ကွီးတို့အနေနဲ့ ဂျပန် နိုင်ငံသို့ အလည်သွားဖို့ စီစဥ်နေပါသလား။ ဂျပန် နိုင်ငံသည် အင်မတန်မှ စည်းကမ်းကို ဦးထိပ်ထားတဲ့ နိုင်ငံ၊ လူ့ကျင့်ဝတ်ကို အသားပေးတဲ့ နိုင်ငံ ဖြစ်တဲ့ အားလျော်စွာ ကွီးတို့ ရှောင် ကြဥ်ရမယ့် အရာတွေကလည်း တစ်ခု နှစ်ခုတည်း မကပါဘူး။

သူတို့ နိုင်ငံရဲ့ ယဥ်ကျေးမှုကို သိထားမှသာလျှင် သူတို့ နိုင်ငံသို့ အလည်သွားတဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အတွေ့အကြုံကို ခံစားရမှာပဲ ဖြစ်ပါတယ်။

တူနဲ့ ထမင်းစားတဲ့အခါ

eating

တူ ဆိုရင် နှစ်ချောင်း တစ်စုံလိုက် အသုံးပြုကာ အစားအစာများကို စားသုံးရမှာပဲဖြစ်ပါတယ်။ တူတစ်ချောင်းတည်းကို အသုံးပြုကာ အစား စားခြင်း၊ တူများကို ပန်းကန်ထဲသို့ ဒေါင်လိုက် စိုက်ထားခြင်းမျိုးကို မပြုလုပ်ရပါဘူး။

အများပြည်သူ စီးနင်းတဲ့ ရထားပေါ်မှာ လိုက်နာစီးနင်းမယ်ဆိုရင်

public train

အများပြည်သူ လိုက်ပါ စီးနင်းတဲ့ ရထားပေါ်မှာလည်း လေသံ ကျယ်ကျယ် စကားပြောခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ရထားပေါ်မှာ အသံကျယ်ကျယ်နဲ့ ဖုန်းပြောတာမျိုးကိုလည်း မပြုလုပ်သင့်ပါဘူး။ အချို့သူတွေက နားကြပ်နဲ့ သီချင်း နားထောင်တယ်ဆိုရင်တော့ ထိုနားကြပ်ကနေ အသံကျယ်ကျယ်လောင်လောင် ထွက်လာတာမျိုးတွေလည်း မရှိပါဘူး။

နှပ်ညှစ်တဲ့အခါ

ဂျပန် ရှောင်

အများပြည်သူ သွားလာနေတဲ့အရှေ့မှာ နှပ် ညှစ်ခြင်းကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ထိုအပြုအမူကို ဂျပန်လူမျိုးတွေက ရိုင်းတယ်လို့ ပြုမူကြတဲ့အတွက်ကြောင့် နှာခေါင်း ရှုံ့ချင်ကြပါတယ်။

လမ်းလျှောက်ရင်း အစား မစားပါနဲ့

ဂျပန် ရှောင်

အလုပ်များတဲ့ နေ့တွေ၊ မနက် အိပ်ရာထ နောက်ကျလို့ မနက်စာ မမှီတော့ဘဲ လမ်းမှာ အပြေးအလွှား စားနေရတာမျိုးတွေကို တချို့ နိုင်ငံတွေကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ ဘယ်လောက်ပဲ အလုပ်များများ အဲ့ဒီလိုမျိုး မလုပ်ကြပါဘူး။ ထမင်းစားဖို့အတွက်ကို အချိန်သပ်သပ် ပေးကြပါတယ်။ သူတို့လောက် အလုပ် လုပ်နိုင်တာလည်း သူတို့ပါပဲ။ ဒါတောင်မှ အလုပ်များတဲ့ကြားထဲကနေ လမ်းသွားရင်း အစား မစားကြပါဘူး။

အိမ်ထဲမှာ ဖိနပ် မစီးပါနဲ့

ဂျပန် ရှောင်

ဒီအချက်ကတော့ ကျွန်တော်တို့ နိုင်ငံနဲ့ အတူတူပါပဲ။ အာရှနိုင်ငံတွေ တော်တော်များများက အိမ်တွင်းထဲမှာ ဖိနပ် စီးတာမျိုးတွေကို မပြုလုပ်ကြပါဘူး။ ဂျပန်နိုင်ငံလည်း ထိုနည်းအတိုင်းပါပဲ။ တကယ်လို့ ကွီးတို့က အိမ်ထဲမှာ ဖိနပ် စီးချင်တယ်ဆိုရင်တောင်မှ အိမ်တွင်းစီး ဖိနပ်တွေကိုသာ စီးဖို့လိုအပ်ပါတယ်။

ကွီးတို့ရော ဂျပန် နိုင်ငံ သို့ အလည် သွားမယ်ဆိုရင် ဘယ်လို အရာတွေကို ရှောင် ကြဥ်သင့်တယ်လို့ ထင်ပါသလဲ။

Source: itsadrama.com

Featured Image: Travelandleisure.com