အမျိုးသား ဖက်ရှင်လို့ ပြောရင် ဂျက်ကတ်တွေကိုတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ ဂျက်ကတ် တွေက အချိန်ရာသီမရွေး ဝတ်နိုင်သလို အခုလို အအေးဓာတ်ပိုတဲ့ ဆောင်းတွင်း ကာလမှာဆိုရင်လည်း အနွေးဓာတ်ကောင်းကောင်းရ စတိုင်လည်းကျစေမယ့် အကောင်းဆုံး အဝတ်အစားတစ်ခုပါ။ ဂျက်ကတ်အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲမှာ ဒီတစ်ခေါက်တော့ အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံးနဲ့ စတိုင်အကျဆုံး ဂျက်ကတ်တွေကို ပြောပြပေးပါမယ်။

(၁) Denim ဂျက်ကတ်

Denim Jacket

Photo : Man of Many

ဘယ်တော့မှ ဒိတ်အောက်မသွားမယ့် ဖက်ရှင်တွေထဲမှာ Denim ဂျက်ကတ်တွေက ထိပ်ဆုံးကပါပါတယ်။ Denim ဂျက်ကတ်တွေကို အပေါ်ထပ် ဖက်ရှင်အနေနဲ့ စတိုင်ကျကျ ဝတ်နိုင်ပါတယ်။ တော်ရုံတန်ရုံ အအေးဓာတ်လောက်ကတော့ မမှုပဲ ဝတ်နိုင်သလို နှစ်တွေအကြာကြီး ဝတ်ဆင်လို့ရတဲ့ အကြမ်းခံတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ Denim ဂျက်ကတ်ကို ကာလာစုံ ဘောင်းဘီတွေနဲ့ တွဲဖက်ဝတ်နိုင်ပြီး ဗြောင် Chinos ဒါမှမဟုတ် Dress Pants တွေနဲ့ပါ အထာကျကျ ဝတ်လို့အဆင်ပြေပါတယ်။

(၂) Puffer ဂျက်ကတ်

Puffer Jacket

Photo : Man of Many

အသည်းခိုက်အောင် အေးတဲ့အချိန်တွေ ၊ ရာသီဥတုသိပ်အေးတဲ့ နေရာဒေသတွေကို ခရီးသွားမယ်ဆိုရင် Puffer ဂျက်ကတ်တစ်ထည်တော့ မပါမဖြစ်ထည့်သွားဖို့ လိုပါတယ်။ Puffer ဂျက်ကတ်တွေက ရေစိုခံ လေတိုးခံပြီး အနွေးဓာတ် လုံလုံလောက်လောက် ပေးနိုင်တဲ့အတွက် အရမ်းအေးတဲ့ အချိန်တွေမှာ ရှိုးထုတ်ဖို့ အသင့်တော်ဆုံးပါ။ Puffer ဂျက်ကတ်တွေကို စတိုင်ကျကျ ဝတ်ချင်တယ်ဆိုရင် အနက်ရောင် ဘောင်းဘီတွေ ၊ ဟဲဗီးဝိတ် ဂျင်းဘောင်းဘီတွေ ဒါမှမဟုတ် Cargo ဘောင်းဘီတွေကို Boots တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၃) Leather ဂျက်ကတ်

Leather Jacket

Photo : Man of Many

အထာကျကျနဲ့ ဂေါ်တဲ့ ဖက်ရှင်အတွက်ဆိုရင် Leather ဂျက်ကတ်တွေက ဆရာပါပဲ။ Leather ဂျက်ကတ်တွေကို Biker ဂျက်ကတ်လို့လည်း လူသိများပါတယ်။ တက်ကြွဆန်းသစ် Vibe မျိုးနဲ့ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဖက်ရှင်တစ်ခုဖြစ်သလို လူငယ်ဆန်ဆန် ဂေါ်လီကျကျ ရှိုးထုတ်လို့ကောင်းတဲ့ ဂျက်ကတ်ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ Leather ဂျက်ကတ်တွေကိုတော့ အနက်ရောင် ဘောင်းဘီတွေနဲ့သာ အထာကျကျ တွဲဝတ်ပါ။

(၄) Coach ဂျက်ကတ်

Coach Jacket

Photo : Man of Many

Coach ဂျက်ကတ်တွေကတော့ လက်ရှိလူငယ်တွေကြားမှာ ရေပန်းစားနေပြီး ပေါ့ပေါ့ပါးပါးနဲ့ စတိုင်အကျဆုံး ဝတ်နိုင်မယ့် ဂျက်ကတ်ဖက်ရှင် တစ်ခုပါပဲ။ ထသွားထလာ ဖက်ရှင်တစ်ခုအနေနဲ့သာမက ညနေခင်း Bar ထိုင် ၊ Night Out ချိန်တွေမှာလည်း Coach ဂျက်ကတ်တွေကို ဝတ်ဆင်နိုင်ပါတယ်။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး စတိုင်ကျဖို့အတွက် Coach ဂျက်ကတ်တွေကို Jeans ဘောင်းဘီ Sneakers အဖြူတွေနဲ့ တွဲဝတ်နိုင်ပါတယ်။

Source : Man of Many

Featured Photo : Highsnobiety