သင်သည် ဂျင်းအပြဲ ဖက်ရှင် စတိုင်လ် ကို နှစ်သက်တဲ့ ဖက်ရှင်ချစ်သူကွီး တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

ဂျင်းအပြဲ ဖက်ရှင် စတိုင်လ် များသည် အမျိုးသမီးများသာမက အမျိုးသားများပါ စွဲစွဲလမ်းလမ်း ဝတ်ဆင်ကြတဲ့ ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပြီး အမျိုးသားထုကြီးကို ပိုမိုဆွဲဆောင်မှုရှိပြီး Sexy ကျအောင် ကူညီပေးနိုင်ပါတယ်။

ဂျင်းအပြဲ ဖက်ရှင် စတိုင်လ် များ အမျိုးမျိုးရှိတဲ့အနက် ကွီး တို့နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်စတိုင်လ် များကတော့ …

ဒူးနှစ်ဖက်ဖြဲထားတဲ့ ဂျင်းအပြဲ ဖက်ရှင်

ripped jeans for kwee

အပြာရောင် ဂျင်းဘောင်းဘီကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ ဘောင်းဘီဖြစ်ပြီး လူအများ အဝတ်များတဲ့အရောင်တစ်ခုဖြစ်ပါတယ်။

မပြဲတပြဲဂျင်းဘောင်းဘီ

ripped jeans for kwee

ဒီဂျင်းဘောင်းဘီကလည်း ကွီးတို့ကို တစ်မျိုးတစ်ဖုံနဲ့ ဖက်ရှင်ကျကာ ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။ လူငယ်တွေ အရွေးများလေ့ရှိတဲ့ စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။

ပြဲလုနီးနီးဖက်ရှင်

ripped jeans for kwee

ဂျင်းအပြဲ ဝတ်ရမှာ သိပ်မကြိုက်ဘူးဆိုရင်တော့ ဒီလိုဂျင်းဘောင်းဘီမျိုးကို ရွေးချယ်နိုင်ပါတယ်။

တစ်ဖက်တည်း ဖြဲထားတဲ့ ဖက်ရှင်

ripped jeans for kwee

ဒီဘာင်းဘီကတော့ ဂျင်းဘောင်းဘီအကြပ်ကိုမှ တစ်ဖက်တည်း ဖြဲထားတဲ့ ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

ဒူးနားမှာ အနည်းငယ်ဖြဲထားတဲ့ အနက်ရောင် ဂျင်းဘောင်းဘီ

ဂျင်းအပြဲ စတိုင်လ်

အနက်ရောင် ကြိုက်နှစ်သက်သူများကတော့ ဟော့ဒီ အနက်ရောင်ဂျင်းဘောင်းဘီမျိုးကို ရွေးချယ်လိုက်ပါ။ အနက်ရောင်က အင်္ကျီအရောင် မရွေးတဲ့အတွက်ကြောင့် အချိန်အကြာကြီးခေါင်းအစားခံကာ စဉ်းစားစရာမလိုပါဘူး။

မီးခိုးရောင် ဂျင်းဘောင်းဘီအပြဲ

ဂျင်းအပြဲ စတိုင်လ်

မီးခိုးရောင် ဂျင်းဘောင်းဘီအပြဲကိုမှ ဘေးအနားသားက နက်ရောင်လိုင်းတစ်လိုင်း ထည့်ထားတဲ့ ဘောင်းဘီဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။

အနက်ရောင်နှင့် မီးခိုးရောင်အရောအနှောဖက်ရှင်

ဂျင်းအပြဲ စတိုင်လ်

ဒီဖက်ရှင်ကတော့ Vintage ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ခေတ်ဟောင်းဖက်ရှင်မျိုးကို ဖန်တီးချင်တဲ့ ကွီးတို့ ရွေးချယ်သင့်တဲ့ ဖက်ရှင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။

ပြောက်ကျားဂျင်းစတိုင်လ်

ဂျင်းအပြဲ စတိုင်လ်

ဒီဖက်ရှင်ကတော့ ဂျင်းအပြဲနေရာမှကို ပြန်ဖာထားတဲ့ စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။ နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုဆိုလည်း မမှားပါဘူး။

အခုဖော်ပြသွားတဲ့ ဂျင်းအပြဲဖက်ရှင်တွေထဲက ဘယ်စတိုင်လ်ကို ကွီးတို့ အနှစ်သက်ဆုံးပါလဲ။

Source: Denimology

Featured Image: The Sun