်နာရီ တစ်လုံးကို အထာကျကျ ဝတ်ဆင်ပါ

လက်ပတ်နာရီ

စမတ်ကျတဲ့ အမျိုးသားတွေရဲ့ လက်ကောက်ဝတ်မှာ ကွာလတီကောင်းတဲ့ လက်ပတ်နာရီ တစ်လုံးကတော့ အမြဲနေရာယူထားစမြဲပါပဲ။ ကွီးတို့လည်း စမတ်ကျချင်တယ်ဆိုရင်တော့ ကွာလတီကောင်းတဲ့ လက်ပတ်နာရီ တစ်လုံး ဝတ်ဆင်သင့်ပါတယ်။ လက်ပတ်နာရီသည် နေ့စဥ် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် ကွီးတို့အားလုံး မမေ့မလျော့ ဝတ်ဆင်သင့်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။

(၂) ခက်ရှ်မီးယား ဆွယ်တာ တစ်ထည်ကလည်း ကွီးတို့ကို ဆွဲဆောင်မှု တိုးစေမှာပါ

ဆွယ်တာ

ခက်ရှ်မီးယား ဆွယ်တာ ဝတ်ဆင်တဲ့ အမျိုးသားကို မကြွေတဲ့ မဒီလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ကွီးတို့က ကိုရီးယား မင်းသားတစ်ယောက်အလား ဆွဲဆောင်မှု တိုးသွားမှာ အသေအချာပါပဲ။ ရွေးချယ်စရာ အရောင်အနေနဲ့ကတော့ သဘာဝဆန်တဲ့ အရောင်တွေဖြစ်တဲ့ မီးခိုးရောင်၊ အညိုရောင်၊ အပြာရောင်၊ အစိမ်းရောင် စသည်ဖြင့် အမျိုးမျိုး ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

(၃) သားရေဂျက်ကတ်များနဲ့ ရှိုးထုတ်တတ်ပါစေ

ဂေါ် ဘီးကျဲ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစိုင်ကို လှုပ်ခါနိုင်တဲ့ နောက်ထပ် ဖက်ရှင် Tips လေးကတော့ အမိုက်စား သားရေ ဂျက်ကတ်များပဲ ဖြစ်ပါတယ်။ သားရေ ဂျက်ကတ်ကို ရွေးချယ်မယ်ဆိုရင်တော့ အနက်ရောင် သားရေ ဂျက်ကတ်ကို ပထမ ဦးစားပေး အနေနဲ့ ရွေးချယ်သင့်ပါတယ်။

(၄) ဝတ်စုံပြည့် ဝတ်ဆင်တတ်အောင်လည်း လေ့ကျင့်ထားပါ

ဂေါ် ဘီးကျဲ

ဝတ်စုံပြည့် ဝတ်ဆင်တတ်အောင် လေ့ကျင့်ခိုင်းတာကတော့ အခြားတော့ မဟုတ်ပါဘူး။ ကွီးတို့ လုပ်ငန်းခွင်မှာ နိုင်ငံတကာက စီးပွားရေး သမားများနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့အခါမှာ ကွီးတို့ရဲ့ ပထမ တွေ့ဆုံခြင်းက အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့ကြောင့်မို့လို့ လိုအပ်တဲ့အချိန်မှာ ဖက်ရှင် ကျဖို့ရန်အတွက် အခုကတည်းက ကြိုတင် ပြင်ဆင်ထားသင့်တာပဲ ဖြစ်ပါတယ်။

(၅) အောက်ခံဘောင်းဘီများကိုလည်း သေချာ ရွေးချယ်တတ်ပါစေ

ဂေါ် ဘီးကျဲ

အောက်ခံဘောင်းဘီပဲဟာ အတွင်းထဲကိုမှ မမြင်ရတာ မလိုပါဘူးကွာ ဆိုပြီး ကွီးတို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ကွီးတို့ရဲ့ အောက်ခံဘောင်းဘီသည်လည်း အင်မတန်မှ အရေးကြီးပါတယ်။ နီကြောင်ကြား ဘောင်းဘီများ၊ ကျားသစ်ကွက် ဘောင်းဘီများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။

(၆) ဘွတ်ဖိနပ်များနဲ့ ရှိုးထုတ်ပါ

ဂေါ် ဘီးကျဲ

နောက်ဆုံးအဆင့် လိုအပ်ချက်ကတော့ ဘွတ်ဖိနပ်များပဲ ဖြစ်ပါတယ်။ ဘွတ်ဖိနပ်များကို ရွေးချယ် ဝတ်ဆင်တဲ့အခါမှာလည်း ကွာလတီကောင်းတာမျိုးကို ဝတ်ဆင်မှ ဝတ်ဆင်ရသူအဖို့ ခြေထောက်မနာဘဲ တစ်နေကုန် သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျကာ ဂေါ် နေတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်မှာပါ။

ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်ကို ဘယ်လိုမျိုး အမိုက်စားဖြစ်သွားအောင် ရှိုးထုတ်လေ့ရှိပါသလဲ။

Source : Realmenrealstyle

Featured Photo : Bestbobomk.life