တက်ကြွဖျက်လက်တဲ့ လူငယ်ပိုင်း အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ ကျဆင်းတဲ့ ပြဿနာ မကြုံရနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီဘက်ခေတ် အမျိုးသားတွေမှာ ငယ်ငယ်ရွယ်ရွယ် နဲ့ လိင်စိတ်ကျဆင်းမှု ပြဿနာတွေ ပိုလို့တောင် အဖြစ်များလာတာ တွေ့ရပါတယ်။ ဒါက ဘယ်လိုအကြောင်းအရင်းတွေကြောင့်လို့ ထင်ပါသလဲ ? ဒီဆောင်းပါးမှာ ကွီးတို့ အဖြေရှာ ကြည့်လိုက်ရအောင်ပါ။

(၁) အိပ်စက်ချိန်

Men's Sleep Disorders
Photo : HercLéon

အိပ်ရေးပျက်များတဲ့အခါ စိတ်ဖိစီးမှု ဟော်မုန်း Cortisol ပမာဏကို မြှင့်တက်လာစေပါတယ်။ ဒါက လိင်စိတ်ဆန္ဒတက်ကြွမှုကို လျော့နည်းစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အိပ်စက်မှုဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် များစွာသက်ရောက်မှု ရှိတာကြောင့် တစ်ရက်ကို အိပ်ချိန် ၇ နာရီ ကနေ ၈ နာရီကြား ပြည့်ပြည့်ဝဝအိပ်စက် အနားယူဖို့ လိုပါတယ်။

(၂) ဟော်မုန်း ပြဿနာ


Photo : Healthline

တက်စတိုစတီရုန်းဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ ခန္ဓာကိုယ် ကြွက်သားတည်ဆောက်မှုအတွက် မရှိမဖြစ်တဲ့ ဟော်မုန်းတစ်ခုပါပဲ။ တက်စတိုစတီရုန်းကျရင် လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုလည်း ကျဆင်းနိုင်ပါတယ်။ ဓာတု ကုထုံး ၊ ဝှေးစေ့ ကင်ဆာ ၊ ဝှေးစေ့ ထိခိုက်မိတာ ၊ ဦးနှောက်အတွင်းရှိ ဂလင်းတွေမှာ ပြဿနာရှိတာ ၊ သိုင်းရွိုက် ကျန်းမာရေးနဲ့ အဝလွန်ခြင်း စတဲ့ အခြေအနေတွေဟာ တက်စတိုစတီရုန်း ကျဆင်းမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

(၃) လိင်မှုဆိုင်ရာ အတွေ့အကြုံ

Close up couple lying in bed under blanket at home

Photo : TheBody

ချစ်တင်းနှော ချိန်တိုင်းမှာ ကောင်းတဲ့ အတွေ့အကြုံရော ဆိုးတဲ့ အတွေ့အကြုံတွေပါ ကြုံရနိုင်တာ သဘာဝပါပဲ။ ဒါပေမယ့် အချို့မကောင်းတဲ့ Sexual Experiences ကြုံထားရဖူးတဲ့ လူတွေမှာ လိင်စိတ်တက်ကြွမှု ကျဆင်းတဲ့ပြဿနာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဓိက အားဖြင့်တော့ ကိုယ့်ရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အားမလို အားမရ ဖြစ်တာ ၊ မိမိကိုယ်ကိုယ် လေးစားမှု နည်းပါးတာ ၊ လိင်ကိစ္စနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတာတွေဟာ လိင်စိတ်ဆန္ဒ လျော့ကျမှုကို ဖြစ်ပေါ်စေတဲ့ အချက်တွေပါပဲ။

(၄) မှီဝဲရတဲ့ ဆေးဝါး

medicine
Photo : HU Hub – Johns Hopkins University

ရောဂါတစ်ခုခုအတွက် ရေရှည် စွဲသောက်တဲ့ ဆေးဝါးတွေဟာ လိင်စိတ်ဆန္ဒလျော့နည်းမှုကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းဆေး ၊ အစာအိမ်ဆေး ၊ စိတ်ကျရောဂါကုဆေးတွေ ၊ စတီးရွိုက်ဆေးနဲ့ ကင်ဆာဆေး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးတွေဟာ လိင်မှုဘဝအပေါ် ဆိုးကျိုးသက်ရောက်စေသလို လိင်တံ ကမောက်ကမဖြစ်မှု ပြဿနာနဲ့ လိင်စိတ်တက်ကြွမှုကို နည်းပါးစေပါတယ်။

Source : Healthy Male

Featured Photo : Everest Mens Health