အခုလို မိုးရာသီမှာ ဂျက်ကတ် ဖက်ရှင်တွေနဲ့ ခပ် မိုက်မိုက် လေး ရှိုးထုတ်ချင်တာလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အဝတ်ဘီဒိုထဲမှာ အခုဖော်ပြပေးမယ့် ဂျက်ကတ်အမျိုးအစားတွေ ပိုင်ဆိုင်ထားဖို့တော့ လိုအပ်နေပါပြီ။

ဂျင်းဂျက်ကတ်နဲ့ ရှိုးထုတ်မလား

denim jacket

ကွီးတို့ရဲ့ အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် ရှိသင့်တဲ့ ဂျက်ကတ်တစ်ထည်ကတော့ ဂျင်းဂျက်ကတ်တွေပါပဲ။ ဘယ်သူမဆို ဂျင်းဂျက်ကတ် တစ်ထည်တော့ ရှိထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဂျင်းက ဘုရင်ပါ။ ဂျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ စတိုင်လ်ကျသော အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ ဂျင်း ဂျက်ကတ်တွေနဲ့ ရှိုးထုတ်ဖို့ အချိန်ကောင်းပါပဲ။

လည်ကတုံးပုံ လည်ပင်းဒီဇိုင်းနဲ့ ဘုံပါ ဂျက်ကတ်

bomber jacket

ဘုံပါဂျက်ကတ် တွေကတော့ ဝတ်ရတာ ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိတဲ့အပြင် စတိုင်လ်ကျတာကြောင့် အမျိုးသားရော အမျိုးသမီးများပါ ကြိုက်နှစ်သက်ကြတဲ့ ဂျက်ကတ်တွေပါပဲ။ ဒါ့အပြင် အလန်းစား Street Style ဖက်ရှင်မျိုးကို ပေးစွမ်းနိုင်တဲ့ ဂျက်ကတ်တွေဆိုလည်း မမှားပါဘူး။ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့လည်း ကြည့်ကောင်းစေတာကြောင့် မြန်မြန်ဆန်ဆန် ရွေးချယ်လို့ရတဲ့ အတွဲအစပ်ပဲ ဖြစ်ပါတယ်။ ကွီးတို့ Night Out ထွက်တဲ့အခါ၊ ကလပ်တတ်တဲ့ အခါမျိုးမှာလည်း ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

အနက်ရောင် ဂျင်းဂျက်ကတ်

ဂျက်ကတ် ခပ် မိုက်မိုက်

အနက်ရောင် ဂျင်းဂျက်ကတ် က ကွီးတို့အတွက် ရိုးရိုးရှင်းရှင်းနဲ့ စတိုင်လ် ကျသော ရွေးချယ်မှု ဖြစ်ပါတယ်။ သူ့ကို ဝတ်မယ်ဆိုရင် ပေါ့ပေါ့ပါးပါးနှင့် စမတ်ကျသော ပုံစံ နှစ်မျိုးလုံးနှင့် လိုက်ဖက်နိုင်ပြီး ကွီးတို့ ဗီရိုထဲရှိ မည်သည့် အဝတ်အစားနဲ့မဆို တွဲနိုင်ပါတယ်။ ကွီးတို့အနေနဲ့ လေးနက်ပြီး အမိုက်စား Street Style အသွင်အပြင်ကို ရချင်ရင် အနက်ရောင် ဂျင်းဂျက်ကတ်ကို အနက်ရောင် ဘောင်းဘီနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

မိမိုက်နေစေမယ့် အမိုက်စား ဂျက်ကတ်

ဂျက်ကတ် ခပ် မိုက်မိုက်

ဒီဂျက်ကတ်ကတော့ ဆိုင်ကယ်စီးတဲ့သူတွေ ရှိုးထုတ်ပြီး ဝတ်ဆင်လေ့ရှိကြတဲ့ အတွက်ကြောင့် Biker ဂျက်ကတ်လို့ ခေါ်ပါတယ်။ ကွီးတို့အနေနဲ့ အနည်းငယ်ခပ်မိုက်မိုက် စတိုင်လ် မျိုးဝတ်ချင်တဲ့နေ့မျိုးအတွက် Biker ဂျက်ကတ် ကို ရွေးချယ်ဖို့ အကာင်းဆုံးပါပဲ။ ဒီသားရေ ဂျက်ကတ်က ကွီးတို့အတွက် ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့လည်း ကြည့်ကောင်းစေတာကြောင့် မြန်မြန်ဆန်ဆန် ရွေးချယ်လို့ရတဲ့ အတွဲအဆက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ Night Out ထွက်တဲ့အခါ၊ ကလပ်တတ်တဲ့ အခါမျိုးမှာလည်း ရွေးချယ်သင့်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

Harrington ဂျက်ကတ်နဲ့​ရှိုးထုတ်ပါ

ဂျက်ကတ် ခပ် မိုက်မိုက်

Harrington ဂျက်ကတ် ဆိုတာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်နိုင်တဲ့ ဂျက်ကတ်အမျိုးအစားတစ်ခုဖြစ်ပြီး ချည်သား၊ မိုးကာသား၊ သိုးမွှေးထည် (သို့) ကတ္တီပါသားနှင့် ချုပ်လုပ်ထားလေ့ရှိပါတယ်။ သူ့ရဲ့ဂျက်ကတ်အရှည်ကတော့ ခါးအထိ ရှည်လျားအောင် ချုပ်လုပ်ထားတာပါ။ ကွီးတို့အနေနဲ့ Harrington ဂျက်ကတ်နဲ့ တွဲဖက်ဝတ်ဖို့ဆိုရင်တော့ ချီနို ဘောင်းဘီပဲဖြစ်ဖြစ်၊ စတိုင်လ်ဘောင်းဘီနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။

ကွီးတို့ ဘီဒိုထဲမှာရော ဂျက်ကတ် အမျိုးအစားတွေ ဘယ်နှထည်လောက် ရှိပါသလဲ။ အခုဖော်ပြသွားတဲ့ ဂျက်ကတ် တွေ အကုန်လုံး ပိုင်ဆိုင်ထားရင်တော့ ကွီးတို့က ခပ် မိုက်မိုက် နဲ့ ဖက်ရှင်ကျနေတဲ့ ဘီးကျဲ တစ်ဗွေပါပဲ။

Source: Fashionbeans

Featured Image: Mensjournal