ဂျပန်နိုင်ငံ ဟာ အီလက်ထရွန်းနစ်နဲ့ ကားနည်းပညာပိုင်းတင် ရှေ့ရောက်တာ မဟုတ်ပါဘူး။ ယမကာနဲ့ စားသောက်ဖွယ်ရာတွေမှာလည်း ကမ္ဘာ့ထိပ်တန်း အရည်အသွေးမီတဲ့ Brands တွေ ထွက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ရဲ့ နာမည်ကြီး ယမကာတွေထဲမှာ ဂျပန် ဘီယာ တွေလည်း အပါအဝင်ပါပဲ။ ဂျပန်ဘီယာတွေကို ပင်မ ထုတ်လုပ်သူ ၄ မျိုးပေါ် လိုက်ပြီး ဘီယာအုပ်စုကို ၄ မျိုး ခွဲခြားနိုင်ပါတယ်။ အဲ့ဒါတွေကတော့ Asahi ၊ Kirin ၊ Sapporo နဲ့ Suntory တို့ပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ABV ဟာ ပျမ်းမျှ ၅.၀% ဝန်းကျင် ရှိတဲ့ အပျော့စား Light Lagers တွေ များပါတယ်။

Japanese Beer

Photo : manofmany

ဂျပန်နိုင်ငံ ဘီယာဈေးကွက်ထဲ ပထမဆုံး ဘီယာ ချက်လုပ်မှုကို ၁၈၆၉ ခုနှစ်မှာ နိုင်ငံခြားသား စီးပွားရေးသမားတစ်ဦးက Yokohoma မြို့မှာ တည်ထောင်ခဲ့တာပါ။ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် Kirin တံဆိပ် ဘီယာတွေ ၁၈၈၈ ခုနှစ်မှာ စတင် ထုတ်လုပ်ပါတယ်။ နောက်တော့ အစိုးရပိုင် ဘီယာချက်စက်ရုံတစ်ခု Sapporo မှာ တည်ထောင်ပြီး ၁၈၇၆ မှာ Sapporo Beer တံဆိပ်တွေနဲ့ ထုတ်လုပ်ရာကနေ နာမည်ကျော် ဘီယာ Brands တွေအဖြစ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်မားကတ်တင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ CCC Marketing က ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆို ၂၀၂၁ ခုနှစ်မှာ အသက် ၂၀ ကနေ ၆၉ နှစ်အကြား ဂျပန်လူမျိုးပေါင်း သန်း ၇၀ ဟာ ဘီယာကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာမှာပဲ ဂျပန်မှာ သောက်သုံးမှု များတဲ့ နာမည်ကြီး ဘီယာအမှတ်တံဆိပ် ၃၀ အကြောင်း ဖော်ပြထားပါတယ်။

Beer

Photo : gowithguide

ဒီစာရင်းမှာ ပုံမှန် ဘီယာတွေ ၊ ဂျုံ ဘာလီ စတဲ့ အစေ့အဆံတွေကို ရေစိမ် အညှောင့်ဖောက်ပြီး အခြောက်ခံတဲ့ Low-Malt နည်းနဲ့ ချက်ထားတဲ့ Happoshu လို ဘီယာတွေနဲ့ Malt လုံးဝ မပါတဲ့ Shinjanru ဘီယာတွေလည်း ပါဝင်ပါတယ်။ ဂျပန်ရဲ့ သောက်သုံးမှုအများဆုံး ဘီယာ ၃၀ မျိုး စာရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) Super Dry, Asahi Beer
(၂) Kinmugi, Suntory
(၃) Style Free, Asahi Beer
(၄) Nodogoshi, Kirin Beer
(၅) Hon Kirin, Kirin Beer
(၆) Clear Asahi, Asahi Beer
(၇) Ichiban Shibori, Kirin Beer
(၈) Tanrei Green Label, Kirin Beer
(၉) Black Label, Sapporo
(၁၀) Tanrei Platinum Double, Kirin Beer
(၁၁) Premium Malts, Suntory
(၁၂) The Rich, Asahi Beer
(၁၃) Tanrei Gokujo, Kirin Beer
(၁၄) Ichiban Shibori Zero Sugar, Kirin Beer
(၁၅) Yebisu, Sapporo
(၁၆) Kinmugi 75% Less Sugar, Suntory
(၁၇) Lager, Kirin Beer
(၁၈) Gold Star, Sapporo
(၁၉) Kinmugi The Lager, Suntory
(၂၀) Spring Valley Hojun 496, Kirin Beer
(၂၁) Asahi Nama Beer, Asahi Beer
(၂၂) Perfect Suntory Beer, Suntory
(၂၃) Nodogoshi Zero, Kirin Beer
(၂၄) Mugi to Hoppu, Sapporo
(၂၅) Off, Asahi Beer
(၂၆) Lager, Sapporo
(၂၇) Orion Draft, Asahi Beer
(၂၈) Clear Asahi Zeitaku Zero, Asahi Beer
(၂၉) Akiaji, Kirin Beer
(၃၀) Budweiser, Anheuser-Busch

ဂျပန်ဘီယာလောကမှာ Asahi Beer ရဲ့ Super Dry က နံပါတ် ၁ ဖြစ်ပြီး သူ့နောက်မှာ Suntory ထုတ် Kinmugi နဲ့ Asahi ရဲ့ Style Free တို့က အစဉ်အတိုင်း ရပ်နေတာ တွေ့ရမှာပါ။ ဂျပန်ဘီယာတွေထဲမှာ Asahi Brand ဟာ နံပါတ် ၁ ဖြစ်စေမယ့် လူကြိုက်အများဆုံး ဂျပန် ဘီယာ ၃၀ စာရင်းမှာ စုစုပေါင်း ၈ ကြိမ်ပဲ ပါဝင်ပြီး Kirin Beer က ၁၁ ကြိမ်အထိ ပါဝင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ အချက်အလက်တစ်ခုကတော့ Low-Malt နဲ့ No-Malt ဘီယာတွေကလည်း ပုံမှန် ဘီယာတွေလိုပဲ လူကြိုက်များတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Featured Photo : swedishnomad