ဆံပင်ပုံစံဟာ လူတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်ကို အများကြီး ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။ တည်တည်ကြည်ကြည်နဲ့ လူကြီး လူကောင်းဆန်ချင်လား ဒါမှမဟုတ် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်မှုရှိတဲ့ သူတစ်ယောက် ဖြစ်ချင်လား စသည်ဖြင့် ကွီးတို့ရဲ့ ပုံပန်းအသွင်အပြင်ကို ဆံပင်စတိုင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရှိရင်းစွဲအသက်ထက် ပိုပြီး ငယ်ရွယ်တဲ့ ပုံပေါက်ချင်တယ် ၊ ဆွဲဆောင်မှုရှိချင်တယ် ဆိုတဲ့ ကွီးတို့အတွက် ထားသင့်တဲ့ ဆံပင်ကေတွေကို ပြောပြပေးချင်ပါတယ်။

(၁) Hard Part ဆံပင်ကေ

Hard Part

Photo : The Trend Spotter

Hard Part ဆိုတာကတော့ Trimmer ဒါမှမဟုတ် Razor နဲ့ ခွဲကြောင်းရာထင်းထင်း ဖော်ထားတဲ့ ပုံစံမျိုးပါ။ သပ်သပ်ရပ်ရပ်နဲ့ သားသားနားနား ရှိစေတဲ့အပြင် ရိုးရှင်းပြီး ဆွဲဆောင်မှု အတော်လေးရှိတဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ ဆံပင်ဘေးဘက် အောက်နားတွေကို ရှိတ်ထိုးထားပြီး ကွီးတို့ရဲ့ မျက်နှာကျအလိုက် အပေါ်ဆံသား အတိုအရှည်ကို လိုသလို ထားနိုင်ပါတယ်။ ဆံပင်ပုံ ကျကျနနနဲ့ သပ်ရပ်မှုရှိစေဖို့ အများကြီး ထွေ ထွေထူးထူး ပြုပြင်စရာမလိုပဲ ခွဲကြောင်းရာအလိုက် ပုံသွင်းလိုက်ရုံပါပဲ။ ဆွဲဆောင်မှုအပြည့်နဲ့ ငယ်ရွယ်တဲ့ အသွင်အပြင်ကို အပြည့်အဝ ဖော်ဆောင်ပေးမယ့် ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

(၂) Taper Fade ဆံပင်ကေ

Taper Fade

Photo : The Trend Spotter

Taper Fade ဆံပင်ကေက ဦးခေါင်းထိပ်ပိုင်းကနေ အနောက်ကို တဖြည်းဖြည်းချင်း တိုသွားတဲ့ ပုံစံလို့ အလွယ်ပြောရပါမယ်။ အတိုအနေအထားကိုတော့ ကွီးတို့စိတ်ကြိုက် ချိန်ဆညှပ်နိုင်ပါတယ်။ ဘေးဘက်နဲ့ နောက်ဘက်က ခပ်ပြောင်ပြောင် ရှိတ်ထိုးထားတဲ့ ပုံစံဖြစ်ပါတယ်။ ရှင်းသန့်ပြီး မျက်နှာကို ပိုထင်းသွားစေမှာဖြစ်သလို နုပျိုပြီး ငယ်ရွယ်တဲ့ Look ကိုလည်း ဖော်ဆောင်ပေးမယ့် အကောင်းဆုံး ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

(၃) Two Block ဆံပင်ကေ

Two Block

Photo : The Trend Spotter

Two Block ဆံပင်ကေကတော့ လက်တလော ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားနေတဲ့ ဆံပင်စတိုင်တစ်ခုပါ။ အဓိကအားဖြင့် ကိုရီးယားက လူငယ်အမျိုးသားတွေကြားမှာ အညှပ်များပါတယ်။ ဆံပင်ခပ်ရှည်ရှည် ထားချင်သူတွေအတွက်လည်း အထူးသင့်တော်ပြီး ဆံသားထိပ်ပိုင်းကိုအလယ်ခွဲပုံစံ ပုံသွင်းပေးရမှာပါ။ ဘေးနောက်ကိုတော့ ကျကျနန သပ်သပ်ရပ်ရပ် ပုံသွင်းညှပ်ပေးထား ရပါမယ်။ ဖက်ရှင်ကျပြီး လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းစေဖို့ အရောင်ခပ်ပါးပါး ထပ်ဖြည့်ဆိုးနိုင်ပါတယ်။

(၄) Edgar ဆံပင်ကေ

Edgar

Photo : The Trend Spotter

Classic Caesar ဆံပင်ကေကိုမှ ပိုပြီး Modern ဆန်ဆန်နဲ့ လူငယ်ဆန်တဲ့ အထာမျိုး ပေးစွမ်းပါတယ်။ ဦးခေါင်းပတ်ပတ်လည်က ဆံပင်အတိုအရှည်က တူညီနေရမှာဖြစ်ပြီး တိုတိုနဲ့အများကြီး ဆံသားထိန်းသိမ်းမှု မလုပ်ချင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ မျက်နှာနည်းနည်း ရှည်သူတွေ ၊ ထောင့်ကျကျ မျက်နှာကျရှိသူတွေနဲ့ ဘဲဥပုံမျက်နှာကျ ပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် အထာကျကျနဲ့ ငယ်ရွယ်တဲ့ ပုံပေါက်စေမှာ ဖြစ်ပါတယ်။

(၅) Faux Hawk ဆံပင်ကေ

Photo : The Trend Spotter

Faux Hawk ဆံပင်ကတော့ Mohawk ဆံပင်ပုံစံကိုမှ ပိုပြီးသပ်သပ်ရပ်ရပ်နဲ့ အထာကျစေမယ့် မတူညီတဲ့ ဗားရှင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘေးနဲ့နောက်ဘက်ဆံပင်က ခပ်တိုတို ခပ်ပါးပါး ၊ ထိပ်ပိုင်းဆံပင်ကတော့ အနည်းငယ်ပိုရှည်တဲ့ ပုံစံပါ။ လူငယ်ဆန်ပြီး ငယ်ရွယ်တဲ့ ပုံပေါက်စေသလို ရှင်းရှင်းသန့်သန့်နဲ့ မျက်နှာကျကို ပိုလင်းပိုထင်းစေမယ့် ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

Featured Photo : The Trend Spotter