ကမ္ဘာပေါ်မှာ ဝီစကီ Whiskey အမျိုးအစား အမျိုးမျိုးရှိကြတဲ့အနက် ဂျပန် ဝီစကီ Whiskey များသည်လည်း ယမကာချစ်သူကွီးများအကြား ရေပန်းစားနေတဲ့ ဝီစကီ Whiskey တစ်မျိုးဖြစ်ပါတယ်။

ဂျပန်လူမျိုးများသည် သူတို့ထုတ်လုပ်တဲ့ ကားများ၊ ကွန်ပျူတာများ၊ မီးဖိုချောင်သုံးပစ္စည်းများကိုသာ အနုစိတ်ဆန်ကြတာမဟုတ်ပါဘူး။ ဝီစကီ Whiskey နှင့်ပတ်သက်လာလျှင်လည်း အနုစိတ်ဆန်ကြတဲ့အတွက်ကြောင့် ဂျပန် ဝီစကီ Whiskey များသည်လည်း အကောင်းစားဝီစကီ Whiskey တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဝီစကီ Whiskey ဖျော်ချက်တဲ့နေရာမှာလည်း ရိုးရာဝီစကီ Whiskey ချက်နည်းကို အသုံးပြုတဲ့အတွက်ကြောင့် နိုင်ငံတကာဈေးကွက်ထဲမှာလည်း နာမည်ကြီးကျော်ကြားနေရခြင်း ဖြစ်ပါတယ်။

ဝီစကီ Whiskey ချစ်သူကွီးတို့လည်း ဂျပန် ဝီစကီ Whiskey များအကြောင်း စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ဂျပန် ဝီစကီ Whiskey များကို ဘယ်လိုမျိုး ဖျော်စပ်ထားသလဲ

japanese whiskey

Photo: Winemag

ဂျပန်ဝီစကီ Whiskey များသည် စကော့ချ်ဝီစကီ Whiskey ဖျော်နည်းကို စံနမူနာယူထားတာဖြစ်ပါတယ်။ ပြီးတော့ Double Distilling နည်းလမ်းကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရ့အရသာသည် အခြားသောဝီစကီ Whiskey များထက် ပိုမိုစူးရှပြီး သောက်လို့ပိုကောင်းနေရခြင်းဖြစ်ပါတယ်။

ဘယ်လိုပါဝင်ပစ္စည်းများကို အသုံးပြုထားသလဲ

japanese whiskey

Photo: Restaurants

များသောအားဖြင့် စကော့တလန်နိုင်ငံက တင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားတာဖြစ်ပါတယ်။ တစ်ခုတည်းသော ထူးခြားချက်ကတော့ Mizunara ဆိုတဲ့ အပင်တစ်မျိုးကိုပါ ထပ်မံပေါင်းစပ်ကာ ချက်လုပ်ထားတာဖြစ်ပါတယ်။ ထိုအပင်သည် ဂျပန်နိုင်ငံတွင်သာ တွေ့ရတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုထားတဲ့ ရေအရင်းအမြစ်သည်လည်း တိုကျိုမြို့အနီးရှိ တောင်ကျရေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလိုမျိုး အသေးစိတ်ကအစ ဂရုစိုက်ထားတဲ့အတွက်တော့ ဂျပန်ဝီစကီ Whiskey သည် အရသာထူးကဲကောင်းမွန်နေရခြင်းဖြစ်ပါတယ်။

ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ထုတ်လုပ်ထားသလဲ

ဂျပန် ဝီစကီ

Photo: Thespruceeats

စကော့ချ်ဝီစကီ Whiskey နဲ့ ဂျပန်ဝီစကီ Whiskey နှစ်မျိုးမှာ ဘယ်ဝီစကီ Whiskey က ပိုကောင်းသလဲဆိုတဲ့ စမ်းသပ်ချက်ကို မျက်စိအုပ်ထားစေပြီး Blind Taste အဖြစ် အရသာခံစေပါတယ်။ ကွာလတီပိုင်းနှင့် ပတ်သက်လာရင်တော့ နှစ်ခုစလုံးသည် အတူတူနီးပါးသွားကျပါတယ်။ ခြားနားသွားတဲ့အရာတစ်ခုကတော့ စကော့ချ်ဝီစကီ Whiskey သည် ရာစုနှစ်ပေါင်းများစွာ ကြာရှည်နေတဲ့အလျောက် သူ့ရဲ့အရသာသည် မူလလက်ဟောင်းအရသာကို ထိန်းသိမ်းထားတာဖြစ်ပြီး ဂျပန်ဝီစကီ Whiskey ထဲမှာတော့ သစ်လွင်တဲ့ခံစားချက်ကို ပေးစွမ်းတာဖြစ်တယ်လို့ သိရပါတယ်။

ဈေးကွက်ထဲမှာ တစ်စထက်တစ်စ လူကြိုက်များလာ

ဂျပန် ဝီစကီ

Photo: Netluxury

ဂျပန်ဝီစကီ Whiskey များသည် အနောက်နိုင်ငံများဆီသို့ တစ်စထက်တစ်စ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါပြီ။ ၂၀၁၂ ခုနှစ်တုန်းကဆိုလျှင် ၂၅ နှစ်သက်တမ်းရှိ Yamazaki ဝီစကီ Whiskey သည် နိုင်ငံတကာဝီစကီ Whiskey ပြိုင်ပွဲတွင် World’s Best Single Malt အဖြစ် ဆုတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။ ၁၇ နှစ်သက်တမ်းရှိ Taketsuru ဝီစကီ Whiskey ကတော့ World’s Best Blended Malt အဖြစ် ဆုတံဆိပ်ရရှိခဲ့တာဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့အချက်

ဂျပန် ဝီစကီ

Photo: Cntraveler

ဂျပန်ဝီစကီ Whiskey များသည် ဈေးကွက်ထဲမှာ ဘယ်လောက်ပဲ နေရာယူလာနေပါစေ သူတို့ရဲ့ထုတ်ကုန်များသည် များများစားစား မဝယ်ယူနိုင်ဘဲ အကန့်အသတ်နဲ့သာ ဝယ်ယူနိုင်တာဖြစ်ပါတယ်။ အရည်အသွေးကို အဓိကထား ချက်လုပ်ထားတဲ့ဝီစကီ Whiskey ဖြစ်တဲ့အားလျော်စွာ ထုတ်ကုန်များကို သေသေချာချာအနုစိတ်ကာ ချက်လုပ်ထားတဲ့အတွက်ကြောင့် အခုလိုဖြစ်နေရခြင်းဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဂျပန်ဝီစကီ Whiskey အကောင်းစားလေးကို ဝယ်ယူသောက်သုံးချင်တယ်ဆိုရင်တော့ ဒေါ်လာ ၆၀ နှင့် ၇၀ ကြား သုံးစွဲကာ ဝယ်ယူရမှာပဲဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Insidehook